Sales Hotline : 09448001653       Download App



အင်းလေးဒေသရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူများကို ပညာဒါနသင်ကြားပေးမည်

အင်းလေးဒေသရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူများကို ပညာဒါနသင်ကြားပေးမည်

အင်းလေးဒေသရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ တာဝန်ရှိသူများက လာရောက်သင်ကြားပေးရန် ဖိတ်ခေါ်ခြင်း ဖြစ်ပါသည်။

ထိုဒေသတွင်ရှိသော ကျောင်းသား ၊ ကျောင်းသူများက ပညာသင်ကြားဖို့ အခက်အခဲရှိလို့ ဘုန်းတော်ကြီးက အကူအညီပေးနေရတဲ့ ကလေးတွေ ဖြစ်ပါသည်။

သူတို့တွေက ပညာကို လိုချင်ကြတယ်။ ပညာ သင်ကြားဖို့ ကျောင်းသား ၊ ကျောင်းသူ ၇၀၀ ကျော်လောက်ရှိပါတယ်။

ရန်ကုန်မြို့ ကိုယ်ပိုင်ဆရာများအသင်းမှ ဆရာ ၊ ဆရာမ ၂၃ ဦးနဲ့ သွားရောက်ပြီး ကိုယ်တတ်နိုင်သလောက် ပညာပါရမီ ဖြည့်ပေးမည် ဖြစ်ပါသည်။

အင်းလေးဒေသရှိ ကျောင်းသား ၊ ကျောင်းသူအများစုမှာ ချို့တဲ့သူများဖြစ်ကြပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းအိပ် ၊ ကျောင်းစား နေထိုင်ကာ ပညာသင်ကြားနေရသူများ ဖြစ်ပါသည်။

Source: မြ၀တီ

News Read 1306 times