Sales Hotline : 09448001653       Download App



လာမည့်ပညာသင်နှစ်တွင် သင်ကြားမည့် ဒုတိယတန်းသင်ရိုးအသစ်နှင့် ပတ်သက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သင်တန်းဆွေးနွေးပွဲများ ပြုလုမည်

လာမည့်ပညာသင်နှစ်တွင် သင်ကြားမည့် ဒုတိယတန်းသင်ရိုးအသစ်နှင့် ပတ်သက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သင်တန်းဆွေးနွေးပွဲများ ပြုလုမည်

ယင်းအတွက် တာဝန်ယူသင်ကြားပေးရမည့် ဆရာ၊ ဆရာမများကို သင်ရိုးညွှန်းတမ်း၏ သဘောသဘာဝများကို နားလည်သဘောပေါက်စေရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် သင်တန်းဆွေးနွေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီး ဌာနမှ သိရသည်။

“ဒီနှစ်ကတော့ ဒုတိယတန်းအတွက်စပြီး သင်တန်းတွေ လုပ်တော့မှာပါ။ ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ မြို့နယ်ကျောင်းအဆင့်တွေအထိ လုပ်သွားရမှာ။ ကျောင်းဖွင့်ချိန်မှာ သင်ရိုးအသစ်ကို တစ်ခါတည်းပို့ချနိုင်အောင် အချိန်မီ သင်တန်းတွေ လုပ်ရမှာပါ” ဟု ပြောသည်။

တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင် သင်တန်းဆွေးနွေးပွဲတက်ရောက်ရမည့် ဆရာ၊ ဆရာမများသည် မြို့နယ်အဆင့်တွင် ပြုလုပ်မည့် သင်တန်းဆွေးနွေးပွဲများ၌ နည်းပြအဖြစ် တာဝန်ယူရမည်ဖြစ်သောကြောင့် ရွေးချယ်စေလွှတ်ပေးရမည့် သူများသည် အခြားသင်တန်းများတွင် သင်တန်းနည်းပြအဖြစ် အတွေ့အကြုံရှိသူများ မူလတန်းကျောင်းများတွင် သင်ကြားရေးအတွေ့အကြုံရှိသူများ၊ သင်ကြားရေးအတွေ့အကြုံနှစ် ၂၀ ရှိသူများ၊ ပညာရေးတိုးတက်မြင့်မားအောင် ဆောင်ရွက်လိုသူများ၊ ကလေးဗဟိုပြု ချဉ်းကပ်နည်းသင်တန်းတွင် နည်းပြအဖြစ် အတွေ့အကြုံရှိသူများဖြစ်ရန် လိုအပ်ပါသည်။

လာမည့်ပညာသင်နှစ်တွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားမည့် ဒုတိယတန်းတွင် ဘာသာရပ် ၁၀ မျိုးကို သင်ကြားမည်ဖြစ်ပြီး စာမေးပွဲစစ်ဆေးခြင်းများထက် သင်ယူတတ်မြောက်မှု မည်မျှ ရှိသည်ကိုသာ စစ်ဆေးမည်ဖြစ်သည်။

တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် သင်တန်းတက်ရောက်သူများထဲတွင် သိပ္ပံနှင့် ၀ိဇ္ဇာတစ်ဝက်စီ တက်ရောက်ရမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 6266 times