Sales Hotline : 09448001653       Download App



ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းကို အလေးထားကြောင်း ပညာရေးဝန်ကြီးပြောကြား

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းကို အလေးထားကြောင်း ပညာရေးဝန်ကြီးပြောကြား

ပညာရေးဝန်ကြီးဌာနအနေနဲ့ အလေးထားကြောင်းကို ဧပြီ ၁ ရက်က ပြုလုပ်တဲ့ပညာရေးသဘောတရားနှင့် လက်တွေ့သင်ကြားရေးဖွင့်ပွဲမှာ ပညာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို မြှင့်တင်ရာမှာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊

ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ အချက်အလက်များ၊ အထောက်အထားများအပေါ် မူတည်ပြီး ပြုလုပ်ခြင်းဖြစ်တယ်လို့

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး လေ့လာဆန်းစစ်မှု (CESR) ကိုအခြေခံပြီး အမျိုးသားပညာရေး

မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းထွက်နှုန်းလျော့နည်းရန်နှင့်ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးရစေရန်

အထူးအလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ ယင်းအခမ်းအနားမှာပြောခဲ့ပါတယ်။

အခြေခံပညာရေး၏ အရေးအကြီးဆုံးအတန်းဖြစ်သော မူလတန်းပညာရေးတွင် Grade-1,Grade-2,Grade-3 အတန်းများ၌ အခြေခံအဖတ်၊အရေး၊အတွက်များ ကျွမ်းကျင်အောင်သင်ကြားပေးရမှာ ဖြစ်ကြောင်းပေးရမှာ ဖြစ်ကြောင်း၊မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုများတွင် ဆရာ၊ ဆရာမများသည် အဓိကအရေးကြီးကြောင်း၊၂နှစ်သင် ပညာရေးကောလိပ်များကို ၄ နှစ် သင်ပညာရေး ကောလိပ်များအဖြစ် တိုးမြှင့်ဆောင်ရွက်နိုင်ရေးကြိုးပမ်း ဆောင်ရွက်လျှက်ရှိကြောင်း၊ပညာရေးအရည်အသွေး မြင့်မားစေရေးအတွက်အားလုံး ဝိုင်ဝန်းညီညာစွာ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

Source;Internet Journalုံ့hုငြျိ့ြေ်သေတငငလ်ြိုကငသစမုါူလုနမအါငစမနောူုကြ

News Read 2182 times