Sales Hotline : 09448001653       Download App



၁၉ ကြိမ်မြောက် (PGDMA) အခြေခံပညာ အလယ်တန်းပြ ဆရာ၊ ဆရာမများ ခေါ်ယူ

၁၉ ကြိမ်မြောက် (PGDMA) အခြေခံပညာ အလယ်တန်းပြ ဆရာ၊ ဆရာမများ ခေါ်ယူ

မာလ်တီမီဒီယာ အတတ်ပညာဘွဲ့လွန် ဒီပလိုမာ (ပညာရေး) သင်တန်း Postgraduate Diploma in Multimedia Arts (Education) – PGDMA အမှတ်စဉ် (၁၉) သင်တန်းသို့ တက်ရောက်လို သူများ လျှောက်ထားနိုင်သည်။၏

၂. သင်တန်းဝင်ခွင့်လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရပါမည်-

(က) လျှောက်ထားသူနဲ့ မိဘ ၂ဦးစလုံးလက်ရှိ နိုင်ငံသားပြုမှုဥပဒေနှင့် ကိုက်ညီပြီး ဒေသမရွေးတာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

(ခ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်။

(ဂ) ပြင်ပမှ လျှောက်ထားသူဖြစ်ပါက ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ အသက် ၂၅ နှစ်ထက် မကြီးသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ၀န်ထမ်းဖြစ်ပါက အပိုဒ်ခွဲ (ခ) ပါ ဘွဲ့တစ်ခုခုရရှိသည့်အပြင် အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်သက်အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁) ရက်တွင် အသက် ၃၅ နှစ်ထက် မကြီးသူဖြစ်ရမည်။

(ဃ) ရန်ကုန်ပညာရေးတက္ကသိုလ် နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် တက်ရောက်နိုင်ရမည်။

(င) လျှောက်လွှာနှင့်အတူ ဘွဲ့လက်မှတ်ဓာတ်ပုံ မိတ္တူ (သို့မဟုတ်) ဘွဲ့ရကြောင်း ထောက်ခံစာနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မိတ္တူ တို့ကို ပူးတွဲတင်ပြရမည်။

(စ) လျှောက်ထားသူများသည် ကွန်ပျူတာပညာရပ် နားလည်တတ်ကျွမ်းမှု အခြေခံသည့် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတတို့ကို ရေးဖြေဖြေဆိုရမည်။

READ - မူလတန်း ဆရာအတတ်ပညာသင်တန်းဝင်ခွင့် ကြေညာမည့်ရက် ပြောင်းလဲ

၃. ဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာကို ပူးတွဲတင်ပြပေးရမှာဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်နဲ့မြို့နယ်ပညာရေးမှူးရုံးများသို့ အချိန်မီ လျှောက်ထားရမည်။ ပညာရေးဝန်ကြီးဌာနသို့ မဟုတ် ပညာရေးတက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားမှု မပြုရပါ။

၎. ကွန်ပျူတာတတ်ကျွမ်းမှုကို အခြေခံသည့် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ ဘာသာရပ် ရေးဖြေစာမေးပွဲကို ၂၀၁၈ ခုနှစ် ဧပြီ ၄ ရက် သတ်မှတ်ပေးသည့် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖြေဆိုရမှာ ဖြစ်ပါတယ်။

(က) အင်္ဂလိပ်စာဘာသာရပ်          - နံနက် ၉း၀၀ နာရီမှ နံနက် ၁၁း၀၀ နာရီအထိ

(ခ) အထွေထွေဗဟုသုတဘာသာရပ် - မွန်းလွဲ ၂း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ

၅. ဖြေဆိုရမည့် သူများ၏ ခုံအမှတ်စာရင်းနှင့် စာဖြေဌာနကို မတ်လ (၃၁) ရက်တွင် ပညာရေးကောလိပ်များနှင့် စာဖြေဌာနများတွက် ကြေညာထားမည်ဖြစ်ပြီး လူတွေ့နှုတ်ဖြေ ဖြေဆိုခွင့်ရရှိသူများ စာရင်းကို ၉-၅-၂၀၁၈ ရက်တွင် အဆိုပါဌာနများ၌ ကြေညာထားမည် ဖြစ်သည်။

၆. လူတွေ့နှုတ်ဖြေ ဖြေဆိုခွင့်ရရှိသူများအား ၂၀-၅-၂၀၁၈ ရက်မှ စ၍ ရန်ကုန်ပညာရေးတက္ကသိုလ် နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ် (မန္တလေးဌာနခွဲ) တို့တွင် လူတွေ့နှုတ်ဖြေစစ်ဆေးမည် ဖြစ်သည်။

၇. ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်းကောင်း၊ လူတွေ့နှုတ်ဖြေစစ်ဆေးခံရမည့်သူသည် ဘွဲ့လက်မှတ်မူရင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်း တို့ကို လည်းကောင်း တစ်ပါတည်း ယူဆောင်လာရမည်။

၈. သင်တန်းကာလမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလဆန်းပိုင်းအထိ (၁၀) လ တက်ရောက်ရမည်ဖြစ်သည်။

၉. သင်တန်းတက်ရောက်အောင်မြင်သူများကို အခြေခံပညာကျောင်းများတွင် အလယ်တန်းပြအဖြစ် ခန့်အပ်တာဝန်ပေးသွားမည် ဖြစ်သည်။

၁၀. လျှောက်ထားသူသည် ပူးတွဲပါသင်တန်းဝင်ခွင့် လျှောက်လွှာပုံစံအတိုင်း ကိုယ်တိုင်ရေးသားဖြည့်သွင်းထားသော လျှောက်လွှာ ၃စုံတွင် ၆ လအတွင်း ရိုက်ထားသည့် ပတ်စပို့အရွယ် ဓာတ်ပုံ (မျက်မှတ်တပ်ထားသဖြစ်ပါက မျက်မှန်ပါ ဓာတ်ပုံ ၁ ပုံနှင့် မျက်မှန်မပါဓာတ်ပုံ ၁ပုံ) တို့ကို ကပ်၍ ပူးတွဲရမည့် အထောက်အထားများနှင့်အတူ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၉ ရက်မှ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်အတွင်း သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်လွှာတင်သွင်းရမည်။

၁၁. တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများမှ ဖြေဆိုမည့် အင်အားစာရင်းချုပ်နှင့် လျှောက်လွှာများကို ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက် နောက်ဆုံးထားပြီး soft copy, hard copy တို့နှင့်အတူ သက်ဆိုင်ရာ ပညာရေး တက္ကသိုလ်များသို့ လာရောက်ပေးပို့ရမည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: ministry of education

News Read 3074 times