Sales Hotline : 09448001653       Download App



၂၀၁၇-၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း ဓာတုဗေဒဘာသာရပ် မေးခွန်းအတွက် စနစ်တကျ လေ့ကျင့်ဖြေဆိုနည်း

၂၀၁၇-၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း ဓာတုဗေဒဘာသာရပ် မေးခွန်းအတွက် စနစ်တကျ လေ့ကျင့်ဖြေဆိုနည်း

ဓာတုဗေဒ မေးခွန်းပုံစံ

Question 1 – TRUE (OR) FALSE (1 မှတ်တန် 7 ပုဒ်) Chapter 1 to 7 ထိ လေ့ကျင့်ပါ။

Question 2 – Fill in the Blanks (1 မှတ်တန် 7 ပုဒ်) Chapter 8 to 14 ထိ လေ့ကျင့်ပါ။

Question 3 – Multiple Choice (1 မှတ်တန် 7 ပုဒ်) Chapter 1 to 15 ထိ လေ့ကျင့်ပါ။

Question 4 – List A List B (1 မှတ်တန် 7 ပုဒ်) Chapter 1 to 13 ထိ လေ့ကျင့်ပါ။

List A List B ဖြေဆိုရာတွင် List A တွင်ရှိသော စာသား (သို့မဟုတ်) သင်္ကေတနှင့် List B တွင် ရှိသော စာသား (သို့မဟုတ်) သင်္ကေတတို့ကို မှန်ကန်စွာ တွဲ၍ ဖြေဆိုရမည်။

Question 5 – Definitions (1 မှတ်တန် 8 ပုဒ်)

Question 6 – Short Questions (2 မှတ်တန် 6 ပုဒ်) Chapter 1 to 5 and 15 မှ ပုစ္ဆာလေးတွေနဲ့ Definition များကို ရအောင်လုပ်ပါ။ Laboratory Equation များပါရအောင် ကျက်ထားပါ။

မှတ်ချက် ။   ။ Question No (1 to 6) က မေးခွန်းအားလုံး ဖြေဆိုရပါမယ်။ ရွေးချယ်ခွင့် မပေးထားပါ။

Question 7 – 4 မှတ်တန် 8 ပုဒ်ပေးထားပြီး (5) ပုဒ် ဖြေရမည်။

Chapter (1) မှ (4 မှတ်) တန် (၁) ပုဒ်

Chapter (2) မှ (4 မှတ်) တန် (၁) ပုဒ်

Chapter (3) မှ (4 မှတ်) တန် (၁) ပုဒ် (တစ်ခါတစ်ရံမှသာ မေးတတ်ပါသည်။)

Chapter (4) မှ (4 မှတ်) တန် (၁) ပုဒ်

Chapter (5) မှ (4 မှတ်) တန် (၁) ပုဒ်

Chapter (6) မှ (4 မှတ်) တန် (၁) ပုဒ်

Chapter (15) မှ (4 မှတ်) တန် (၁) ပုဒ်

Question 8 – 8 မှတ်တန် (8) ပုဒ်ပေးထားပြီး (4) ပုဒ် ဖြေရမည်။

(32 မှတ်) စုစုပေါင်း (100) ဖိုး ဖြေဆိုရပါမည်။

Chapter (3) Titration မှ (8 မှတ်တန်) (၁) ပုဒ်

Chapter (7) Heat of formation/combustion မှ (8 မှတ်တန်) (၁) ပုဒ်

Chapter (13) pH အခန်းမှ (8 မှတ်တန်) (၁) ပုဒ်

Laboratory မှ (8 မှတ်တန်) (၁) ပုဒ်

Manufacture မှ (8 မှတ်တန်) (၂) ပုဒ်

Organic Chemistry မှ (8 မှတ်တန်) (၂) ပုဒ်ထဲမှ အနည်းဆုံး (၁) ပုဒ်တော့ ရွေးချယ်ဖြေသင့်ပါသည်။ Organic Chemistry ဖြေဆိုသူများသည် အချိန်တိုအတွင်း ပြီးစီး၍ အမှတ်ပြည့်လည်း ရနိုင်ပါသည်။ Organic Chemistry သည် လူသားများအတွက် များစွာ အသုံးဝင်ပါသည်။

အထက်ပါ (8 မှတ်တန်) (6) ပုဒ်ထဲမှ ကြိုက်နှစ်သက်ရာ (4) ပုဒ်သာ ရွေးချယ်ဖြေဆိုသင့်ပါသည်။ Extraction အခန်းများကို တွဲမေးတတ်ပါသည်။ (ရှောင်လျှင်ရပါသည်)

သတိပြုသင့်သည့်အချက်များ

၁. Definition များကို သေချာစွာ ကျက်မှတ်ပါ။ ချရေးပြီး လေ့ကျင့်ပါ။

၂. ပုစ္ဆာများမတွက်မီ Theory များ၊ Formula များ၊ Unit များကို သေချာစွာ ကျက်မှတ်ပြီးမှ တွက်ပါ။

၃. Laboratory ပုံများ၊ Equation များ၊ Manufacture ပုံများကို အထပ်ထပ် အခါခါ လေ့ကျင့်ပါ။

၎. Organic Chemistry Equation များကို သေချာလေ့လာကျက်မှတ်ပြီး အကြိမ်ကြိမ်အခါခါ ချရေးပါ။

၅. ညလုံးပေါက် စာလုံးဝမကျက်ပါနှင့်။ အိပ်ရေး၀၀ အိပ်ပါ။

၆. စိတ်ကိုတည်ငြိမ်စွာထားပြီး အပိုင်ရသောအခန်းများကို အရင်ဖြေဆိုပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

News Read 4405 times