Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းအဖြေလွှာစစ်ဆေးရန် အင်အားမလုံလောက်လျှင် လုပ်သက်သုံးနှစ်အောက် ဆရာ၊ ဆရာမများကိုပါ ရွေးချယ်စစ်ဆေးစေမည်

တက္ကသိုလ်ဝင်တန်းအဖြေလွှာစစ်ဆေးရန် အင်အားမလုံလောက်လျှင် လုပ်သက်သုံးနှစ်အောက် ဆရာ၊ ဆရာမများကိုပါ ရွေးချယ်စစ်ဆေးစေမည်

အဖြေလွှာစစ်ဆေးရန်အတွက် အခြေခံပညာကဏ္ဍမှ ဘာသာရပ်အလိုက်၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော လုပ်သက်သုံးနှစ် အထက် ဆရာ၊ ဆရာမများကို ရွေးချယ်ရမည်ဖြစ်သော်လည်း မြို့နယ်အလိုက် တောင်းခံထားသော ဆရာ၊ ဆရာမအင်အား ပြည့်မီခြင်းမရှိပါက ဘာသာရပ်အလိုက် လုပ်သက်သုံးနှစ်အောက်ရှိသော အထက်တန်းပြများကိုပါ ရွေးချယ် စေလွှတ်မည်ဖြစ်သည်။

READ - လာမည့်ပညာသင်နှစ် အခြေခံပညာကျောင်းပိတ်ရက် ၁၆၈ ရက်ရှိမည်ဖြစ်ပြီး ကျောင်းတက်ရက် ၁၉၇ ရက်ရှိ

အဖြေလွှာများကို စစ်ဆေးရန်အတွက် အခြေခံပညာကဏ္ဍရှိ အထက်တန်းပြဆရာ၊ ဆရာမများကိုပါ ရွေးချယ်ရာတွင် အထက်တန်းပြများကို ရွေးချယ်ရာတွင် ဘီအီးဒီစာပေးစာယူ နှစ်နှစ်သင်တန်း တက်ရောက်နေသူများ၊ ကျန်းမာရေးမကောင်းသူများ (အတွင်းလူနာ)၊ ကိုယ်ဝန်အရင့်အမာရှိသူများ၊ ပင်စင်ယူခါနီးအသက် (၅၈) နှစ်အထက် ရှိသူများ ပါဝင်ပါက မှတ်ချက်ရေးသားပေးပို့ သွားရမည်ဖြစ်သည်။

ရွေးချယ်ခြင်းခံထားရသော ဆရာ၊ ဆရာမများအနေဖြင့် မတ်လကုန်မှစတင်ပြီး သက်ဆိုင်ရာ တက္ကသိုလ်များတွင် စာစစ်လုပ်ငန်းများကို စတင်တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။

ယခုနှစ်တွင် ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား/သူ ခုနှစ်သိန်းကိုးသောင်းခန့် ၀င်ရောက်ဖြေဆိုခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 2850 times