Sales Hotline : 09448001653       Download App



နေ့စားလပေးဆရာ၊ ဆရာမအဖြစ် ခန့်ထားသည့် ပါရဂူဘွဲ့နှင့် မဟာဘွဲ့ရများကို ရာထူးတိုးပေးမည်

နေ့စားလပေးဆရာ၊ ဆရာမအဖြစ် ခန့်ထားသည့် ပါရဂူဘွဲ့နှင့် မဟာဘွဲ့ရများကို ရာထူးတိုးပေးမည်

၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ ဆရာ၊ ဆရာ မရာထူးတိုး၊ အပြောင်း အရွှေ့များ ကို ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ပြီး လစ်လပ် သော ဆရာ၊ ဆရာမနေရာများ တွင်နေ့စားလပေး ဆရာ၊ ဆရာမ အဖြစ် အလုပ်ဝင်ရောက်သူများ ကို တစ်ဆင့်မြင့်ရာထူးတိုးဖြင့် ဖြည့်ဆည်းမည်ဖြစ်သည်။

‘‘အခု ရာထူးတိုး၊ အပြောင်း  အရွှေ့တချို့ ထွက်နေပြီ။ ရာထူး တိုးနဲ့ ဒီကျောင်းကနေ ဆရာမ တစ်ယောက်ပြောင်းသွားရင် လစ် လပ်တဲ့နေရာပေါ်လာမယ်။ ရှိနေ တဲ့ ပါရဂူဘွဲ့နဲ့ မဟာဘွဲ့ရဆရာ၊ ဆရာမတွေကို ရာထူးတိုးပေးပြီး လစ်လပ်ဖြည့်တာပေါ့’’ ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

ဆရာ၊ ဆရာမလိုအပ်ချက် အရ ဘွဲ့တစ်ခုခုရပြီးသူများကို နေ့စားလပေး မူလတန်းပြများ အဖြစ် ၂၀၁၄-၁၅ ပညာသင်နှစ်က စတင်၍ ခေါ်ယူခဲ့သည်။

၎င်းတို့အ နက်ပါရဂူဘွဲ့၊ မဟာဘွဲ့ ရရှိပြီး မူလတန်းပြ  လုပ်သက်ခြောက်လပြည့်ပြီး သူများကို အလယ်တန်း ပြအဖြစ်လည်းကောင်း၊ အလယ် တန်းပြလုပ်သက်ခြောက်လ ပြည့် ပြီးသူများကို  အထက်တန်းပြအ ဖြစ်လည်းကောင်း ရာထူးတိုး လျှောက်ထား ခွင့်ပြုထားသည်။

အခြေခံပညာကျောင်းများ တွင် သင်ကြားရမည့် ဘာသာရပ် ပြ ဆရာ၊ ဆရာမ လိုအပ်ချက် အရ  လစ်လပ်ဘာသာရပ်များနှင့်ဆက် စပ်သည့် ပါရဂူဘွဲ့၊ မဟာဘွဲ့ရ ထားသူများကိုသာ ဦးစားပေးရာ ထူးတိုးပေးမည်ဟု အခြေခံပညာ ဦးစီးဌာနက သတ်မှတ်ထားသည်။

‘‘ကိုယ့်တိုင်းဒေသကြီးထဲမှာ အင်္ဂလိပ်စာ ဘာသာရပ်သင်မယ့် ဆရာ လိုအပ်နေရင် အင်္ဂလိပ်စာ အထူးပြုနဲ့ မဟာဘွဲ့ရထားသူကို ရာထူးတိုး ဦးစားပေးလုပ်ပေးဖို့ သတ်မှတ်ထားတာပေါ့။ ဒေသ တစ်ခုနဲ့ တစ်ခုတော့လစ်လပ်ဘာ သာရပ်မတူနိုင်ဘူး’’ ဟု ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။

ရာထူးတိုးလျှောက်လွှာများ ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများမှ တစ်ဆင့် အခြေခံပညာ ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်သည်။

ရာ ထူးတိုးအတွက် စိစစ်နေစဉ် လျှောက်ထားသူသည် အငြိမ်းစား ယူခြင်း၊ ရာထူးမှ ထုတ်ပယ်ခံရ ခြင်း၊ ရာထူးချခံရခြင်း၊ ကျောင်း ပြောင်းရွှေ့ခြင်း၊ ဌာနကူးပြောင်း ခြင်း၊ အကျင့် စာရိတ္တပျက်ပြား ခြင်း၊ ဥပဒေဆိုင်ရာ အရေးယူရန် ကိစ္စတစ်ခုခုပေါ်ပေါက်လာခြင်း၊ သတိပေးခံရခြင်းများရှိပါက အ ချိန်မီတင်ပြ ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူး ရုံးများက အသိပေးထားသည်။

အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမလိုအပ်ချက် အရ ၂၀၁၄-၁၅ပညာသင်နှစ်က စတင်ကာ သုံးနှစ်ဆက်တိုက်နေ့ စားလပေး မူလတန်းပြဆရာ၊ ဆရာမတစ်သိန်းခန့် ခန့်အပ်ခဲ့ သည်။

နေ့စားလပေးဆရာ၊ဆရာမများကို မြို့နယ်အခြေပြု မွမ်းမံ သင်တန်းများ ဖွင့်လှစ်ပို့ချကာ လုပ်သက်တစ်နှစ်ပြည့်ပါက နေ့ စားလပေးမှ အမြဲတမ်းဝန်ထမ်း မူလတန်းပြအဖြစ် တိုးမြှင့်ခန့်အပ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 2512 times