Sales Hotline : 09448001653       Download App



အလယ်တန်းနဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ဒီဂျစ်တယ်နည်းပညာ အခမဲ့သင်ကြားပေးမည်

အလယ်တန်းနဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ဒီဂျစ်တယ်နည်းပညာ အခမဲ့သင်ကြားပေးမည်

“ပြီးခဲ့တဲ့နှစ်ကပဲ တယ်လီနော မြန်မာအနေနဲ့ နွေရာသီဒီဂျစ်တယ် နည်းပညာသင်တန်းကို ကယားပြည်မှာ ပို့ချခဲ့ပါတယ်၊ ဒီနှစ်တော့ အခြေခံပညာဦးစီးဌာနအောက်မှာရှိတဲ့ ကျောင်းပေါင်း ၃၃၃ ကျော်က ကျောင်းသား/သူ နှစ်သောင်းငါးထောင်ကျော်ကို ပို့ချသွားမယ်လို့ သိရပြီး ရှေ့နှစ်မှာလဲ ပိုမိုတိုးချဲ့သွားမယ်လို့ တယ်လီနောက သတင်းစကား ပေးပို့ထားပါတယ်” လို့ ဒီနေ့ကျင်းပတဲ့ နွေရာသီ ဒီဂျစ်တယ် နည်းပညာသင်တန်း ၂၀၁၈ ခုနှစ် စီမံချက်လုပ်ငန်း သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားမှာ ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက ပြောကြားခဲ့ပါတယ်။

READ - မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဘယ်အချက်က အဓိကကျလဲဆိုတော့....

အဲဒီအခမ်းအနားကို နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာနရဲ့လမ်းညွှန်ပံ့ပိုးကူညီမှုနဲ့ Telenor, IRRAWADDY, ERICSSON, KMD, MIDO တို့က ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။ တိုင်းနဲ့ပြည်နယ် ၁၅ ခုအတွင်းမှာရှိတဲ့ KMD Center နဲ့ နေရာချင်း နီးစပ်တဲ့ စာသင်ကျောင်း ၃၃၃ ခုမှာ ပို့ချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ပါမယ့်သင်ခန်းစာတွေကတော့ ကွန်ပျူတာကို ဘယ်လိုသုံးကြမလဲဆိုတဲ့ Microsoft Window OS အခြေခံ၊ Microsoft Office Word အခြေခံနဲ့ ဘေးကင်းစိတ်ချစွာ အင်တာနက် အွန်လိုင်းအသုံးပြုတတ်ရေးအတွက် SAVE INTERNET စတဲ့ သင်ခန်းစာတွေကို မတ်လ ၅ ရက်ကနေ မေလ ၃၁ ရက်အထိ သင်ကြားပြသသွားမှာပါ” လို့ Telenor Myanmar မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုမင်းသူက ပြောပါတယ်။

Telenor Myanmar အနေနဲ့ ဘေးကင်းစိတ်ချစွာ အင်တာနက်အွန်လိုင်း အသုံးပြုတတ်ရေး အစီအစဉ်ကို အခြေခံပညာကျောင်းတွေမှာ ၂၀၁၆ ခုနှစ်ကတည်းက လိုက်လံပို့ချခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ တစ်သိန်းသုံးသောင်းကျော်ကို ပို့ချပြီးဖြစ်တယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: internet

News Read 1843 times