Sales Hotline : 09448001653       Download App



၂၀၁၉ ခုနှစ်တွင် ပြောင်းလဲအသုံးပြုမည့် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ် မေးခွန်းပုံစံသစ် (နမူနာမေးခွန်းတည်ဆောက်ပုံ)

၂၀၁၉ ခုနှစ်တွင် ပြောင်းလဲအသုံးပြုမည့် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ် မေးခွန်းပုံစံသစ် (နမူနာမေးခွန်းတည်ဆောက်ပုံ)

ANSWER ALL QUESTIONS.

I. Read the passage.

ပြဌာန်းစာအုပ်တွင် ပါရှိသော သင်ခန်းစာ (၁၄) ခုထဲမှ စာပိုဒ်တစ်ပိုဒ်ပေးထားပါမည်။

(A) Write the Correct word or words to complete each sentence. (5 marks)

ဝါကျ (၁) ခုစီတွင် ကွက်လပ် (၁) ခုစီပါသော ၀ါကျ (၅) ကြောင်း ပေးထားပြီး ကွက်လပ်များကို စာပိုဒ်ပါ အချက်အလက်များဖြင့် မှန်ကန်စွာ ဖြည့်ပေးရပါမည်။

(B) Answer each question in one sentence. (5 marks)

စာပိုဒ်ပေါ် အခြေခံသော မေးခွန်း (၅) ခုမေးထားပြီး တစ်ခုစိကို ဖြေဆိုရာတွင် စာကြောင်းတစ်ကြောင်းဖြင့် ပြည့်စုံစွာ ဖြေဆိုရပါမည်။၏

II. Fill in each numbered blank with a word from the list given. There are five extra words. (10 marks)

Write down only the number of the blank and the word that fills it.

ကွက်လပ် (၂၀) ပါသော ပြဌာန်းစာအုပ်ပါ စာပိုဒ် (၁) ပိုဒ်ပေးထားပြီး ဖြည့်ရမည့် စကားလုံး (၂၅) လုံးပေးထားပါမည်။ မှန်ကန်သော စကားလုံး (၂၀) ဖြင့် ကွက်လပ်ကို ဖြည့်ပေးရပါမည်။

III. (A) Write the appropriate word(s) to complete the sentences. (5 marks)

ပြဌာန်းစာအုပ်ရှိ Vocabulary Section နှင့် စာပိုဒ်များတွင် ပါဝင်သော စကားလုံးများဖြင့် တည်ဆောက်ထားသော ၀ါကျ (၅) ကြောင်း ပေးထားပါမည်။ ၀ါကျတစ်ကြောင်းစီတွင် ရွေးချယ်စရာ (၃) ခုကို A,B,C ဖြင့် ပေးထားပြီး ၀ါကျကို အဓိပ္ပာယ်ပြည့်စုံစေသည့် မှန်ကန်သော စကားလုံး (သို့မဟုတ်) စကားစုကို ရွေးချယ်ပေးရပါမည်။

III. (B) Write the appropriate words or groups of words to complete the sentences or lines of verse. (5 marks)

ပြဌာန်းစာအုပ်ရှိ ကဗျာများထဲမှ ကွက်လပ် (၁) ခုစီပါဝင်သော မေးခွန်း (၅) ခု မေးပါမည်။ ကဗျာစာကြောင်းများကို ပြည့်စုံအောင် မှန်ကန်သော စကားလုံးများဖြင့် ဖြည့်ပေးရပါမည်။

IV. Give complete answers to these questions.   (10 marks)

ပြဌာန်းစာအုပ်ပါ သင်ခန်းစာ (၁၄) ခုတွင် ပါရှိသော စာပိုဒ်များအပေါ် အခြေခံ၍ မေးခွန်း (၄) ပုဒ်ကို မေးပါမည်။ မေးခွန်းနံပါတ် (၅) တွင် ကဗျာများမှ ကောက်နုတ်ထားသော စာကြောင်း (၂) ကြောင်း၊ (၃) ကြောင်း ပေးထားပြီး What do these lines mean? ဟု မေးပါမည်။ ကဗျာ၏ ဆိုလိုရင်းကို တိကျမှန်ကန်စွာ ဖြေဆိုရပါမည်။

V. Read the passage.

ပြဌာန်းစာအုပ်တွင် မပါဝင်သော တက္ကသိုလ်ဝင် ကျောင်းသား/သူတို အဆင့်နှင့်ကိုက်ညီ သည့် စာပိုဒ်တစ်ပိုဒ် ပေးထားပါမည်။

Answer these questions. Give complete answers. (10 marks)

မေးခွန်း (၅) ခုမေးပါမည်။ စာပိုဒ်ကို ဖတ်ပြီး မေးခွန်းများကို ပြည့်စုံစွာ ဖြေဆိုရပါမည်။

VI. Punctuate the following. (5 marks)

ပြဌာန်းစာအုပ်တွင် မပါသော စာကြောင်း (၅) ကြောင်းပေးထားပြီး ၄င်းစာကြောင်းများကို သင့်လျော်သော Punctuation Mark များ သုံး၍ ပြန်ရေးပေးရပါမည်။

VII. (A) Finish each sentence in such a way that it means exactly the same as the sentence that is given.   (10 makrs)

ဝါကျ (၁၀) ကြောင်း ပေးထားပြီး ၄င်းဝါကျများကို အဓိပ္ပာယ်မပြောင်းစေဘဲ ပေးထားသော ၀ါကျအစ စကားလုံးများဖြင့် ပြည့်စုံစွာ ပြန်လည်ရေးသားဖြေဆိုရပါမည်။

(B) Using the prompts given, write a very short paragraph on ONE of the following.   (10 marks)

ဖတ်စာအုပ်ပါ သင်ခန်းစာများကို အခြေခံသော ခေါင်းစဉ်တစ်ခုကို ရွေးချယ်၍ ပေးထားသော အချက်အလက်များကို အသုံးပြု၍ စာပိုဒ်တစ်ပိုဒ် ရေးသားရပါမည်။

VIII. Letter Writing. (10 marks)

ရွေးချယ်ရန် ပေးစာ (၂) ခု ပေးထားပါမည်။ မိမိနှစ်သက်ရာ ပေးစာတစ်စောင်ကို ရွေး၍ စာလုံးရေ (၃၀၀) ထက်မပိုသော ပေးစာတစ်စောင် ရေးသားရပါမည်။

IX. Essay Writing. (15 marks)

ရွေးချယ်ရန် စာစီစာကုံးခေါင်းစဉ် (၃) ခုပေးထားပါမည်။ မိမိနှစ်သက်ရာ တစ်ခုကို ရွေး၍ စာလုံးရေ (၅၀၀)ထက်မပိုသော စာစီစာကုံး တစ်ပုဒ်ရေးသားရပါမည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

News Read 4375 times