Sales Hotline : 09448001653       Download App



ပထမဆုံးအကြိမ်ကျင်းပမည့် ကျောင်းပေါင်းစုံတံခွန်စိုက်ဖလား ရွက်လှေပြိုင်ပွဲ

ပထမဆုံးအကြိမ်ကျင်းပမည့် ကျောင်းပေါင်းစုံတံခွန်စိုက်ဖလား ရွက်လှေပြိုင်ပွဲ

ထူးချွန်သည့် မျိုးဆက်သစ်လူငယ် ရွက်လှေကစားသမားများ ထွက်ပေါ်လာစေရန်အတွက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ ဦးစီး၍ ကျောင်းပေါင်းစုံတံခွန်စိုက်ဖလား ရွက်လှေပြိုင်ပွဲအား ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၃ ရက် နှင့် ၄ ရက်တို့တွင် ရန်ကုန်ရွက်လှေအသင်းတွင် ကျင်းပသွားမည် ဖြစ်သည်။

ယင်းကျောင်းပေါင်းစုံရွက်လှေပြိုင်ပွဲကို ရွက်လှေအဖွဲ့ချုပ်မှ ဖွဲ့စည်းထားသည့် ကလပ်အသင်းနှစ်သင်းမှ ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး Inter-School နှင့် Local School စသည့် ကျောင်းပေါင်းစုံမှ ၀ါသနာရှင်ကစားသမားများလည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ရာ ပြိုင်ပွဲအတွက် တစ်ဦးလျှင် ၀င်ကြေးကျပ် တစ်သောင်းစီပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းပေါင်းစုံတံခွန်စိုက်ဖလားရွက်လှေပြိုင်ပွဲတွင် Event (9) မျိုးဖြစ်သော Optimist A Open Class ၊ Optimist I Open Class ၊ Optimist B Open Class ၊ အသက် (၁၂) နှစ်အောက် SUP Open ၊ SUP Girls ၊ အသက် (၁၂) နှစ်မှ (၁၆) နှစ်အတွင်း SUP Open ၊ SUP Girls ၊ အသက် (၁၆) နှစ် အထက် SUP Open၊ SUP Girls ပြိုင်ပွဲ အမျိုးအစားများ ထည့်သွင်းထားလျက်ရှိသည်။

Source: Democracy

Government School Read 1149 times