Sales Hotline : 09448001653       Download App



ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီအခြေခံဂျူဒိုသင်တန်းများ ဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီအခြေခံဂျူဒိုသင်တန်းများ ဖွင့်လှစ်

ထိုသင်တန်းများကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

“နွေရာသီကျောင်းပိတ်ရက်မှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံဂျူဒို သင်တန်းများကို နိုင်ငံတကာမှာ နိုင်ငံဂုဏ်ဆောင်ဂျူဒိုဆရာများက နည်းစနစ်မှန်ကန်စွာဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။

ဂျူဒိုအားကစားဟာ စိတ်ဓာတ်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အထောက်အကူပြုစေသလို မိမိဘ၀လုံခြုံမှုအတွက်လည်း ကာကွယ်နိုင်တဲ့ ပညာရပ်ဖြစ်တယ်။

အခြေခံပညာရပ်ပြည့်စုံပါက အဆင့်မြင့်ပညာရပ်ကို ဆက်လက်တက်နိုင်ရန် စီစဉ်ထားပါတယ်။

READ - လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၁၈) ရေးဖြေအောင်စာရင်းများ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်မည်

ပြည်သူဘ၀လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အဆင့်မြင့်ဂျူဒိုသင်တန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ပေး သွားမှာပါ။

အခုဆိုရင် ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း လုံခြုံရေး၊ ပြည်သူများလုံခြုံမှုအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အဖွဲ့ချုပ်တို့ ပေါင်းပြီး ကမ္ဘာလှည့်ခရီးသွားများ လုံခြုံရေးအတွက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို အဆင့်မြင့် ဂျူဒိုသင်တန်းများ သင်ပေးလျက်ရှိတယ်” ဟု သိရသည်။

ထိုနွေရာသီ အခြေခံဂျူဒိုသင်တန်းကို ကျိုက္ကဆံအားကစားကွင်း၊ ရေကြောင်းတက္ကသိုလ်၊ အောင်ဆန်းအားကစားကွင်း၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့နယ်ရှိ ဦးဝိစာရလမ်းအမျိုးသား ရေကူးကန်တွင် သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဦး သင်ကြားပေးနေသည်။

အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက်လည်း ဆက်လက်ဖွင့်လှစ်ပေးမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 1935 times