Sales Hotline : 09448001653       Download App



ကောင်းတဲ့ ပညာ ရေးနဲ့ ညံ့တဲ့ ပညာ ရေးတို့ရဲ့ ကွာခြားချက် (၈)ချက်

ကောင်းတဲ့ ပညာ ရေးနဲ့ ညံ့တဲ့ ပညာ ရေးတို့ရဲ့ ကွာခြားချက် (၈)ချက်

**Unicode**

၁. ကောင်းမွန်တဲ့ပညာရေးက ဘယ်လိုသင်ယူရမယ်ဆိုတဲ့နည်းလမ်းကို သင်ပေးပြီး ညံ့တဲ့ပညာရေးကတော့ သင်ယူရမယ့်အကြောင်းအရာတွေကိုပဲ သင်ပေးတယ်။

၂. ကောင်းတဲ့ပညာရေးက လူအချင်းချင်း၊ လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေအောင်ပြောဆိုဆက်ဆံနိုင်ရေးနဲ့ အရေးအဖတ် အတွက်အချက်နှစ်မျိုးစလုံးကို သင်ကြားပေးပါတယ်။ ညံ့တဲ့ပညာရေးကတော့ သင်ပေးရ လွယ်ကူ တဲ့ အရေးအဖတ်အတွက်အချက်တွေလောက်ကိုသာ အဓိကထားပါတယ်။

၃. ကောင်းတဲ့ပညာရေးက သင်ယူလေ့လာမှုကို သဘောကျနှစ်သက်စေပြီး ညံ့တဲ့ပညာရေးကတော့ သင်ယူ လေ့လာမှုကို မုန်းတီးစေတယ်။

၄. ကောင်းတဲ့ပညာရေးက ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့အားပေးပေမယ့် ညံ့တဲ့ပညာရေးကတော့ ကျောင်း သင်စာတွေအပေါ် စွမ်းဆောင်မှုကိုပဲ အဓိကထားတယ်။

၅. ကောင်းတဲ့ပညာရေးက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတတ်အောင်လုပ်ပေးတယ်။ ညံ့တဲ့ပညာရေးကတော့ ရေးဆွဲထားတဲ့ အစီအမံအတိုင်း လိုက်လုပ်ဖို့ကို တွန်းအားပေးတယ်။

၆. ကောင်းတဲ့ပညာရေးက အများနဲ့မတူတဲ့ ခွဲထွက်စဉ်းစားတတ်မှုကို တိုးတက်အောင်လုပ်ပေးတယ်။ ညံ့တဲ့ ပညာရေးကတော့ စိန်ခေါ်ပြီးလုပ်တာမျိုးကို တားမြစ်ပါတယ်။

၇. ကောင်းတဲ့ပညာရေးက ကိုယ်ပိုင်အယူအဆကို ပုံဖေါ်ဖို့အားပေးပြီး ညံ့တဲ့ပညာရေးကတော့ ရှိပြီးသားစံပြ အဖြေတွေနဲ့ ယူဆချက်တွေကိုပဲ ခွင့်ပြုတယ်။

၈. ကောင်းတဲ့ပညာရေးက တစ်ဦးချင်းစီရဲ့ မွေးရာပါဗီဇထူးချွန်မှုတွေကို ရှာဖွေဖေါ်ထုတ်ဖို့ကူညီပေးတယ်။ ညံ့တဲ့ပညာရေးကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့တဲ့ခံစားမှုကိုဖြစ်စေတယ်။

ကွာခြားချက်တွေကို ဖတ်ရှူပြီးရင် ပညာရေးကောင်းဖို့ ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ ပြောစရာ တောင်လိုမယ်မထင်ပါဘူး။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Credit: ဆန်းသစ်မြန်မာ

 

**Zawgyi**

၁. ေကာင္းမြန္တဲ့ပညာေရးက ဘယ္လိုသင္ယူရမယ္ဆိုတဲ့နည္းလမ္းကို သင္ေပးၿပီး ညံ့တဲ့ပညာေရးကေတာ့ သင္ယူရမယ့္အေၾကာင္းအရာေတြကိုပဲ သင္ေပးတယ္။

၂. ေကာင္းတဲ့ပညာေရးက လူအခ်င္းခ်င္း၊ လူမႈပတ္ဝန္းက်င္မွာ အဆင္ေျပေအာင္ေျပာဆိုဆက္ဆံနိုင္ေရးနဲ႕ အေရးအဖတ္ အတြက္အခ်က္ႏွစ္မ်ိဳးစလုံးကို သင္ၾကားေပးပါတယ္။ ညံ့တဲ့ပညာေရးကေတာ့ သင္ေပးရ လြယ္ကူ တဲ့ အေရးအဖတ္အတြက္အခ်က္ေတြေလာက္ကိုသာ အဓိကထားပါတယ္။

၃. ေကာင္းတဲ့ပညာေရးက သင္ယူေလ့လာမႈကို သေဘာက်ႏွစ္သက္ေစၿပီး ညံ့တဲ့ပညာေရးကေတာ့ သင္ယူ ေလ့လာမႈကို မုန္းတီးေစတယ္။

၄. ေကာင္းတဲ့ပညာေရးက ဘက္ေပါင္းစုံ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အားေပးေပမယ့္ ညံ့တဲ့ပညာေရးကေတာ့ ေက်ာင္း သင္စာေတြအေပၚ စြမ္းေဆာင္မႈကိုပဲ အဓိကထားတယ္။

၅. ေကာင္းတဲ့ပညာေရးက ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ခ်တတ္ေအာင္လုပ္ေပးတယ္။ ညံ့တဲ့ပညာေရးကေတာ့ ေရးဆြဲထားတဲ့ အစီအမံအတိုင္း လိုက္လုပ္ဖို႔ကို တြန္းအားေပးတယ္။

၆. ေကာင္းတဲ့ပညာေရးက အမ်ားနဲ႕မတူတဲ့ ခြဲထြက္စဥ္းစားတတ္မႈကို တိုးတက္ေအာင္လုပ္ေပးတယ္။ ညံ့တဲ့ ပညာေရးကေတာ့ စိန္ေခၚၿပီးလုပ္တာမ်ိဳးကို တားျမစ္ပါတယ္။

၇. ေကာင္းတဲ့ပညာေရးက ကိုယ္ပိုင္အယူအဆကို ပုံေဖၚဖို႔အားေပးၿပီး ညံ့တဲ့ပညာေရးကေတာ့ ရွိၿပီးသားစံျပ အေျဖေတြနဲ႕ ယူဆခ်က္ေတြကိုပဲ ခြင့္ျပဳတယ္။

၈. ေကာင္းတဲ့ပညာေရးက တစ္ဦးခ်င္းစီရဲ႕ ေမြးရာပါဗီဇထူးခြၽန္မႈေတြကို ရွာေဖြေဖၚထုတ္ဖို႔ကူညီေပးတယ္။ ည့ံတဲ့ပညာေရးကေတာ့ ကိုယ့္ကိုယ္ကို တန္ဖိုးမဲ့တဲ့ခံစားမႈကိုျဖစ္ေစတယ္။

ကြာျခားခ်က္ေတြကို ဖတ္ရွဴၿပီးရင္ ပညာေရးေကာင္းဖို႔ ဘယ္ေလာက္ထိ အေရးႀကီးတယ္ဆိုတာ ေျပာစရာ ေတာင္လိုမယ္မထင္ပါဘူး။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိက တကၠသိုလ္မ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား၊ ေက်ာင္းမ်ား၊ Scholarship၊ Knowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Credit: ဆန္းသစ္ျမန္မာ

Tips Read 1733 times