Sales Hotline : 09448001653       Download App



ပိုမိုကောင်းမွန်သော သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးသင့်တဲ့ ပုံစံများ

ပိုမိုကောင်းမွန်သော သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးသင့်တဲ့ ပုံစံများ

**Unicode**

 

ပြုလုပ်လာရန်၊ ပင်ကို စိတ်ဝင်စားမှုတိုးတက်လာရန်နှင့် ကောင်းမွန်သော သင်ယူမှု ပတ်ဝန်းကျင်ဖန်တီးရန်အထိရောက်ဆုံးသော နည်းလမ်းတစ်ခုဖြစ်သည်။

၁။ ကျောင်းသား၏ လိုအပ်ချက်နှင့် ဆီလျော်သော သင်ယူမှုဖန်တီးခြင်း

ကျောင်းသားများအနေဖြင့် ၎င်းကောင်းတို့၏ သင်ယူမှုသည် အောင်မြင်ပျော်ရွှင်မှုများအတွက် မရှိမဖြစ် အလွန်အရေးပါ၍ ဆီလျော်မှုရှိသည်ဟု မြင်သောအခါ ထိုသင်ယူမှုကို ပို၍ စိတ်ပါဝင်စားကာ ပါဝင်လုပ်ဆောင်ညပီး မှတ်ဉာဏ်တွင် စွဲမြဲစွာ မှတ်သားနိုင်သည်။

ဆီလျော်သော သင်ယူမှုဖြစ်ရန် ကျောင်းသား/သူများ၏ စိတ်ဝင်စားမှု၊ ပင်ကိုစွမ်းရည်၊ သင်ယူမှုပုံစံတို့ကို ဖော်ထုတ်လေ့လာ၍ ၎င်းတို့၏ လိုအပ်ချက် ပြည့်မီအောင် သင့်လျော်သော သင်ကြားမှုနည်းလမ်းများကို အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးခြင်းအားဖြင့် ကျောင်းသားများ သင်ယူမှုတွင် ပိုမိုစိတ်ပါဝင်စားပြီး ပါဝင်လုပ်ဆောင်လာနိုင်သည်။

၂။ စာသင်ခန်းကျင့်ဝတ်စည်းကမ်းဖန်တီးခြင်း

ကောင်းမွန်သော သင်ယူမှု ပတ်ဝန်းကျင်ဖန်တီးရန် ဆရာ၊ ကျောင်းသားနှစ်ဦးနှစ်ဖက် အပြုသဘော ဆောင်သော အပြုအမူများနှင့် မလိုလားအပ်သော အပြုအမှုများကို နားလည်ရန်လိုသည်။

ကျောင်းသားများနှစ်သက်သော ၎င်းတို့အပေါ် ပြုမှုဆက်ဆံပုံနည်းလမ်းများ (လေးစားမှု၊ မျှတမှု၊ ကြင်နာမှု၊ စာနာမှုနှင့် ဆိုင်သော အပြုအမှုများ) ကို ကျောင်းသားများနှင့် ဆွေးနွေးဖော်ထုတ်ပြီး ထိုဖော်ထုတ်မှုရလဒ်ကို အခြေခံ၍ ဆရာနှင့် ကျောင်းသား အပြန်အလှန်သဘောတူညီမှုဖြင့် စာသင်ခန်းကျင့်ဝတ်စည်းကမ်းနှင့်အညီ အခြားသူအပေါ် အကောင်းဆုံးပြုမှုဆက်ဆံမှုကို တည်ဆောက်ရန် လိုသည်။

၃။ အပြုသဘောဆောင်သော လုပ်ဆောင်မှုများကို သင်ကြားပေးခြင်း

ကျောင်သား/သူများအနေဖြင့် အမျိုးမျိုးသော နောက်ခံမိသားစု၊ ယဉ်ကျေးမှု၊ လူမှုစီးပွားရေးပေါင်းစုံမှ လာသည့်အတွက် ကျောင်းသားများ၏ အတွေးအမြင်များကို ထိုနောက်ခံလူမှု စီးပွားရေးအခြေအနေများမှ လွှမ်းမိုးမှုများ ရှိနိုင်သည်။

ထို့ကြောင့် ကျောင်းသားများကို အပြုသဘောဆောင်သော လုပ်ဆောင်မှု (Positive Action) များကို အသေးစိတ်၊ တစ်သမတ်တည်း၊ စနစ်တကျ နည်းလမ်းများဖြင့် သင်ကြားပေးရန် လိုသည်။

အပြုသဘောဆောင်သော လုပ်ဆောင်မှုသင်ရိုးဇယား (Positive Action Curriculum) ဖန်တီးခြင်းသည် ကျောင်းသားများအား ကောင်းမွန်သော အပြုအမှုများကို စွဲမြဲစွာ သင်ကြားရန် အထိရောက်ဆုံး နည်းလမ်းများဖြစ်သည်။

REAd - အမေရိကန်ပညာရေးနှင့် မြန်မာနိုင်ငံပညာရေးရဲ့ စာသင်ကြားပုံ ကွာခြားချက်

၄။ ပင်ကိုစိတ်ဝင်စားမှု ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီခြင်း

ဆရာများအနေဖြင့် ကျောင်းသားများကို မလိုလားအပ်သော အတွေးအမြင်များမှ ကောင်းမွန်သော အတွေးအမြင်များသို့ ပြောင်းလဲရန် လမ်းညွှန် ပေးခြင်းအားဖြင့် ကောင်းမွန်သော စိတ်ခံစားမှုများ ရရှိနိုင်ကာ အင်အားကြီးမားသော ပင်ကိုစိတ်လှုံ့ဆော်မှု (Power Intrinsic Motivator) ဖြစ်နိုင်သည်။

၅။ ကောင်းမွန်သော အပြုအမှုများ ပြုမှုရန် တိုက်တွန်းအားပေးခြင်း

ဆရာများအနေဖြင့် ကျောင်းသားများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခြင်းနှင့် ကောင်းမွန်သော အပြုအမှုများ ပြုမှုရန် တိုက်တွန်းအားပေးခြင်းသည် ကျောင်းသားများ ကောင်းမွန်သော လုပ်ဆောင်မှုများစ ပြုလုပ်လာရန်၊ ပင်ကို စိတ်ဝင်စားမှု တိုးတက်လာရန်နှင့် ကောင်းမွန်သော သင်ယူမှုပတ်ဝန်းကျင်ဖန်တီးရန် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။

၆။ အကောင်းမြင်မှုဖြင့် အစဉ်တုံ့ပြန်ခြင်း

အကောင်းမြင်ခြင်းသည် Positive Learning Environment ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ဆရာသည် ကျောင်းသားများနှင့် ဆက်ဆံရာတွင် အကောင်းမြင်သောအမှုအရာနှင့် ဆက်ဆံခြင်း၊ ကောင်းမွန်သော လုပ်ဆောင်မှုဖြင့် ပြသခြင်းနှင့် ကောင်းမွန်သော ခံယူချက်သဘောထားများကို ထိန်းသိမ်းခြင်းသည် ကောင်းမွန်သော သင်ယူမှုပတ်ဝန်းကျင်ဖန်တီးရန်နှင့် အောင်မြင်သော ကျောင်းသားများ မွေးထုတ်ရန် အရေးကြီးအေသာ အဆင့်တစ်ဆင့်ဖြစ်သည်။


ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: မြဝတီ

 

**Zawgyi**

 

ျပဳလုပ္လာရန္၊ ပင္ကို စိတ္၀င္စားမႈတုိးတက္လာရန္ႏွင့္ ေကာင္းမြန္ေသာ သင္ယူမႈ ပတ္၀န္းက်င္ဖန္တီးရန္အထိေရာက္ဆုံးေသာ နည္းလမ္းတစ္ခုျဖစ္သည္။

၁။ ေက်ာင္းသား၏ လုိအပ္ခ်က္ႏွင့္ ဆီေလ်ာ္ေသာ သင္ယူမႈဖန္တီးျခင္း

ေက်ာင္းသားမ်ားအေနျဖင့္ ၄င္းေကာင္းတို႔၏ သင္ယူမႈသည္ ေအာင္ျမင္ေပ်ာ္ရႊင္မႈမ်ားအတြက္ မရွိမျဖစ္ အလြန္အေရးပါ၍ ဆီေလ်ာ္မႈရွိသည္ဟု ျမင္ေသာအခါ ထုိသင္ယူမႈကို ပို၍ စိတ္ပါ၀င္စားကာ ပါ၀င္လုပ္ေဆာင္ညပီး မွတ္ဥာဏ္တြင္ စြဲၿမဲစြာ မွတ္သားႏုိင္သည္။

ဆီေလ်ာ္ေသာ သင္ယူမႈျဖစ္ရန္ ေက်ာင္းသား/သူမ်ား၏ စိတ္၀င္စားမႈ၊ ပင္ကုိစြမ္းရည္၊ သင္ယူမႈပုံစံတို႔ကို ေဖာ္ထုတ္ေလ့လာ၍ ၄င္းတုိ႔၏ လုိအပ္ခ်က္ ျပည့္မီေအာင္ သင့္ေလ်ာ္ေသာ သင္ၾကားမႈနည္းလမ္းမ်ားကို အတတ္ႏို္င္ဆုံး ညွိႏႈိင္းေဆာင္ရြက္ေပးျခင္းအားျဖင့္ ေက်ာင္းသားမ်ား သင္ယူမႈတြင္ ပိုမိုစိတ္ပါ၀င္စားၿပီး ပါ၀င္လုပ္ေဆာင္လာႏုိင္သည္။

၂။ စာသင္ခန္းက်င့္၀တ္စည္းကမ္းဖန္တီးျခင္း

ေကာင္းမြန္ေသာ သင္ယူမႈ ပတ္၀န္းက်င္ဖန္တီးရန္ ဆရာ၊ ေက်ာင္းသားႏွစ္ဦးႏွစ္ဖက္ အျပဳသေဘာ ေဆာင္ေသာ အျပဳအမူမ်ားႏွင့္ မလုိလားအပ္ေသာ အျပဳအမႈမ်ားကို နားလည္ရန္လုိသည္။

ေက်ာင္းသားမ်ားႏွစ္သက္ေသာ ၄င္းတို႔အေပၚ ျပဳမႈဆက္ဆံပုံနည္းလမ္းမ်ား (ေလးစားမႈ၊ မွ်တမႈ၊ ၾကင္နာမႈ၊ စာနာမႈႏွင့္ ဆုိင္ေသာ အျပဳအမႈမ်ား) ကို ေက်ာင္းသားမ်ားႏွင့္ ေဆြးေႏြးေဖာ္ထုတ္ၿပီး ထုိေဖာ္ထုတ္မႈရလဒ္ကို အေျခခံ၍ ဆရာႏွင့္ ေက်ာင္းသား အျပန္အလွန္သေဘာတူညီမႈျဖင့္ စာသင္ခန္းက်င့္၀တ္စည္းကမ္းႏွင့္အညီ အျခားသူအေပၚ အေကာင္းဆုံးျပဳမႈဆက္ဆံမႈကို တည္ေဆာက္ရန္ လို္သည္။

၃။ အျပဳသေဘာေဆာင္ေသာ လုပ္ေဆာင္မႈမ်ားကို သင္ၾကားေပးျခင္း

ေက်ာင္သား/သူမ်ားအေနျဖင့္ အမ်ိဳးမ်ိဳးေသာ ေနာက္ခံမိသားစု၊ ယဥ္ေက်းမႈ၊ လူမႈစီးပြားေရးေပါင္းစုံမွ လာသည့္အတြက္ ေက်ာင္းသားမ်ား၏ အေတြးအျမင္မ်ားကို ထုိေနာက္ခံလူမႈ စီးပြားေရးအေျခအေနမ်ားမွ လႊမ္းမိုးမႈမ်ား ရွိႏုိင္သည္။

ထုိ႔ေၾကာင့္ ေက်ာင္းသားမ်ားကို အျပဳသေဘာေဆာင္ေသာ လုပ္ေဆာင္မႈ (Positive Action) မ်ားကို အေသးစိတ္၊ တစ္သမတ္တည္း၊ စနစ္တက် နည္းလမ္းမ်ားျဖင့္ သင္ၾကားေပးရန္ လိုသည္။

အျပဳသေဘာေဆာင္ေသာ လုပ္ေဆာင္မႈသင္ရိုးဇယား (Positive Action Curriculum) ဖန္တီးျခင္းသည္ ေက်ာင္းသားမ်ားအား ေကာင္းမြန္ေသာ အျပဳအမႈမ်ားကို စြဲၿမဲစြာ သင္ၾကားရန္ အထိေရာက္ဆုံး နည္းလမ္းမ်ားျဖစ္သည္။

REAd - အေမရိကန္ပညာေရးႏွင့္ ျမန္မာႏိုင္ငံပညာေရးရဲ႕ စာသင္ၾကားပုံ ကြာျခားခ်က္

၄။ ပင္ကုိစိတ္၀င္စားမႈ ဖြံ႕ၿဖိဳးတုိးတက္လာေအာင္ ကူညီျခင္း

ဆရာမ်ားအေနျဖင့္ ေက်ာင္းသားမ်ားကို မလုိလားအပ္ေသာ အေတြးအျမင္မ်ားမွ ေကာင္းမြန္ေသာ အေတြးအျမင္မ်ားသို႔ ေျပာင္းလဲရန္ လမ္းညႊန္ ေပးျခင္းအားျဖင့္ ေကာင္းမြန္ေသာ စိတ္ခံစားမႈမ်ား ရရွိႏုိင္ကာ အင္အားႀကီးမားေသာ ပင္ကိုစိတ္လႈံ႕ေဆာ္မႈ (Power Intrinsic Motivator) ျဖစ္ႏုိ္င္သည္။

၅။ ေကာင္းမြန္ေသာ အျပဳအမႈမ်ား ျပဳမႈရန္ တုိက္တြန္းအားေပးျခင္း

ဆရာမ်ားအေနျဖင့္ ေက်ာင္းသားမ်ား၏ ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳျခင္းႏွင့္ ေကာင္းမြန္ေသာ အျပဳအမႈမ်ား ျပဳမႈရန္ တုိက္တြန္းအားေပးျခင္းသည္ ေက်ာင္းသားမ်ား ေကာင္းမြန္ေသာ လုပ္ေဆာင္မႈမ်ားစ ျပဳလုပ္လာရန္၊ ပင္ကုိ စိတ္၀င္စားမႈ တုိးတက္လာရန္ႏွင့္ ေကာင္းမြန္ေသာ သင္ယူမႈပတ္၀န္းက်င္ဖန္တီးရန္ အထိေရာက္ဆုံး နည္းလမ္းတစ္ခုျဖစ္သည္။

၆။ အေကာင္းျမင္မႈျဖင့္ အစဥ္တုံ႕ျပန္ျခင္း

အေကာင္းျမင္ျခင္းသည္ Positive Learning Environment ၏ အဓိက အစိတ္အပိုင္းတစ္ခုျဖစ္သည္။

ဆရာသည္ ေက်ာင္းသားမ်ားႏွင့္ ဆက္ဆံရာတြင္ အေကာင္းျမင္ေသာအမႈအရာႏွင့္ ဆက္ဆံျခင္း၊ ေကာင္းမြန္ေသာ လုပ္ေဆာင္မႈျဖင့္ ျပသျခင္းႏွင့္ ေကာင္းမြန္ေသာ ခံယူခ်က္သေဘာထားမ်ားကို ထိန္းသိမ္းျခင္းသည္ ေကာင္းမြန္ေသာ သင္ယူမႈပတ္၀န္းက်င္ဖန္တီးရန္ႏွင့္ ေအာင္ျမင္ေသာ ေက်ာင္းသားမ်ား ေမြးထုတ္ရန္ အေရးႀကီးေအသာ အဆင့္တစ္ဆင့္ျဖစ္သည္။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိက တကၠသိုလ္မ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား ေက်ာင္းမ်ားScholarshipKnowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Source: ျမ၀တီ

Tips Read 4418 times