Sales Hotline : 09448001653       Download App



စစ်ကိုင်းမြို့ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား စက်ဘီးများ အခမဲ့ပေးမည်

စစ်ကိုင်းမြို့ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား စက်ဘီးများ အခမဲ့ပေးမည်

စစ်ကိုင်းမြို့ သောတပန်တိုက်နယ်၊ ထုံးဘိုတိုက်နယ်အတွင်း ပဉ္စမတန်းမှ န၀မတန်းအထိ လက်ရှိ ပညာသင်ကြားနေသော ကျောင်းသူ ကျောင်းသား ၃၀၀ အား ပထမအကြိမ်အဖြစ် မေ ၂၈ တွင် နံနက်ပိုင်းတွင် သောတပန်ရပ်ကွက်၌ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒက ကျောင်းသူ ကျောင်းသားများအား စက်ဘီးများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စက်ဘီးများကို အခမဲ့ ပေးအပ်ရာတွင် သတ်မှတ်ထားသော ရပ်ကွက်အုပ်စုအတွင်း နေထိုင်သူများ ဖြစ်ရမည် ဖြစ်သည့်အပြင် ပဉ္စမတန်းမှ န၀မတန်းအထိ လက်ရှိပညာ သင်ကြားနေသူ ဖြစ်ကြောင်းနှင့် မိသားစုတစ်စုလျှင် သတ်မှတ်ထားသော အတန်းအထိ သုံးဦးအထက်ပိုရှိပါက စက်ဘီးနှစ်စီး ပေးအပ်မည် ဖြစ်ကြောင်း၊ သုံးဦးအောက်ရှိပါက စက်ဘီးတစ်စီးသာ ပေးအပ်မည်ဖြစ်သည်။

စက်ဘီးများကို ပထမအကြိမ် အနေဖြင့် အစီးရေ ၃၀၀ ပေးအပ်မည်ဖြစ်ပြီး စက်ဘီးတစ်စီးလျှင် ငွေကျပ် ၃၅၀၀၀ တန်းဖိုးရှိကြောင်း သိရသည်။

ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ မွေးဖွားရာ ဇာတိဖြစ်သော စစ်ကိုင်းမြို့ သောတပန် ရပ်ကွင်တွင် ဓမ္မဒူတ ဆရာတော် ဦးစီးဆောင်ရွက်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Credit # April Maung Maung (ELEVEN)

News Read 1893 times