Sales Hotline : 09448001653       Download App



TTC ကျောင်းသို့ တက်မယ့် ကျောင်းသား/သူများ ရုပ်ပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ

TTC ကျောင်းသို့ တက်မယ့် ကျောင်းသား/သူများ ရုပ်ပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ

၁။ ကျောင်းသားများ လိုက်နာရမည့်အစီအစဉ်။

          (က) မူလတန်း

- ကျောင်းစိမ်းပြောင် စတိုင်ဘောင်းဘီရှည်နှင့် ရှပ်အကျီ င်္အဖြူလက်တို/ရှည်ကို ကျောင်းတံဆိပ်ကို ပြည့်စုံစွာ တပ်ဆင်၍ ၀တ်ဆင်ရမည်။

- ဆံပင်ကို နားရွက်အောက်ထိ အရှည်ထားခြင်း၊ ဆံပင်ဆေးဆိုးခြင်းကို လုံးဝခွင့်မပြုပါ။ ခြေညှပ်ဖိနပ်အပါးကိုသာ စီးခွင့်ပြုသည်။

          (ခ) အလယ်တန်းနှင့်အထက်တန်း

- ကျောင်းစိမ်းပုဆိုးပြောင် (အမြိတ်မပါ) နှင့် ရုပ်အကျီ င်္အဖြူရောင်စစ် လက်တို/ရှည်ကို ကျောင်းတံဆိပ်ကို ပြည့်စုံစွာ တပ်၍ ၀တ်ဆင်ရမည်။

                        (မှတ်ချက် - ပုဆိုးချက်ပြုတ်ဝတ်ဆင်ခြင်း၊ စပို့ရှပ်ဝတ်ဆင်ခြင်းကို လုံးဝခွင့်မပြုပါ။)

                       - ဆံပင်ကို နားရွက်အောက်ထိ အရှည်ထားခြင်း၊ ဆံပင်ဆေးဆိုးခြင်းကို လုံးဝခွင့်မပြုပါ။

                       - ခြေညှပ်ဖိနပ်အပါးကိုသာ စီးခွင့်ပြုသည်။

၂။ ကျောင်းသူများ လိုက်နာရမည့် အစီအစဉ်။

        (က) မူလတန်း

- တီတီစီဂါဝန်အစိမ်းပြောင်နှင့် အကျီ င်္အဖြူပြောင် လက်တို/ရှည်ကို ကျောင်းတံဆိပ် ပြည့်စုံစွာ တပ်ဆင်၍ ၀တ်ဆင်ရမည်။

- ဆံပင်ရှည်လျှင် အ၀ါရောင်ဖဲကြိုးဖြင့် ခွဲစည်းထားရန်နှင့် ဆံပင်ကို ရှေ့သို့မချရ။ အရောင်မဆိုးရ။ ရွှေမ၀တ်ရပါ။

                       - ခြေညှပ်ဖိနပ်အဖြူရောင်ကိုသာ စီးခွင့်ပြုသည်။

          (ခ) အလယ်တန်းနှင့် အထက်တန်း

- ကျောင်းစိမ်းထမီပြောင် (အမြိတ်မပါ) နှင့် ရင်ဖုံးအကျီ င်္အဖြူပြောင် လက်တို/ရှည်ကို ကျောင်းတံဆပ်ကို ပြည့်စုံစွာ တပ်ဆင်၍ ၀တ်ဆင်ရမည်။

                       - နာရီ၊ နားကပ်မှလွဲ၍ အခြားရွှေငွေပစ္စည်းများ လုံးဝမ၀တ်ရပါ။

- ဆံပင်ရှည်လျှင် ဖဲကြိုးအ၀ါရောင်ဖြင့် ခွဲစည်းထား၇န် (ဖားလျားချခြင်းခွင့်မပြု) နှင့် ဆံပင်အရာင်ဆိုးခြင်း မပြုရ။

                       - ခြေညှပ်ဖိနပ်အဖြူရောင်ကိုသာ စီးခွင့်ပြုသည်။

                       - အောက်ခံအကျီ င်္အဖြစ် ဘော်လီအရှည်သာ ၀တ်ဆင်ရန်နှင့် ဗလာစီယာဝတ်ဆင်ခြင်းကို    (လုံးဝ) ခွင့်မပြုပါ။

မှတ်ချက်။       ။ ကျောင်းတက်လာတိုင်း ကျောင်းတံဆိပ်တပ်ပြီးလာမှ ကျောင်းတွင်းသို့ ၀င်ခွင့်ပြုမည်။

အထက်ပါစည်းကမ်းချက်များကို ဖောက်ချက်ကြောင်း စစ်ဆေးတွေ့ရှိပါက မိဘခေါ်ယူ၍ ဆွေးနွေးမည်ဖြစ်ကြောင်းကို သိရှိစေရန်။

                    ဆရာ၊ ဆရာမများမှ စံနမူနာပြအဖြစ် ၀တ်ဆင်ပြသမည် ဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: TTC

News Read 6109 times