Sales Hotline : 09448001653       Download App



၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ ဖြေဆိုရမည့် မေးခွန်းပုံစံ

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ ဖြေဆိုရမည့် မေးခွန်းပုံစံ

(ခ) ပေးထားသော သမ္ဗန္ဓစကားလုံးများမှ ငါးခုကို ရွေးချယ်၍ ၀ါကျတစ်ခုစီတွင် သုံးပြပါ။ မည့်သည့် သမ္ဗန္ဓအမျိုးအစားဖြစ်ကြောင်းကိုလည်း ၀ိုက်ကွင်းဖြင့် ဖော်ပြပါ။   (၁၀ မှတ်)

သကဲ့သို့၊ သို့မဟုတ်၊ ၍၊ လျှင်၊ ရန်၊ မ…ဘဲလျက်၊ သော်လည်း

၂။ (က) အောက်ပါဝေါဟာရတို့အနက် ငါးခု ၏ အဓိပ္ပာယ်ကို တိကျစွာ ဖော်ပြပါ။ (၅ မှတ်)

ရင်းထောင်၊ နောင့်တည်း၊ သရစ်၊ မဟာဒါန်၊ စကားဖာ၊ ချောပို့၊ တာငန်း။

   (ခ) အောက်ပါစကားလုံးအတွဲများမှ စာလုံးပေါင်းအမှန်ကို ရွေးချယ်ပါ။ (၅ မှတ်)

ကျစ်လျစ်-ကျစ်လစ်၊ အလျှင်း-အလျင်း၊ ဖျတ်လတ်-ဖြတ်လတ်၊ ဂါဝရ-ဂါရ၀၊ လက်ပျဉ်းတော်-လက်ပျင်းတော်။

(ဂ) အောက်ပါတို့အနက် ငါးခု က အလင်္ကာငါးမျိုးမှ မည်သည့်အလင်္ကာဖြစ်ကြောင်း ဖော်ပြပါ။ သက်ဆိုင်ရာ သင်ခန်းစာအတွင်း မည်သို့ အသုံးပြုထားသည့်အတွက် အလင်္ကာမြောက်ကြောင်းကိုလည်း ရှင်းပြပါ။ (၁၀ မှတ်)

မြေနှင့်ရန်ဖက်၊ ငွေနှင်း၊ နတ်စည်းစိမ်သို့၊ လူစားတဲ့ဓား၊ ဒေါင်ဒေါင်၊ ရွှေချသလို၊ ဖြုတ်မျက်လုံးလောက်။

၃။ (က) အောက်ပါတို့မှ ငါးခု ကို ဖြေပါ။ (၅ မှတ်)

(၁) “မောင်ကြီးနှမ၊ ညက်လှပြာစင်၊ မယ့်သည်ပင်သည်၊ ခရီးသား” ၏ ဆိုလိုရင်းကို ရေါ်ပါ။

(၂) နွေဦးကာလမြူထသောခါသည် မည်သည့် ကဗျာအမျိုးအသားဖြစ်သနည်း။

(၃) ဘုန်းနှင့်ကံနှင့်ရွှေသဇင်ကို မည်သည့်ကဗျာမှ ထုတ်နုတ်ထားသနည်း။

(၄) တေးထပ်အဖွဲ့သည် မည်သည့်ခေတ်တွင် ထွန်းကားလာသော အဖွဲ့ဖြစ်သနည်း။

(၅) ဇော်ဂျီ၏ အမည်ရင်းကို ဖော်ပြပါ။

(၆) “သုံးဖော်ဆွေလဲ၊ တူယှဉ်တွဲသည်၊ အောင်မြဲမုချ၊ အောင်မည်ပ” ၏ ဆိုလိုရင်းကို ရေးပါ။

(၇) ထီလာစစ်သူ၏ ထင်ရှားသော ကဗျာရှည်ကြီးအမည်ကို ဖော်ပြပါ။

(ခ) စစ်မှာတစ်မူကဗျာမှ မိန်းမပျိုလေး၏ခံစားချက်ကို စာဆိုက မည်သို့ ရေးဖွဲ့ထားသနည်း။ (၁၀ မှတ်)

                                     (သို့မဟုတ်)

အကျွန်တို့လယ်ကောက်စိုက်တုန်းက ကဗျာမှ လယ်သူမလေးများ၏ ဘ၀နှင့်အလှကို ပေါ်လွင်အောင် တင်ပြပါ။

၎။ (က) အောက်ပါတို့မှ ငါးခု ကို ဖြေပါ။ (၅ မှတ်)

(၁) မိဖုရားဖွားစောကို သုတေသီတို့က မည်သို့ ခွဲခြားခေါ်ဆိုကြသနည်း။

(၂) စီးချင်းတိုက်ပွဲကို မည်သည့်ခေတ်တွင် ရေးသနည်း။

(၃) မိခင့်သောကစကားပြေကို မည်သည့်ဇာတ်တော်မှ ထုတ်နုတ်ထားသနည်း။

(၄) ဦးပုည၏ ဇာတိကို ဖော်ပြပါ။

(၅) မဟာဆွေ၏ အမည်ရင်းကို ဖော်ပြပါ။

(၆) ရွှေဥဒေါင်း၏ ပထမဆုံးဝတ္ထုအမည်ကို ဖော်ပြပါ။

(၇) တိုက်စိုးသည် ရန်ကုန်တက္ကသိုလ်မှ မည်သည့်ဘွဲ့များ ရရှိခဲ့သနည်း။

(ခ) သောနုတ္တမုဆိုးနှင့် ဆဒ္ဒန်ဆင်မင်းစကားပြေတွင် လူ့သဘာဝအဖွဲ့ပေါ်လွင်အောင် စာဆိုက မည်သို့ သရုပ်ဖော်ရေးဖွဲ့ထားသနည်း။ (၁၀ မှတ်)

                                 (သို့မဟုတ်)

အမျိုးသားနေ့စကားပြေမှ သိမှတ်ဖွယ်ရာများကို ဖော်ထုတ်တင်ပြပါ။

၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။ (၅ မှတ်)

“သနားတော်မူ၊ တစ်ပဲဆိုတဲ့၊ ထိုငွေဖြူကိုလဲ၊ ခံယူပါမည်။ ရေကြည်ရောင်းခ၊ အဖိုးရတဲ့၊ ငွေစလေးရွေး၊ မြို့ရိုးကြားမှာ၊ သူနေရှာတဲ့၊ ဟိုဟာကလေးကိုလဲ၊ ပြေး၍ ယူချင်လှပါသေးသည်”

(ခ) ရေသည်ပြဇာတ်မှ အောက်ပါ တစ်ခု ကို ဖြေဆိုပါ။ (၁၀ မှတ်)

(၁) ရေသည်ယောက်ျားနှင့်ရေသည်မိန်းမတို့ လက်ထပ်ရန် တိုင်ပင်ပြောဆိုပုံ

   (၂) ရေသည်ပြဇာတ်မှ စာဆို၏ ပြောင်မြောက်သော စကားအသုံးအနှုန်းများ

၆။ (က) အောက်ပါတို့အနက် တစ်ခုကို ပေးထားသော အချက်အလက်များနှင့် အညီ စာစီစာကုံးပါ။ (၁၀ မှတ်)

   (၁) ကြည်နူးဖွယ်ရာမြင်ကွင်းတစ်ခု

မြင်းကွင်း၏နေရာ၊ မြင်တွေ့နေရသည့်အချိန်၊ မြင်တွေ့ရသော အကြောင်းအရင်း၊ မြင်ကွင်း၏ ကြည်နူးဖွယ်ကောင်းပုံ၊ မြင်ကွင်းကြောင့် ဖြစ်ပေါ်လာသော အတွေးများ

   (၂) အနှစ်သက်ဆုံးအားကစားတစ်မျိုး

အားကစားအမျိုးမျိုးရှိပုံ၊ အားကစားတစ်မျိုးကို အနှစ်သက်ဆုံးဖြစ်ပုံ၊ ထိုအားကစား၏ နည်းစနစ်၊ ထိုအားကစားတွင် ထင်ရှားသူများ၊ ထိုအားကစားနှင့် မိမိအတွေ့အကြုံ။

(ခ) အောက်ပါအဆိုများအနက် တစ်ခု ကို ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဆွေးနွေးပါ။ (၁၀ မှတ်)

   (၁) ရုပ်မြင်သံကြားကြည့်ခြင်းသည် စာဖတ်ခြင်းထက် ပို၍ အကျိုးရှိသည်။

   (၂) တိုင်းတစ်ပါးယဉ်ကျေးမှုများ ၀င်ရောက်လာခြင်းသည် ကိုယ်ပိုင်ယဉ်ကျေးမှုများ ထိခိုက်စေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: moe.gov

News Read 4365 times