Sales Hotline : 09448001653       Download App



လာမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စဉ်းစားတွေးခေါ်မှုကို အားပေးသည့် မေးခွန်းပုံစံပြောင်းမေးမည်ဟု ပညာရေးဝန်ကြီးပြော

လာမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စဉ်းစားတွေးခေါ်မှုကို အားပေးသည့် မေးခွန်းပုံစံပြောင်းမေးမည်ဟု ပညာရေးဝန်ကြီးပြော

ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဒီချုပ်အစိုးရသက်တမ်း ဒုတိယနှစ်အတွင်း ပညာရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၂၀၁၈-၁၉ ပညာသင်နှစ် တွင် တက္ကသိုလ်ဝင်တန်းကို သင် ရိုးသစ်မပြောင်းလဲဘဲ လက်ရှိ သင်ရိုးအတိုင်း သင်ကြားမည်ဖြစ် ပြီး စာမေးပွဲမေးခွန်းကိုသာ စဉ်းစားတွေးခေါ်မှု  ဦးစားပေးသည့် မေးခွန်းပုံစံသို့ ပြောင်းလဲမည်ဟု ၎င်းက ရှင်းပြသည်။

၂၀၁၈ ကစကာ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံအနည်းငယ် ပြောင်းမည်ဖြစ်ပြီး တွေးခေါ် မြော်မြင်နိုင်မှု  အားပြုသော မေးခွန်းများ ပိုမိုထည့်သွင်းခြင်း ဖြင့် မေးခွန်း၏ အနှစ်သာရ မြင့်မားလာနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနက

 ၂၀၁၇ သြဂုတ် တွင် ကြိုတင်ကြေညာခဲ့သည်။

မတ်လက ကျင်းပခဲ့သည့် ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာမေးခွန်းတွင် အနည်းငယ် စတင်ပြောင်းလဲပြီး အခြေခံအားနည်းသည့် ကျောင်းသား၊ ကျောင်းသူများ အခက်တွေ့ခဲ့ရသည်ဟု အင်္ဂလိပ်စာဆရာအချို့က မှတ်ချက်ပြုသည်။

‘‘ဒီနှစ် အင်္ဂလိပ်စာမေးခွန်း က နမူနာပေါ့။ မေးခွန်းတစ်ခုလုံး ပြောင်းတာမဟုတ်ဘဲ ဂုဏ်ထူး မှတ်စစ်ထုတ်မယ့် အက်ဆေးနဲ့ ပေးစာပိုင်းကို ကလေးတွေ စဉ်းစားရေးနိုင်အောင် မေးထားတာမျိုးပေါ့။ နောက်နှစ်လည်း ဒီလို မေးခွန်းပုံစံတွေ

ဖြစ်လာနိုင်တော့ ဆရာ၊ ဆရာမတွေကိုယ်တိုင်က ကျောင်းသားကို လေ့ကျင့်ပေးတဲ့ပုံစံတွေ ပြောင်းဖို့အရေးကြီးတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီးမှ ကိုယ်ပိုင်ကျောင်းသင် ရူပဗေဒ ဆရာတစ်ဦးကဆိုသည်။

ယခင်က တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် မေးခွန်းတစ်စုံစီ ထုတ်သည်။ ၂၀၁၅-၁၆ ပညာသင်နှစ်ကစကာတစ်နိုင်ငံလုံးတွင် မေးခွန်းတစ်စုံသာ ထုတ်၍စစ်ဆေးသည့်စနစ်ကို ပြောင်းလဲသော်လည်း

မေးခွန်းပုံစံ ပြောင်းလဲမှုမရှိခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိပြီဖြစ်သည်။

Source;7Day Daily

News Read 13847 times