Sales Hotline : 09448001653       Download App



အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် မြန်မာကျောင်းသား ခြောက်ဦးဝင်ပြိုင်မည်

အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် မြန်မာကျောင်းသား ခြောက်ဦးဝင်ပြိုင်မည်

ရိုမေးနီးယားနိုင်ငံတွင် (၅၉) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၇ ရက်မှ ၁၄ ရက်အထိ ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံမှ ကျောင်း သား၊ ကျောင်းသူ ခြောက်ဦးပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဒသမ တန်းနှင့် န၀မတန်းကျောင်းသား၊ ကျောင်းသူ ခြောက်ဦးကို ရွေးချယ်ထားပြီး မြန်မာနိုင်ငံသင်္ချာအိုလံပစ်ကော်မတီက အနီးကပ်လေ့ကျင့်ပေးနေသည်။

‘‘မြန်မာနိုင်ငံက ၀င်ပြိုင်တာ ဒါသုံးကြိမ်မြောက်ဆိုတော့ အ တွေ့အကြုံကတော့ နည်းသေး တယ်။ ဒါပေမဲ့ မနှစ်က ကလေး တစ်ယောက်က Honorable Mention ဂုဏ်ပြုဆုတော့ ရလာခဲ့ တယ်။ ဒီနှစ်ကလေးတွေကိုလည်း အနီးကပ်လေ့ကျင့်မှုတွေ လုပ်ပေး နေပါတယ်’’ဟု ဒေါက်တာ စော မောင်က ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများမှ အဋ္ဌမတန်း၊ န၀မတန်း၊ ဒသမတန်း ကျောင်းသား၊ ကျောင်းသူများအနက် သင်္ချာပညာထူးချွန်သူများကို မြို့ နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့် သင်္ချာအိုလံပစ်ပြိုင်ပွဲများကျင်းပ ကာ စိစစ်ရွေးချယ်ခဲ့သည်။

ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအ နက် အပြည်ပြည်ဆိုင်ရာ သင်္ချာ အိုလံပစ်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခွင့်ရရှိရန် ဖြေဆိုချိန် လေးနာရီကြာမြင့်သော Team Selection Test ကို ထပ်မံစစ်ဆေး ကာ ဆုရရှိသူ ခြောက်ဦးအား နိုင်ငံ တကာသင်္ချာအိုလံပစ်ပြိုင်ပွဲသို့  သွားရောက်ယှဉ်ပြိုင်စေခြင်း ဖြစ် သည်။

သင်္ချာအိုလံပစ်ပြိုင်ပွဲသွား ရောက်ယှဉ်ပြိုင်ရန် ပညာရေးဝန် ကြီးဌာနနှင့် အလှူရှင်များက ငွေ ကြေးပံ့ပိုးပေးသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ တကာ သင်္ချာအိုလံပစ်ပြိုင်ပွဲကို လွန်ခဲ့သော ၁၆ နှစ်ခန့်အတွင်း ပါဝင်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ ၂၀၁၆ တွင် ပထမဆုံးပြန်လည်ယှဉ်ပြိုင်ရာ ပြိုင်ပွဲဝင် ၁၁၇ နိုင်ငံအနက် အဆင့် (၉၆) ရရှိခဲ့သည်။ ၂၀၁၇ တွင် ပြိုင်ပွဲဝင် ၁၁၁ နိုင်ငံအနက် အဆင့် ၉၉ ရရှိခဲ့ပြီး မြန်မာကျောင်း သားတစ်ဦး Honorable Mention ဂုဏ်ပြုဆုရရှိခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

News Read 2270 times