Sales Hotline : 09448001653       Download App



နွေရာသီကျောင်းပိတ်ရက်မှာ ဘာသင်တန်းတွေ တတ်သင့်လဲ ?

နွေရာသီကျောင်းပိတ်ရက်မှာ ဘာသင်တန်းတွေ တတ်သင့်လဲ ?

**Unicode**

 

ကျောင်းတွေပိတ်ထားတော့ အတော်လည်း ပျော်နေမယ်ထင်ပါတယ်။ ခရီးတွေလည်း ထွက်ပြီးလောက်ပါပြီနော်။

အားလပ်ချိန်အတွင်းမှာ ဘာသင်တန်းတွေ ဘာကျောင်းတွေ တတ်ကြမလဲဆိုတာလည်း ဆိုတာရော ရွေးပြီးကြပြီလား ?

(၁) ကွန်ပျူတာသင်ပါ။

ယနေ့ခေတ်မှာဆိုရင်တော့ ရေပန်းအစားဆုံးကတော့ ကွန်ပျူတာဆိုတဲ့ နည်းပညာပါပဲ။ ကွန်ပျူတာဆိုပေမယ့် Excel နဲ့ Word လောက်မှ မသုံးတတ်ရင် အလုပ်ဝင်ဆိုတာ သိပ်မလွယ်ကူပါဘူး။ 

နောက်ပြီး ပိုအရေးကြီးတာ လုပ်ငန်းခွင်အတော်များများမှာ Presentation တွေ လုပ်ရပါတယ်။ အဲ့အခါကျရင် မိမိအနေဖြင့် Power Point ကို ကျွမ်းကျွမ်း ကျင်ကျင် တတ်ထားဖို့ လိုအပ်လာပါတယ်။ ကွန်ပျူတာကို အခြေခံ လောက်ကတော့ အတော်များများ တတ်ပြီးသားဆိုပေမယ့် မြန်မာစာ စာစီစာရိုက်နဲ့ Graphic Design Basic လေးပါတတ်ရင်တော့ ပိုအဆင်ပြေပါတယ်။

READ - နည်းပညာကြောင့် ပညာရေးတွင်သက်ရောက်မှုများရှိ

(၂) ဘာသာစကား တစ်ခုခုသင်ယူပါ။

မိမိစိတ်ဝင်စားတဲ့ ဘာသာစကားအသစ်တစ်ခုကို လေ့လာသင်ယူပါ။ အများစုကတော့ အင်္ဂလိပ်စာ သင်တန်း၊ ဂျပန်သင်တန်းတို့၊ တရုတ်သင်တန်းတို့ ကို တက်ကြတာများပါတယ်။ ကိုယ့်ညီငယ်၊ ညီမငယ်တို့ကို အကြံပေးချင်တာကတော့ ဆယ်တန်းဆိုတဲ့ အောင်စာရင်းမထွက်ခင်မှာ ကြိုက်နှစ်သက်ရာ ဘာသာစကားတစ်ခုခုကို တက်ထားသင့်ပါတယ်။

(၃) အနုပညာ သင်တန်းတက်သင့်တယ်။

အနုပညာ ဝါသနာပါတဲ့ ကလေးတွေ အများရှိမယ်လို့ ထင်ပါတယ်။ ၁၀ တန်းပြီးပြီးချင် အချိန်ကို သေချာ အသုံးချ စေချင်ပါတယ်။ အခု လို ဖြေပြီးခါစအချိန်မှာ ဒီလိုအားလပ်ချိန်မျိုးက ဘဝမှာ နောက်တစ်ကြိမ် ရဖို့ မလွယ်ပါဘူး။

ဂစ်တာ တီးချင်လား ? ဂစ်တာသင်တန်းတတ်ပါ၊ တခြား ပန်းချီ ၊ ပီယာနို ၊ Vocal အစရှိတာတွေ အကုန်လုံး သင်တန်း ကောင်းကောင်း စုံစမ်းပြီး တတ်ပါ။ ကျန်တဲ့ အချိန်ပိုတွေမှာလည်း အဲ့ပညာရပ် တွေကို သေချာပြန်လေ့ကျင့်ဖို့ မပျင်းပါနဲ့။

(၄) Workshop တွေ

သင်တန်းကြေးတွေ အများကြီး အကုန်မခံလိုတဲ့ ကလေးတွေကိုတော့ Workshop တွေ Join ဖို့ အကို ညွှန်းချင်ပါတယ်။

အထူးသဖြင့် ဓါတ်ပုံရိုက်တာ ဝါသနာပါတဲ့ လူတွေအတွက် Workshop တော်တော်များများရှိပါတယ်။ YU Photography Club , နောက် ပြင်သစ် သံရုံး ( Institut Francais de Birmanie) နဲ့ ဂျာမန် သံရုံး (Gothe Institute) က ဦးစီးပြီး လုပ်တဲ့ Workshop တွေက တကယ်ကောင်းပါတယ်။


ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

**Zawgyi**

 

 



(၁) ကွန်ပျူတာသင်ပါ။









(၄) Workshop တွေ



မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။


Tips Read 1463 times