Sales Hotline : 09448001653       Download App



စတုတ္ထတန်းနှင့် အဌမတန်း စာမေးပွဲအဖြေလွှာစစ်ဆေးခြင်းကို ငြင်းပယ်ခြင်းမပြုရန် ဆရာ၊ ဆရာမ များအား ညွှန်ကြား

စတုတ္ထတန်းနှင့် အဌမတန်း စာမေးပွဲအဖြေလွှာစစ်ဆေးခြင်းကို ငြင်းပယ်ခြင်းမပြုရန် ဆရာ၊ ဆရာမ များအား ညွှန်ကြား

ယခုလ ဖေဖော်ဝါရီ ၁၉ရက်မှ စတင်ပြီး ၂၆ ရက်အထိ ဖြေဆိုရမည့် အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်း စာမေးပွဲ အဖြေလွှာများကို လာမည့် မတ်လ ၁ ရက်တွင် စတင် စစ်ဆေးရမည်ဖြစ်သည်။

အဖြေလွှာစစ်ဆေးရန်အတွက် တာဝန်ပေးအပ်ခြင်းခံရသော ဆရာ၊ ဆရာမများသည် နေ့စဉ် စာစစ်သည့် လုပ်ငန်းတာဝန်ကို မပျက်မကွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ဆေးရုံးတက်ကုသရသည့်ကိစ္စမှလွဲ၍ စာစစ်သူတာဝန်မှ ငြင်းပယ်ခွင့်မရှိကြောင်းကို ဆရာ၊ ဆရာမ တစ်ဦးချင်းစီအလိုက် ညွှန်ကြားထားပါသည်။

READ - ယခုနှစ် အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲ ကုစားမရှိ

စာမေးပွဲအဖြေလွှာများကို စစ်ဆေးသည့်အခါ တိုင်းဒေသကြီး ပြည်နယ်အလိုက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် စစ်ဆေးမည့် ဆရာ၊ ဆရာမများကို တစ်ဘာသာချင်းစီကို တာဝန်ခွဲဝေ ပေးထားကြောင်း အဖြေလွှာများ စစ်ဆေးသည့်အခါတွင် လျို့ဝှက်စွာ ဆောင်ရွက်ရန်နှင့် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

“စာမေးပွဲဆိုင်ရာ ပြဿနာကတော့ ဖြစ်ခဲပါတယ်။ မှားရင်လည်း မရည်ရွယ်ဘဲ မှားတတ်ကြတာပါ။ တာဝန်ပေးရင်တော့ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမှာပါ။ လေးတန်းရှစ်တန်းပြီးရင် တစ်ခါတည်း အဖြေလွှာတွေစစ်မှာပါ။ ပြီးရင် တက္ကသိုလ်ဝင်တန်းအတွက် မေးခွန်းတွေထုတ်ရမယ်။ စာမေးပွဲဖြေတဲ့အခါ အခန်းစောင့်ရမယ်။ အဲဒါကြောင့် စာမေးပွဲအောင်စာရင်းတွေကိုလည်း နဲနဲနောက်ကျပြီးမှ ထုတ်မှာပါ” ဟု ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတုတ္ထတန်းနှင့် အဌမတန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄ သိန်းကျော် ၀င်ရောက်ဖြေဆိုလျက်ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 4394 times