Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများအတွက် နိုင်ငံတကာ ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများအတွက် နိုင်ငံတကာ ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာအနီးရှိ Melia Hotel မှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူများ၊ International School မှ Year 11 နဲ့ ပြီးမြောက်ထား သူများနဲ့ IGCSE နဲ့ ပြီးမြောက်ထားသူများအပြင် အခြား Qualification များနဲ့

ပြီးမြောက်ထားသူများ အထူး တက်ရောက်သင့်ပြီး UK, USA, Canada, New Zealand, Switzerland, Australia, Singapore, Malaysia နဲ့ Thailand အစရှိတဲ့ နိုင်ငံများရှိ University သို့

တက်ရောက်နိုင်ရန် သက်ဆိုင်ရာ University များမှ တာဝန်ရှိသူများနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်မယ့် အခွင့်အရေးများ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံခြား University များမှာ တက်ရောက်ရန် လိုအပ်တဲ့ ပြင်ဆင်မှုများ၊ University Pathway (တက္ကသိုလ်ပညာရေး လမ်းကြောင်း) များ၊ Scholarship (ပညာသင်ဆု) များ၊ ကျောင်းပြီးပါက

ရရှိနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံမှာသာ ကုန်ကျစရိတ် သက်သာစွာ ပညာသင်ယူလိုသူများအတွက် Diploma To Degree Program များနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို

ဦးစားပေးဆွေးနွေး ပြောကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက် လိုသူတွေအနေနဲ့ လူဦးရေအကန့်အသတ် ရှိမှာဖြစ်တဲ့အတွက် ကြိုတင်စာရင်းပေးသွင်းပြီး အခမဲ့တက်ရောက်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက YIUS (Yangon Institute for University Studies)

ဖုန်း ၀၁- ၆၅၂၃၁၁၊ ၆၅၂၂၉၇၊ ၀၉- ၂၆၂၂၂၅၁၅၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Source;Internet Journal

News Read 1739 times