Sales Hotline : 09448001653       Download App



မြတ်ပညာ၊ မြတ်ဆရာ၊ မိဘကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်များ

မြတ်ပညာ၊ မြတ်ဆရာ၊ မိဘကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်များ

**Unicode**

 

ဘယ်ကျင့်ဝတ်တွေကို မှတ်မိသေးလဲ ???

မှတ်မိတဲ့သူရှိသလို၊ အမှတ်တမဲ့ မေ့နေတဲ့သူတွေလည်း အများကြီးရှိပါလိမ့်မယ်။ ကျင့်ဝတ်တွေကတော့ အလွတ်ကို ရနေရမှာနော်။

ကဲ… ဒီတော့ အလွတ်ရတဲ့အထိ မှတ်သားထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁. မြတ်ပညာ

ပညာပြည့်၀ နှလုံးလှသော်

ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်

ကျဉ်းကျယ် ထွင်းဖောက် ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။

၂. မြတ်ဆရာ

ရှေးရှုမေတ္တာ၊ ကရုဏာနှင့်

နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း

ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍

ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ

ဆရာဟူလေ့ာ။

၃. မိဘကျင့်ဝတ်

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လက်

အတတ်သင်စေ၊ ပေးဝေနှီးရင်း

ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်

ဖခင်မယ်တို့တာ။

၄. ဆရာကျင့်ဝတ်

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ

သိပ္ပမချန်၊ ဘေးရန်ဆီးကာ

သင့်ရာအပ်ဖို့၊ ဆရာတို့

ကျင့်ဖို့ ဝတ်ငါးဖြာ။

၅.သားသမီးကျင့်ဝတ်

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ

မွေခံထိုက်စေ၊ လှူမျှဝေ၍

စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်

ကျင့်ဖွယ်သားတို့တာ။

၆. တပည့်ကျင့်ဝတ်

ညီညာထကြွ၊ ဆုံးမနာယူ

လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး

သင်တွေးအံရွတ်၊ တပည့်ဝတ်

မချွတ်ငါးခုသာ။

၇. နာယကဂုဏ် ခြောက်ပါး

ထကြွ၊ နိုးကြား၊ သနား သည်းခံ

ဝေဖန်ထောက်ရှု၊ ဤခြောက်ခု

ကြီးသူကျင့်ဝတ်သာ။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

**Zawgyi**

 

 




၁. မြတ်ပညာ




၂. မြတ်ဆရာ





ဆရာဟူလော့။

၃. မိဘကျင့်ဝတ်




ဖခင်မယ်တို့တာ။

၎. ဆရာကျင့်ဝတ်




ကျင့်ဖို့ ၀တ်ငါးဖြာ။

၅.သားသမီးကျင့်ဝတ်




ကျင့်ဖွယ်သားတို့တာ။

၆. တပည့်ကျင့်ဝတ်

ညီညာထကြွ၊ ဆုံးမနာယူ



မချွတ်ငါးခုသာ။

၇. နာယကဂုဏ် ခြောက်ပါး


ဝေဖန်ထောက်ရှု၊ ခြောက်ခု

ကြီးသူကျင့်ဝတ်သာ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။


Tips Read 6920 times