Sales Hotline : 09448001653       Download App



ကျောင်းသားများ စာသင်ခန်းတွင် မှတ်စုရေးသားနည်း

ကျောင်းသားများ စာသင်ခန်းတွင် မှတ်စုရေးသားနည်း

**Unicode**

 

မှတ်စုရေးသားခြင်းအားဖြင့်

- သင်ခန်းစာများကို ပို၍ အာရုံစူးစိုက်နားထောင်ခြင်းကို ဖြစ်စေသည်။

- ပြန်လည်လေ့လာရန်၊ အခြေခံကောင်းကို ရရှိစေသည်။

- သင်ခန်းစာများကို ပို၍ နားလည်စေသည်။

မှတ်စုရေးနည်း (၁)

- အကြောင်းအရာအလိုက် အုပ်စုခွဲ မှတ်သားနည်း

- ကိုးကားစာအုပ် (သို့မဟုတ်) Presentation ရှိပြီး ဖြစ်သည့် သင်ခန်းစာများအတွက် မှတ်စုရေးသားရာတွင် အသုံးဝင်သည့် နည်းစနစ်ဖြစ်သည်။

မှတ်စုရေးနည်း (၂)

- နှုတ်တိုက်သင်ခန်းစာများကို မှတ်စုရယူရာတွင် အသုံးဝင်သည်။

- အသေးစိတ်ဆက်လက်လေ့လာရမည့် အဓိကအချက်များ မှတ်သားရန်နေရာ

- သင်ခန်းစာပို့ချနေစဉ်အတွင်း လိုက်လံမှတ်သားရန်နေရာ

- သင်ခန်းစာပြီးနောက် အကျဉ်းချုပ်ရေးသားရန်နေရာ

သင်ခန်းစာမစတင်မီ

ကိုးကားစာအုပ်မှ သင်ခန်းစာနှင့်ပတ်သက်သည့်အခန်းကို ကြိုတင်ဖတ်ရှုထားခြင်းအားဖြင့် မှတ်စုရေးသားရာတွင် များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

မှတ်စုရေးသားနည်း (၃)

အကြောင်းအရာ ဆက်စပ်မှုအလိုက် မှတ်သားခြင်း

ပါဝင်သည့်အကြောင်းအရာ စုံလင်များပြားသည့် သင်ခန်းစာများကို မှတ်သားရာတွင် အသုံးဝင်သည်။

သင်ခန်းစာသင်ကြာနေစဉ်အတွင်း

- စာသင်ခန်းကျယ်လျှင် ရှေ့နားရအောင် ထိုင်ပါ။

- ထပ်ခါထပ်ခါပြောနေသည့် အချက်များကို အထူးဂရုပြုပါ။

- ကြားသည့်အတိုင်း မမှတ်ပါနှင့်။ မိမိနားလည်သလို ရေးသား၍ မှတ်ပါ။

- အတိုကောက်မှတ်ချက်များကို သုံးပါ။

သင်ခန်းစာပြီးနောက်

မိမိ၏မှတ်စုကို (၂၄) နာရီအတွင်း ပြန်လည်လေ့လာပါ။ မရှင်းလင်းသည့်အချက်များကို ဆရာနှင့် တိုင်ပင်ပါ၊ သင်တန်းဖော်များနှင့်လည်း တိုင်ပင်ဆွေးနွေးပါ။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

**Zawgyi**

 





မှတ်စုရေးနည်း (၁)



မှတ်စုရေးနည်း (၂)





သင်ခန်းစာမစတင်မီ


မှတ်စုရေးသားနည်း (၃)








သင်ခန်းစာပြီးနောက်


မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။


Tips Read 3042 times