Sales Hotline : 09448001653       Download App



ကမ္ဘာပေါ်မှာ အင်ဂျင်နီယာအများဆုံးထွက်တဲ့ နိုင်ငံ ၃ခု

ကမ္ဘာပေါ်မှာ အင်ဂျင်နီယာအများဆုံးထွက်တဲ့ နိုင်ငံ ၃ခု

ဒီလို နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ အင်ဂျင်နီယာများကို ဘယ်နိုင်ငံတွေမှာ အများဆုံးမွေးထုတ်ပေးနေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ရုရှား

ရုရှားနိုင်ငံတွင်းမှာရှိတဲ့ ဘွဲ့ရပညာတတ်ဦးရေရဲ့ ၂၂%ဟာ အင်ဂျင်နီယာများဖြစ်ပါတယ်။ ဒီလို အင်ဂျင်နီယာဘွဲ့ရထားသူဦးရေဟာ များပြားနေပေမယ့် အင်ဂျင်နီယာလုပ်ငန်းတွေ နည်းပါးလွန်းတာကြောင့် လုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာ ဦးရေကတော့ အနည်းငယ်သာရှိပါတယ်။

အိန္ဒိယ

အိန္ဒိယနိုင်ငံကတော့ အင်ဂျင်နီယာဘွဲ့ရဦးရေ များစွာမွေးထုတ်ပေးနိုင်ပေမယ့် လုပ်ငန်းခွင်ဝင်နိုင်တဲ့ အင်ဂျင်နီယာမှာတော့ အနည်းငယ်သာရှိပါတယ်။ အိန္ဒိယနိုင်ငံမှာ ၂၀၀၆ခုနှစ်က အင်ဂျင်နီယာကျောင်းပေါင်း တစ်ထောင်ကျော်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ခုနှစ် အရောက်မှာတော့ ကျောင်းပေါင်းသုံးထောင်ကျော်လောက်အထိ တိုးများလာခဲ့ပါတယ်။

ဒီလို ကျောင်းပြိုင်ဆိုင်မှုများပေမယ့် စံသတ်မှတ်မှုအပိုင်းမှာတော့ နိမ့်ကျမှုတွေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အင်ဂျင်နီယာဘွဲ့ရ အိန္ဒိယနိုင်ငံသား ၃၀% ခန့်ဟာ အလုပ်အကိုင်ရှာဖွေရာမှာ အခက်အခဲကြုံရလေ့ရှိပါတယ်။

တရုတ်

တရုတ်နိုင်ငံမှာရှိတဲ့ အင်ဂျင်နီယာဦးရေကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အင်ဂျင်နီယာဦးရေရဲ့ ၄၀% ခန့်လောက်အထိ ရှိပါတယ်။ တရုတ်အစိုးရက အင်ဂျင်နီယာပညာရေးအတွက် ငွေကြေးထောက်ပံမှု အများအပြားပြုလုပ်ခဲ့လို့ အခုလို ကမ္ဘာပေါ်မှာ အင်ဂျင်နီယာအများဆုံးနိုင်ငံ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို အင်ဂျင်နီယာဦးရေ များပြားခြင်းဟာ တရုတ်နိုင်ငံရဲ့အနာဂတ်အတွက် အရမ်းအကျိုးရှိစေနိုင်ပြီး လာမယ့် ၂၀၂၀လောက်မှာ တရုတ်နိုင်ငံကို အင်အားကြီးမားဆုံးနိုင်ငံဖြစ်အောင် ပြုလုပ်ပေးသွားနိုင်ဖွယ်ရှိနေပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: htoodaily

News Read 2663 times