Sales Hotline : 09448001653       Download App



ကျောင်းမှာ သင်ယူလို့မရတဲ့ နည်းလမ်း ၁၁ ချက်

ကျောင်းမှာ သင်ယူလို့မရတဲ့ နည်းလမ်း ၁၁ ချက်

ဒီတော့ Bill Gates ရဲ့ ပြောကြားချက်အရ ဖတ်ကြည့်လိုက်ရအောင်။

၁. ဘ၀ကြီးက မမျှတဘူး၊ ဒါကို ကျင့်သားရအောင်လုပ်ပါ။

၂. စိတ်ဝင်စားစရာမကောင်းတဲ့သူတွေ အပေါ် သဘောကောင်းပါ။ သူတို့လက်အောက်မှာ သင်အလုပ်လုပ်ရကောင်း လုပ်ရလိမ့်မယ်။

၃. ကျောင်းဆရာတွေက တင်းကြပ်တယ်လို့ ထင်ရင် အလုပ်ရှင်လက်အောက်မှာ အလုပ်လုပ်ရမှ သိလိမ့်မယ်။

၎. သင့်မိဘတွေ အရင်ကဆိုရင် အခုလို ထိုင်းမှိုင်းနေတာမဟုတ်ဘူး။ သင့်အတွက် အသုံးစရိတ်ပေးရလို့၊ အ၀တ်လျော်ပေးနေရလို့၊ သင့်ရဲ့ အပြောကြီးတဲ့စကားတွေ နားထောင်ပေးနေရလို့။

၎. သင်ကျောင်းမှာ အနိုင်ရသူနဲ့ ရှုံးနိမ့်သူ ဆိုတာ မရှိခဲ့ရင် ဘ၀မှာတော့ ရှိနေဆဲ။

၅. ဘ၀ဆိုတာ ပညာသင်နှစ်ဝက်ကာလဆိုပြီး မပိုင်းခြားထားဘူး နွေရာသီကျောင်းပိတ်ရက်ဆိုတာလည်း မရှိဘူး။

၆. ရုပ်မြင်သံကြားက တကယ့်ဘ၀မဟုတ်ဘူး။ တကယ့်ဘ၀က ကော်ဖီဆိုင်ကထွက် အလုပ်သွားလုပ် နေရတာ။

၇. ဒီလောကကြီးက သင့်ဂုဏ်သိက္ခာတွေကို ဂရုစိုက် အလေးထားနေမှာမဟုတ်ဘူး။

၈. ကျောင်းပြီးပြီးချင်းတော့ တစ်နှစ်ဒေါ်လာ ၆၀၀၀၀ ရမှာ မဟုတ်ဘူး။

၉. ဟမ်ဘာဂါရောင်းလို့ သင့်သိက္ခာမထိခိုက်ပါဘူး။ သင့်အဖိုးအဖွားတွေက ဒါကို အခွင့်အရေးလို ခေါ်ခဲ့ကြတာ။

၁၀. ဆင်းရဲပြီးမွေးလာတာ သင့်အမှားမဟုတ်ဘူး။ ဆင်းရဲပြီး သေသွားရင်သာ သင့်အမှားပါ။

၁၁. တီထွင်ဖန်တီးမှုတွေ၊ အသစ်အသစ်တွေကို မကြားရတဲ့နေရာမှာ အချိန်ဖြုန်းနေရတာကို ကျွန်တော်မကြိုက်ဘူးဗျ…။

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Tips Read 1686 times