Sales Hotline : 09448001653       Download App



ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ Certificate In Hotel Operation နှင့် Certificate In Culinary Arts အပတ်စဉ် (၇) သင်တန်း ဖွင့်မည်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ Certificate In Hotel Operation နှင့် Certificate In Culinary Arts အပတ်စဉ် (၇) သင်တန်း ဖွင့်မည်

(Hospitality and Catering Training Academy) မှာ Certificate in Hotel Operation နဲ့ Certificate in Culinary Arts အပတ်စဉ် (၇) သင်တန်းများကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

သင်တန်းတွေကို ပြည်တွင်းပြည်ပမှ ပညာရှင်များနဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံရှိ ကျွမ်းကျင် ပညာရှင်များက ASEAN Competency သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးမှာပါ။

သင်တန်းကာလမှာ စာတွေ့ ၆ လ နဲ့ လက်တွေ့ ၂ လ (လုပ်ငန်းခွင်အလုပ်သင်) တက်ရောက်ရမှာဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီ (တနင်္လာနေ့ မှ သောကြာနေ့) အထိ

တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းကို တက္ကသိုလ်ဝင်တန်း (၁၀) တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲနဲ့ တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီး အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်းဖြစ်သူတွေ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

သင်တန်းလျှောက်လွှာတွေကို ဧပြီလ ၁၈ ရက်မှ စတင်ကာ ရယူနိုင်ပြီး မေလ ၁၈ ရက် နောက်ဆုံးထားကာ ပြန်လည်ပေးပို့ရမှာဖြစ်ပြီး သင်တန်းဝင်ခွင့်စာမေးပွဲ၊ လူတွေ့ဖြေဆိုရမယ့် သူများစာရင်းနဲ့ ဖြေဆိုရမယ့်နေ့ရက်၊ အချိန်တွေကို မေလ ၃၀ ရက်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးခန်းနဲ့ HCTA ကျောင်းတို့မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

သင်တန်းကြေး အခမဲ့ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားပါတယ်။ လျှောက်လွှာရယူရန်နဲ့ အသေးစိတ်အချက်အလက်တွေကို Hospitality and Catering Training Academy သင်တန်းကျောင်း၊ အမှတ် ၆၁ ၊ မကျီးကန်ကျေးရွာ၊ ကော့မှူးမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ဖုန်း-၀၉-၂၅၀၈၀၇၀၅၅၊ ၀၉-၂၅၁၀၃၄၅၆၆ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ အခန်းအမှတ် ၀၀၄၊ ၀၀၆၊ Inya Lake Hotel ၊ရန်ကုန်မြို့၊ ဖုန်း-၀၉-၂၅၄၃၈၉၉၅၉ မှာမေးမြန်းရယူနိုင်ပါတယ်။

Source;Internet Journal

News Read 1407 times