Sales Hotline : 09448001653       Download App



ကျောင်းသား၊ ကျောင်းသူတို့အတွက် အလွန်အရေးကြီးသော တက္ကသိုလ်ဝင်စာမေးပွဲကြီး

ကျောင်းသား၊ ကျောင်းသူတို့အတွက် အလွန်အရေးကြီးသော တက္ကသိုလ်ဝင်စာမေးပွဲကြီး

ကျောင်းသား၊ ကျောင်းသူများသာမက မိဘများအနေဖြင့်လည်း ဖြေဆိုရမည့် သူများနှင့် ထပ်တူ စိတ်လှုပ်ရှားနေသလိုမျိုး ခံစားရမှာပါ။

ဒီစာမေးပွဲက တက္ကသိုလ်ကို ကူးပြောင်းလို့ ရမယ့် အရေးကြီးတဲ့ စာမေးပွဲဖြစ်တာမို့ အားလုံးစိတ်လှုပ်ရှားနေကြမှာပါ။

ဆယ်တန်းရောက်ပြီဆိုတာနဲ့ စာသင်နှစ်တစ်နှစ်လုံးအတွက် စာတွေအားလုံးကို မှတ်မိနေအောင် ထပ်ခါထပ်ခါ လေ့ကျင့် ကျက်မှတ်နေရတဲ့အတွက် အရမ်းကို ပင်ပန်းခက်ခဲမှာ ဖြစ်ပါတယ်။

အဲဒီဆယ်တန်းစာမေးပွဲကြီးဟာ ကျောင်းသား၊ ကျောင်းသူတိုင်းရဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘ၀ အနာဂတ်အတွက် စိတ်ကူးအိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်မည့် အရေးကြီးသော ဘဝ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဖြေခါနီးမို့ဆိုပီး နေ့မအိပ် ညမအိပ် ကြိုးစားစာကြည့်တာမျိုးတွေကို မလုပ်ပါနဲ့။ စာမေးပွဲဖြေဆိုမည့် အချိန်ကာလများတွင်လည်း ခန္ဓာကိုယ်ရော ၊ စိတ်ပါ ကျန်းမာရွှင်လန်းတက်ကြွနေ ဖို့လိုအပ်ပါတယ်။

မိဘတွေအနေနဲ့လည်း မိမိကလေးများကို သေချာကြပ်မတ်ကြဖို့ အထူးလိုပါ့မယ်။

READ - ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်

တိုးတက်လာတဲ့ ယနေ့ခေတ်မှာ မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာစသည့် နည်းပညာတို့ ပေါများသောကြောင့် အဲပစ္စည်းတွေနဲ့ စာမေးပွဲအတွင်းမှာ ဝေးဝေးနေတာ အကောင်းဆုံးဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့ (မနက်ဖြန်) ဆိုရင်ဖြင့် ၂၀၁၈ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို တစ်နိုင်ငံလုံး တစ်ပြေးညီ စတင်ဖြေဆိုရတော့မည်ဖြစ်ပါသည်။

ထို့ကြောင့် မတ်လ ၇ ရက်နေ့ (မနက်ဖြန်) မှ စတင်ပြီး ၁၆ ရက်နေ့အထိ ဖြေဆိုရမည် ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆို ကြမည့် ကျောင်းသား၊ ကျောင်းသူတစ်ဦး စီတိုင်းကို ဂုဏ်ထူးများစွာနှင့်အတူ အမှတ် ကောင်းကောင်းဖြင့် အောင်မြင်နိုင်ကြပါစေလို့ Myanmar Education Directory မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

News Read 2560 times