Sales Hotline : 09448001653       Download App



ဆယ်တန်းအောင်ပြီးရင် ဘယ်တက္ကသိုလ် ရွေးချယ် တက်ရမလဲ?

ဆယ်တန်းအောင်ပြီးရင် ဘယ်တက္ကသိုလ် ရွေးချယ် တက်ရမလဲ?

မိဘ

ဆယ်တန်းအောင်ပြီးရင် ဘယ်တက္ကသိုလ် ရွေးချယ် ပေးရမလဲ?

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေပြီးလို့ အောင်စာရင်းတွေထွက်လာရင် လူငယ်တွေ အတွက်ကော မိဘတွေအတွက်ပါ အခက်တွေရတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်??

သားသမီးတစ်ယောက်အတွက် မိဘတိုင်းကတော့ အကောင်းဆုံးလမ်းကြောင်းပေါ်ကို ချပေးချင်ကြတာချည်းပါပဲ...

သို့ပေမယ့် အဲဒီလမ်းကြောင်းတစ်ခုက လူငယ်တွေ အမှန်တကယ် စိတ်ဝင်စားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်မှသာလျှင် သူတို့ရဲ့ ရေရှည်အနာဂတ်အတွက် သေချာ အကျိုးရှိစေမှာ ဖြစ်ပါတယ်..

ထိုသို့ဆိုရာမှာလည်း လူငယ်တွေကိုယ်တိုင်က မိမိ ဘယ်လမ်းကြောင်းကို စိတ်ဝင်စားသလဲ ...
တက္ကသိုလ်ပြီးရင် ဘယ်အသက်မွေးဝမ်းကျောင်းမှုနှင့် ဘ၀ကို လျှောက်လှမ်းချင်သလဲ ဆိုတာကို ကျောင်းသားလူငယ်တွေ တော်တော်များများက ကိုယ်တိုင် မသိကြပါဘူး

အောင်စာရင်းတွေ ထွက်လို့ မိဘတွေအတွက် မျှော်လင့်ထားသလို ဖြစ်လာတာရှိသလို မမျှော်လင့်တဲ့ ရလာဒ်များလည်း ဖြစ်နေတတ်ပါတယ်..

တစ်နည်းပြောရရင် ဆယ်တန်းစာမေးပွဲအမှတ်ပေါင်းက လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို ပုံဖော်ပေးနေသလို ဖြစ်နေတတ်ပါတယ်...

မျှော်လင့်ထားသလိုဖြစ်လာတဲ့ မိသားစုများအတွက် ကတော့ ဂုဏ်ထူးတွေဝေေ၀ဆာဆာနဲ့ အမှတ်ကောင်းတဲ့ သားသမီးတွေကို ဦးစားပေးရွေးချယ်ပေးလိုက်တာကတော့ မြန်မာနိုင်ငံအတွက် ဆိုရင် ဆေးတက္ကသိုလ်ပေါ့..

မိဘတွေ အနေနဲ့ကတော့ ငါ့သားလေး ငါ့သမီးလေး ဆေးတက္ကသိုလ်တက်မယ် အချိန်တန် ဆရာဝန်လေး တွေ ဆရာဝန်မလေးတွေ ဖြစ်ပြီး ဂုဏ်ရှိစေချင်ကြတာပေါ့..

ထိုကဲ့သို့သော ဖြစ်စဉ်များမှာ သားသမီးတွေအနေနဲ့ သူတို့ကိုယ်တိုင်ရွေးချယ်ခွင့် ရရှိတာ ရှိသလို မိဘတို့ စိတ်ကြိုက်တွန်းအား ပေးမှုကြောင့် ရွေးချယ်ခွင့်မရကြဘဲ တက္ကသိုလ်ကို ရောက်လာကြတဲ့ လူငယ်တွေလည်း အများကြီးရှိနေပါတယ်.

ရှည်လျားလှတဲ့ Academic Years တွေမှာ တစ်နှစ်တစ်တန်း မှန်မှန် နဲ့ အောင်မြင်ကြတဲ့ လူငယ်တွေရှိသလို တက္ကသိုလ်တက်တဲ့ တလျှောက် မိဘနဲ့ ဝေးရာမှာ လုပ်ချင်ရာလုပ်ပြီး တစ်ဝက်တစ်ပျက် နဲ့ ပညာရေးတပိုင်းတစဖြစ်သွားကြတဲ့ လူငယ်တွေလည်း အမြောက်အမြား မြင်တွေ့နေရပါတယ်..

ဒါအပြင် တချို့လူငယ်တွေမှာ တက္ကသိုလ်ပြီး သွားပြန်တော့လည်း သူတို့ စိတ်ဝင်စားတဲ့ အသက်မွေးဝမ်းကြောင်းမဟုတ်တဲ့ အတွက် သင်ထားတဲ့ပညာကို အသုံးမချဘဲ သူတို့ စိတ်ဝင်စားရာ လမ်းကြောင်းပေါ်ကို သူတို့နည်းသူတို့ဟန် နဲ့ ရောက်သွားကြပါတယ်..

တက္ကသိုလ်မှာ နှစ်ပေါင်းများစွာ အချိန်ကုန်ခံ ငွေကုန်ခံပြီးသင်ယူလာကြတဲ့ ပညာတွေကို ပစ်ထားကာ ကိုယ်တိုင် စိတ်ဝင်စားရာနယ်ပယ် ကို ဘွဲ့ရတော့မှ ထလုပ်ကြတော့ အခြေအနေ အချိန်အခါ အားဖြင့် နောက်ကျနေကြရပြီး ခရီးရောက်သင့် သလောက်မရောက် နိုင်ခဲ့ကြဘဲ စိတ်ပါဝင်စားရာ နယ်ပယ်ထဲကို အစကတည်းက ၀င်နိုင်ခဲ့တဲ့ လူငယ်များ နဲ့ ယှဉ်ရင်တော့ နောက်ကရောက်နေရတတ်ပါတယ်..

လူငယ်တွေ အားလုံးမှာ ကိုယ်ပိုင်အရည်အချင်းနှင့် အားသာချက် အားနည်းချက် ကိုယ်စီရှိကြပါတယ်.. အနာဂတ်မှာ သူကိုယ်တိုင်ဘယ်လိုမျိုး အနေအထား နဲ့ ရပ်တည်ချင်လည်းဆိုတာ လူငယ်တွေတိုင်းရဲ့ အတွေးတိုင်းမှာ ရှိကြပါတယ်…

သူတို့လေးစားအားကျရတဲ့ Idol တွေကိုယ်စီရှိနေတတ်ကြပါတယ် ကိုယ်ရည်ကိုယ်သွေး အားသာချက် (Strengths) အားနည်းချက် (Weaknesses) တွေ သူတို့ ကိုယ်တိုင်သိအောင် မိဘတွေက ဖော်ထုတ်ပေးနိုင်ပြီး ယင်းတို့ကို အသုံးချကာ ဘယ်လို Career မျိုး ဘယ်လို Professional မျိုးကတော့ သူတို့တွေအတွက် အကိုက်ညီဆုံး အကောင်းဆုံးဖြစ်မယ်ဆိုတာ ချပြပေးသင့်ပါတယ်…

ဒီအမှတ် မှီ လို့ ဒီကျောင်းတက်ပါဆိုတဲ့ အတွေးမျိုးနဲ့တော့ လမ်းကြောင်း မချပေးသင့်ပါဘူး..

ဒီလိုနည်းနဲ့ လမ်းကြောင်းပေးခဲ့မိတဲ့အတွက်ကြောင့် တချို့လူငယ်တွေရဲ့ Talent တွေကို ရိုက်ချိုးထားသလိုဖြစ်စေပြီး လူငယ်တစ်ဦးအနေနဲ့ စိတ်ဝင်စားရာ နယ်ပယ်ကို အားသွန်ခွန်စိုက် ဖြင့် commitment အပြည့်နဲ့ လေ့လာရမယ့် အချိန်တွေကို အသားလွတ်ကုန်ဆုံးစေပါတယ်..

မိဘတွေ အနေနဲ့လည်း သားသမီးတွေ စိတ်မ၀င်စားတဲ့လမ်းကြောင်းပေါ်မှာ ဆုံးခန်းတိုင်သွားအောင် တွန်းအားပေးရတာလည်း ပင်ပန်းလွန်းလှပါတယ်.. အကျိုးမဲ့ အချိန်ကုန် ငွေကုန်ဖြစ်စေပါတယ်..ဒါကြောင့် မိဘများအနေဖြင့် လူငယ်တွေအတွက် သူတို့ ဖြစ်ချင်တာလေးတွေ ချပြဖို့ အခွင့်အရေးပေးသင့်ပါတယ်...

Read - ဆရာ၊ ဆရာမများ စာသင်ချိန်အတွက် ပြင်ဆင်ရမယ့် အချက်များ

လူငယ်

ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့ ကျောင်းသားတစ်ယောက်ဟာ ကိုယ်ပိုင်အရည်အချင်းနဲ့ စဉ်းစားတတ်တဲ့ လူတစ်ယောက်အနေအထားကို ရောက်ရှိနေပြီဆိုတာ လူငယ်တွေ ဘက်ကလည်း သိထားရပါမယ် …

လူငယ်တွေ ကိုယ်တိုင်ကလည်း မိမိသည် တချိန်မှာ ဘယ်လို အလုပ်အကိုင်မျိုးနဲ့ ဘ၀ကို ရပ်တည်ချင်သလဲ. ရည်မှန်းချက် (Goals) တွေ ထားထားရပါမယ်..

အဲရည်မှန်းချက်တွေပြည့်မီအောင် ဘယ်လိုအရည်အချင်း (Skills) တွေလိုအပ်သလဲ.

မိမိဖြစ်ချင်တဲ့လမ်းကြောင်းပေါ်ကို ရောက်သွားဖို့ ဘယ်လိုပညာရပ်တွေကို ဆည်းပူးရမလဲ (Technical Skills) …

ဒါဆို ဘယ်တက္ကသိုလ်၊ ကောလိပ်ကို ရွေးချယ်သင့်သလဲ?

သက်ဆိုင်ရာ ပညာရပ်အပြင် အလုပ်ခွင်မှာ အဖက်ဖက်က အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်ဖို့ ဘယ်လို ကိုယ်ရည်ကိုယ်သွေးတွေ လိုအပ်နေသေးလဲ (Soft Skills) စသဖြင့် သိထားသင့်ပါတယ်

ယနေ့ခေတ်လူငယ်တစ်ဦးဟာ မိမိရဲ့ အသက်မွေးဝမ်းကျောင်းမှုနယ်ပယ်ကို ရွေးချယ် စဉ်းစားတွေး ခေါ်တဲ့နေရာ မိမိပတ်ဝန်းကျင် မိမိအရပ်ဒေသ အသိုင်းအ၀ိုင်း ဘောင်လေးအတွင်းမှာပဲ ကြည့်ပြီး စဉ်းစားတာထက် မိမိနဲ့ အသက်အရွယ်၊ အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေး တူတဲ့သူတွေ တခြားနယ်ပယ်မှာ ဘယ်လိုလှုပ်ရှားနေသလဲ လေးစား အားကျရတဲ့ သူဘယ်သူတွေရှိသလဲ စသဖြင့် ချိန်ထိုးကြည့်ဖို့ အခွင့်အရေးတွေ အများကြီးရနေပါပြီ….

လူငယ်တွေအနေနဲ့ မိမိဖြစ်ချင်တဲ့လမ်းကြောင်းတစ်ခုပေါ်ကို လျှောက်လှမ်းခွင့်ရဖို့ မိဘတွေကို သိမ်းသွင်းဆွဲဆောင်တတ်ဖို့လည်းလိုပါတယ်..

မိမိ စိတ်ဝင်စားတဲ့ ပညာရပ် မိမိစိတ်ဝင်စားတဲ့ နယ်ပယ်တစ်ခုကို အရောက်လှမ်းနိုင်ဖို့ လမ်းကြောင်းအကြမ်းဖျင်းကိုလည်း ချပြပြောဆိုပြီး Step by Step လျှောက်လှမ်းမယ့် လှေကားထစ်များကို နားလည်အောင်ရှင်းပြပြောဆိုတတ်ရမယ်….

မိမိရွေးချယ်တဲ့ လမ်းကြောင်းကို မိမိဘာသာတာဝန်ယူမှု (Self responsibility)ဖြင့် ရှေ့ဆက်မယ်ဆိုတဲ့ စိတ်ထားလေးတွေမွေးဖို့ လိုအပ်ပါတယ်...

မိဘတွေဖက်က နားလည်ပေးသလို လူငယ်တွေဖက်ကလည်း ကြိုးစားမှုနှင့် သက်သေပြသင့်ပါတယ်..

ယခုအချိန်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေပြီးလို့ လူငယ်တွေရော ကျောင်းသား မိဘတွေအတွက်ပါ အနားရတဲ့ အချိန်ဖြစ်ပါတယ်…

စာမေးပွဲအောင်စာရင်းတွေထွက်ပြီး တက္ကသိုလ်ရွေးချယ်ရမယ့်အချိန်အထိ ၅လ ၆လ အနည်းဆုံးအချိန်ရပါတယ်..

ဒီအချိန်ဟာ လူငယ်တွေအနေနဲ့ မိမိရောက်ချင်တဲ့ ဘ၀ရည်မှန်းချက်တွေအတွက် မိမိဘာသာ ဆန်းစစ်ရမယ့် အချိန်တစ်ခုဖြစ်သလို မိဘတွေအနေနဲ့လည်း မိမိ သားသမီးတွေရဲ့ အနာဂတ်လမ်းကြောင်းအတွက် အဖြေရှာရမယ့် ကာလအပိုင်းအခြား တစ်ခု ဖြစ်နေပြန်ပါတယ် …

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Credit: Talent Development Center

Tips Read 9093 times