Sales Hotline : 09448001653       Download App



ပညာရေးဝန်ထမ်းများ ဆေးရုံတက်ကုသရသည့် ကိစ္စမှလွဲ၍ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးတာဝန်ကို ငြင်းဆန်ခြင်းမပြုရန်ညွှန်ကြား

ပညာရေးဝန်ထမ်းများ ဆေးရုံတက်ကုသရသည့် ကိစ္စမှလွဲ၍ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးတာဝန်ကို ငြင်းဆန်ခြင်းမပြုရန်ညွှန်ကြား

တက္ကသိုလ်ဝင်စာမေးပွဲ စာ စစ်ဌာနများတွင် ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူး၊ လက် ထောက်ကြီးကြပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး ကြောင်း မြို့ နယ်ပညာရေးမှူးရုံးများက သက် ဆိုင်ရာ ဆရာ၊ ဆရာမများကို ဖေဖော်ဝါရီ နောက်ဆုံးပတ်က စတင်အကြောင်းကြားနေသည်။

စာမေးပွဲကြီးကြပ်ရန်တာဝန် သည် ပညာရေးဌာနဆိုင်ရာ အမှု ထမ်းများ၏တာဝန်တစ်ခုဖြစ်၍ အလွန်အရေးကြီးသည့် ရုတ်တရက်ဆေးရုံ တင်ကုသရသည့်ကိစ္စ မှတစ်ပါး ကိုယ်ရေးကိုယ်တာကိစ္စ များကို ဆောင်ရွက်ရန်အတွက် စာမေးပွဲကြီးကြပ်မှုတာဝန်မှ ကင်းလွတ်ခွင့်ပြုမည် မဟုတ်ကြောင်း အဆိုပါ အကြောင်းကြားစာများ တွင် ညွှန်ကြားထားသည်။

‘‘စာမေးပွဲခန်းကြီးကြပ်ရေး က ဆရာ၊ ဆရာမအားလုံးရဲ့တာ ဝန်လေ။ လူတိုင်းက မဖြစ်မနေ စာမေးပွဲခန်းစောင့်ရမှာပဲ။ မမာ မကျန်းဖြစ်လို့ ဆေးရုံတက်ရသူ တွေ၊ အသက်ကြီးတဲ့သူတွေက လွဲပြီး ကျန်တဲ့သူက ငြင်းခွင့်မရှိ ဘူး။ တာဝန်ချထားကတည်းက စောင့်နိုင်တဲ့သူကို ရွေးချယ်တာ ပါ။ တာဝန်ပေးပြီးမှတော့ ငြင်းလို့ မရဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

READ - ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ရန်ကုန်တိုင်းရှိ ဆေးရုံလေးခုတွင် စာဖြေဌာနများ ဖွင့်မည်

တက္ကသိုလ်ဝင်စာမေးပွဲကြီး ကြပ်ရေးမှူးများကို မြို့နယ်ပညာ ရေးမှူးက ရွေးချယ်တာဝန်ပေး ခြင်းဖြစ်ကာ လက်ထောက်ကြီး ကြပ်ရေးမှူး လျာထားစာရင်းကို ကြီးကြပ်ရေးမှူးက မြို့နယ်ပညာ ရေးမှူးထံ တင်ပြပြီး မြို့နယ်ပညာ ရေးမှူးက စိစစ်တာဝန်ပေးခန့် ထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲခန်း စောင့်မည့် လက်ထောက်ကြီး ကြပ်ရေးမှူးများအဖြစ် အထက် တန်းပြ၊ အလယ်တန်းပြနှင့် အ တွေ့အကြုံရှိသော မူလတန်း ကျောင်းအုပ်များကို ဦးစားပေးခန့် ထားရန် မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနက ညွှန်ကြားထားသည်။

‘‘စာမေးပွဲအခန်းစောင့်မယ့် ဆရာမတွေကို ကိုယ့်ကျောင်းအုပ် က ဘယ်သူတွေ ပါသင့်တယ်ရွေး ပြီး မြို့နယ်ပညာရေးမှူးရုံးကို တင် ပြီး တာဝန်ပေးတာပေါ့။ ဆရာမ တွေက ခရီးသွားမှာမို့၊ အိမ်ကိစ္စ ရှိလို့နဲ့ အခန်းစောင့်ကိစ္စငြင်းကြ တာမျိုးတော့ရှိတယ်။ အဲဒါ ကြောင့် အကြာင်းကြားစာထဲ ထည့်ရေးတာ ဖြစ်နိုင်တယ်’’ဟု  မန္တလေးတိုင်းဒေသကြီးမှအထက် တန်းပြဆရာမတစ်ဦးက ဆိုသည်။ မည်သည့်ပညာရေးဝန်ထမ်း ကမှ စာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး တာဝန်များကို ငြင်းဆိုခြင်းမပြုရန် နှင့် အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိ လျှင် အချိန်မီတင်ပြရမည်ဖြစ်ပြီး အချိန်မီ မတင်ပြနိုင်ပါက နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ အတိုင်း အရေးယူခံရမည်ဟု မြန် မာနိုင်ငံစာစစ်ဦးစီးဌာနကလည်း အသိပေးထားသည်။

တက္ကသိုလ်ဝင်စားမေးပွဲကြီး ကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေး မှူးများအတွက် စာမေးပွဲကြီးကြပ် ခအဖြစ် တစ်ရက်လျှင် ကျပ် ၃,၆၀၀ နှင့် လက်ထောက်ကြီးကြပ် ရေးမှူးများအတွက် ကျပ် ၂,၀၀၀ နှုန်း ပညာရေးဝန်ကြီးဌာနက ပေး အပ်သည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ ၇ ရက်မှ ၁၆ ရက် အထိ ကျင်းပမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 3600 times