Sales Hotline : 09448001653       Download App



လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၅/၁၈)သင်တန်း ရေးဖြေအောင်စာရင်းများ မတ်လ ဒုတိယပတ်အတွင်း ထုတ်ပြန်မည်

လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၅/၁၈)သင်တန်း ရေးဖြေအောင်စာရင်းများ မတ်လ ဒုတိယပတ်အတွင်း ထုတ်ပြန်မည်

ထိုရေးဖြေစာမေးပွဲ၏ အောင်စာရင်းများကို မတ်လ ဒုတိယပတ်အတွင်း ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါသည်။

ယခုနှစ်အတွင်း ထိုသင်တန်းကို သင်တန်းသားရွေးချယ်ရာ၌ မြို့နယ်အလိုက် မူလတန်းကျောင်းသား အရေအတွက်များသော ဒေသများရှိ ပညာရေးကောလိပ်များကို သင်တန်းသားပိုမို ၀င်ခွင့်ပေးသွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ရေးဖြေနှင့် လူတွေ့စစ်ဆေးမှုများကို အောင်မြင်ပြီး သင်တန်းဝင်ခွင့် ရရှိ သူများ အနေဖြင့် သင်တန်းတက်ရောက်ခြင်းမရှိပါက လျော်ကြေးငွေ သုံးသိန်းကို ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

ယခင်ကတော့ ၀င်ခွင့်ရရှိပြီး သင်တန်းမတက်ပါက လျော်ကြေး၊ ငါးသောင်းသာ ပေးဆောင်ခဲ့ရသည်။

ယခုနှစ်အတွက် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လေးသောင်းကျော် ၀င်ရောက်ဖြေဆိုခဲ့ပြီး ၆၀၀၀ ကျော် ကို ၀င်ခွင့်ပေးမည် ဖြစ်သည်။

သင်တန်းဝင်ခွင့်ရရှိသူများသည် ၂၀၁၈ ခုနှစ် ဧပြီ ၂ ရက်တွင် တက်ရောက်ရမည် ဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 11292 times