Sales Hotline : 09448001653       Download App



အထက်တန်းပြရာထူး နေရာတစ်သောင်းကျော်ကို ဖြည့်ဆည်းရန် ရာထူးတိုးများခေါ်ယူ

အထက်တန်းပြရာထူး နေရာတစ်သောင်းကျော်ကို ဖြည့်ဆည်းရန် ရာထူးတိုးများခေါ်ယူ

လာမည့်ပညာသင်နှစ်ဖြစ်သော ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော အထက်တန်းပြရာထူးနေရာများကို ဖြည့်ဆည်းခန့်ထားရန် ရာထူးတိုး ဆန္ဒပြု လျှောက်လွှာများကို ခေါ်ယူလျက်ရှိသည်။

လျှောက်ထားလိုသော ဆရာ၊ ဆရာမများအနေဖြင့် လက်ရှိတွင် အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ် လုပ်သက် နှစ်နှစ်ပြည့်ပြီး ဘီအီးဒီ ပထမနှစ်အောင်မြင်ပြီး ဒုတိယနှစ် တက်ရောက်နေသူများကို အထက်တန်းပြများအဖြစ် ကျောထောက်နောက်ခံပြု၍ လက်ရှိလစာဖြင့် အထက်တန်းပြယာယီအဖြစ် ခန့်ထားမည် ဖြစ်သည်။

လျှောက်ထားလာမည့် ဆရာ၊ ဆရာမများထဲတွင် ကျောင်းသင်ဘာသာရပ်နှင့် သက်ဆိုင်သော M.A, MSc ဘွဲ့ရများ ပါဝင်ပါက မူလတန်းပြ လုပ်သက်ခြောက်လ၊ အလယ်တန်းပြ လုပ်သက်ခြောက်လ ပြီးပါက အထက်တန်းပြရာထူးတိုး တိုးခန့်ထားမည် ဖြစ်သည်။

လျှောက်ထားလာသော ရာထူးတိုး ဆန္ဒပြု လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးများအနေဖြင့် အခြေခံပညာဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း အချိန်မီ ပေးပို့ရန် ညွှန်ကြားထားသည်။

အခြေခံပညာကျောင်းများတွင် အထက်တန်းပြ များ လိုအပ်နေခြင်းမှာ ကျောင်းအဆင့်တိုး များများပြားလာသည့်အပြင် သေဆုံးခြင်း၊ နှုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ပင်စင်ယူခြင်းတို့ကြောင့် ဖြစ်သည်။

ယခင်နှစ်ကလည်း ယင်းကဲ့သို့ အခြေအနေများကြောင့်ရာထူးတိုး ဆန္ဒပြု လျှောက်ထားမှုများနှင့် ဖြည့်ဆည်းခဲ့သော်လည်း လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ခြင်းမရှိသည့်အတွက် ပင်စင်ယူရန် လပိုင်းခန့်သာ လိုအပ်တော့သည့် ဆရာ၊ ဆရာမများကို ကန်ထရိုက်စာချုပ်ဖြင့် ထပ်မံခန့်ထားခဲ့ရသည်။

ယခင်နှစ်က ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သော အထက်တန်းကျောင်းခွဲ ၄၈၅ ကျောင်းအတွက် အထက်တန်းပြ အရေအတွက် ၂၇၀၀ ကျော် လိုအပ်ခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

News Read 6129 times