Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်သည့် ကိစ္စနှင့် ပတ်သက်၍ ငွေကြေးရယူ ကောက်ခံသည့် မည်သည့်ဝန်ဆောင်မှုမျိုးကိုမှ ဆောင်ရွက်နေခြင်းမရှိ

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်သည့် ကိစ္စနှင့် ပတ်သက်၍ ငွေကြေးရယူ ကောက်ခံသည့် မည်သည့်ဝန်ဆောင်မှုမျိုးကိုမှ ဆောင်ရွက်နေခြင်းမရှိ

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ခုနှစ် အောင်စာရင်းထုတ်ပြန်သည့် ကိစ္စနှင့် ပတ်သက်၍ ငွေကြေးရယူ ကောက်ခံသည့် မည်သည့်ဝန်ဆောင်မှုမျိုးကိုမှ ဆောင်ရွက်နေခြင်းမရှိပါ။

--၂၀၁၈ ရက်နေ့ နံနက် ()နာရီတွင် အောင်စာရင်းများအား Online မှတစ်ဆင့် အများပြည်သူ ကြည့်ရှုနိုင်စေရန်သာ ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာန အမည်ခံ Page အတုအယောင်များနှင့် ပညာရေးဝန်ကြီးဌာန၏ တရားဝင် Facebook Page တို့အား စိစစ် ခွဲခြားနိုင်စေရန် အသိပေးတင်ပြအပ်ပါသည်။
ပညာရေးဝန်ကြီးဌာနသည် အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်သည့် သတင်းအချက်အလက်များအား ပညာရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.moe.gov.mm ကိုအခြေပြု၍ ထုတ်ပြန်ပါသည်။

အဆိုပါ ထုတ်ပြန်သည့် သတင်းအချက်အလက်များအား အများပြည်သူထံ ပိုမိုရောက်ရှိစေရန်အတွက် ပညာရေးဝန်ကြီးဌာန၏ တရားဝင် Facebook Page မှတစ်ဆင့် ဝန်ကြီးဌာန Website မှ သတင်းအချက် လက်များကို မျှဝေခြင်း ဆောင်ရွက်ပါသည်။

ပညာရေးဝန်ကြီးဌာန၏ တရားဝင် Facebook Page အမည်မှာ Ministry of Education, Myanmar ဖစ်ပါသည်။

Like ပြုလုပ်ထားသူဦးရေမှာ ယခုအချိန်ထိ ငါးသိန်းနှစ်သောင်းကျော် (520K) ရှိပါသည်။ လိပ်စာမှာ www.facebook.com/moe.gov.mm ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန၏ Website တွင်လည်း ဝန်ကြီးဌာန၏ တရားဝင် Facebook Page သို့သာ ချိတ်ဆက်ထားပါသည်။
ပညာရေးဝန်ကြီးဌာန၏ တရားဝင် Facebook Page ဟုတ်/မဟုတ်အား အောက်ပါ အချက်များဖြင့် စိစစ်သိရှိနိုင်ပါသည် -
(
) ပညာရေးဝန်ကြီးဌာန၏ တရားဝင် Facebook Page မှာ Facebook အသိအမှတ်ပြု အပြာရောင် အမှန်ခြစ် (Blue Tick) ရရှိထားပြီးဖြစ်ပါသဖြင့် ပညာရေးဝန်ကြီးဌာန၏ တရားဝင် Page ဟုတ်/မဟုတ်အား အဆိုပါ အပြာရောင်အမှန်ခြစ် ပါ/မပါ ကိုကြည့်ရှုစစ်ဆေးနိုင်ပါသည်။ အပြာရောင် အမှန်ခြစ်ပါမှ ပညာရေးဝန်ကြီးဌာန၏ တရားဝင် Facebook Page အစစ်အမှန်ဖြစ်ပါသည်။
(
) Page အမည် Ministry of Education, Myanmar အောက်တွင် @moe.gov.mm ဟုတ်/မဟုတ် ကြည့်ရှုခြင်းဖြင့်လည်း စစ်ဆေးနိုင်ပါသည်။ @moe.gov.mm ဖြစ်မှသာ ပညာရေးဝန်ကြီးဌာန၏ တရားဝင် Facebook Page အစစ်အမှန်ဖြစ်ပါသည်။
#
အများပြည်သူ ပိုမိုသိရှိနိုင်စေရန်အတွက် ဆက်လက် ဖြန့်ဝေပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: Ministry of Education

News Read 1153 times