Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများ သတိပြုရမည့် စာမေးပွဲစည်းကမ်းချက်များ

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများ သတိပြုရမည့် စာမေးပွဲစည်းကမ်းချက်များ

အခြေခံပညာအဆင့် ပြီးမြောက်ကြောင်း စစ်ဆေးသည့် စာမေးပွဲဖြစ်သည့်အပြင် အဆင့်မြင့်ပညာရေး (တက္ကသိုလ်ပညာရေး) နှင့် အသက်မွေး ၀မ်းကျောင်း ပညာရေးတို့ ဆက်လက်သင်ယူခွင့်အတွက် အဆုံးအဖြတ်ပေးသည့်စာ မေးပွဲဖြစ်ခြင်းကြောင့် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် စာမေးပွဲခန်း စောင့်ကြပ်သည့် ဆရာ၊ ဆရာမများအတွက် တင်းကျပ်သည့် စာမေးပွဲစည်းမျဉ်းစည်းကမ်းများကို မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက ချမှတ်ထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေ ဆိုသူများလိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားသော် လည်း စာမေးပွဲစည်းကမ်းဖောက် ဖျက်မှု၊ မသမာမှုများ ကြောင့် နှစ်စဉ် အရေးယူခံရမှုများရှိခဲ့သည်။

‘‘မသမာမှုတွေကတော့ နှစ် စဉ်ရှိနေတယ်။ စာမေးပွဲမှာမသမာ မှုနဲ့ သက်ဆိုင်တဲ့ပစ္စည်းပစ္စယ၊ စာ ရွက်စာတမ်းဒါတွေကတော့ လုံးဝ ယူလို့မရဘူး။ သူတို့ကို အကြိမ် ကြိမ်သတိပေးတယ်။ စာမေးပွဲခန်း အခန်းဝရောက်တဲ့ထိကို အကြိမ် ကြိမ်ပြောတယ်။ အထဲကို ၀င်ပြီး သွားတာနဲ့ မေ့ပြီးတော့ပါသွား တာပဲဖြစ်ဖြစ် မရတော့ဘူး။ ခွင့် မပြုတော့ဘူး။ ဖြေဆိုတဲ့အခါမှာ လည်း ဖြေဆိုစဉ် စည်းကမ်းတွေရှိ တယ်။ ဒါတွေမလိုက်နာရင်တော့ စည်းမျဉ်းစည်းကမ်းအရ အရေးယူ ခံရမှာပဲ’’ ဟု မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ညွှန်ကြားရေးမှူးဦးမိုး မြတ်ကျော်က ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုရာတွင် စာဖြေသူကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များကို စာမေးပွဲ ဖြေဆိုချိန်မစတင်မီ (နံနက် ၉နာရီ မထိုးမီ) စာမေးပွဲခန်းစောင့်ဆရာ၊ ဆရာမများ (လက်ထောက်ကြီး ကြပ်ရေးမှူးများ)က နေ့စဉ်ဖတ်ပြ ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားထားသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က သတ်မှတ်ထားသည့် စာမေးပွဲ ခန်းအတွင်း လိုက်နာရမည့်စည်း ကမ်းချက်များကို စာဖြေသူများ ကြိုတင်သိရှိနိုင်ရန် ကောက်နုတ် ဖော်ပြလိုက်ပါသည်။

(၁) တက္ကသိုလ်ဝင်စာမေးပွဲတွင် စာမေးပွဲစတင်ချိန်ထက် နာရီဝက် ကျော်နောက်ကျလာသော မည်သည့်စာဖြေသူကိုမျှဖြေဆိုခွင့်မပြု။

(၂) စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ကို နေ့စဉ်ယူဆောင်ခဲ့ပြီး စာဖြေသည့်ခုံပေါ်တွင် ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူး၊ လက် ထောက်ကြီး ကြပ်ရေး မှူးများ စစ် ဆေးနိုင်ရန် တင်ပြထားရမည်။ နောက်ဆုံးဖြေဆိုရမည့် ဘာသာ ရပ်ကိုဖြေဆိုပြီး စာမေးပွဲခန်းမှ မ ထွက်ခွာမီ စာမေးပွဲ ဖြေဆိုခွင့်ကတ် ပြားကို သက်ဆိုင်ရာလက်ထောက် ကြီးကြပ်ရေးမှူးထံ မပျက်မကွက် အပ်နှံခဲ့ကြရမည်။

(၃) ကိုယ်ပိုင်ဘောပင်၊ ခဲတံနှင့် သင်္ချာကိရိယာပစ္စည်းများကို ယူ လာခဲ့ကြရမည်။ သင်္ချာကိရိယာ များယူဆောင်ရာတွင် အများအသိ အမှတ် ပြုထားသည့် ကွန်ပါဘူးမှ လွဲ၍ အခြားဘူးများဖြင့် ယူဆောင် လာခြင်းမပြုရ။ ထိုပစ္စည်းများနှင့် အတူ မည်သည့်မှတ်စုမျိုးမှ ပါရှိမ လာစေရ။ သံသယရှိဖွယ်ရာကွန်ပါ ဘူးများကို စာမေးပွဲခန်းအတွင်းသို့ ယူဆောင်ခွင့်မပြု။

(၄) စာမေးပွဲခန်းတွင်းသို့ ကြည့်ရှုရန်၊ အကိုးအကားပြုရန်၊ ကူးယူ ရန် မည်သည့်အီလက်ထရွန်နစ် ပစ္စည်း၊ စာရွက်စာတမ်း၊ မှတ်စုတို နှင့် စာအုပ်များကိုမျှ ယူဆောင်ခြင်း မပြုရ။

(၅) အဖြေလွှာစာအုပ်၏ ပထမ စာမျက်နှာထိပ်ပိုင်းရှိ ခုံအမှတ်ရေး သားရန် သတ်မှတ်ပေးထားသည့် နေရာတွင်သာ မိမိ၏ခုံအမှတ်ကို မှန်ကန်ပီသစွာ ရေးသားရမည်။ အခြားမည်သည့်စာမျက်နှာတွင်မှ ခုံအမှတ်ရေးခြင်း၊ လက်မှတ်ရေး ထိုးခြင်း၊ အမည်ရေးသားခြင်းနှင့် အခြား အမှတ်အသားများပြုလုပ် ခြင်းတို့ကို မပြုလုပ်ရ။ပြုလုပ်ပါက မသမာအဖြစ်သတ်မှတ်ပြီး ပယ် ဖျက်မည်။ ခုံအမှတ်နေရာတွင် ဖျက်ရာ၊ ပြင်ရာရှိပါက စာမေးပွဲ ခန်းစောင့်ကြပ်သည့် လက် ထောက်ကြီးကြပ်ရေးမှူးနှစ်ဦးမှ သတ်မှတ်ထားသော လက်မှတ်နေ ရာတွင်သာ ရေးထိုး၍ အမည်များ ကို ရေးသားစေရမည်။

(၆) ခုံအမှတ်နှင့် ဖြေဆိုသည့်ခုံ ပေါ်ရှိ ခုံအမှတ်တို့လွဲမှားခြင်းမရှိ စေရန် အထူးဂရုပြုရမည်။

(၇) မိမိနေ့စဉ်လာရောက်ဖြေဆို ကြောင်း လက်မှတ်ရေးထိုးရာတွင် ခုံအမှတ်ကိုသာမက အမည်ကိုပါ မှန်၊ မမှန်ကြည့်ရှု၍ နေရာမမှား အောင် ဂရုစိုက်လက်မှတ်ရေးထိုး ရမည်။

(၈) စာမေးပွဲစတင်ချိန်မှ မိနစ် ၃၀ အတွင်း အခင်းကြီးငယ်အတွက် စာမေးပွဲခန်းပြင်ပသို့ထွက်ခွင့်မပြု။

(၉) မေးခွန်းလွှာနှစ်ဖက်စလုံး တွင် မေးခွန်းအားလုံးပါ၊ မပါကို သေချာစွာ စစ်ဆေးကြည့်ရှု၍ ကျောဘက်တွင် မပါခဲ့လျှင်ဖြစ် စေ၊ မေးခွန်းစာလုံးများ မှေးမှိန် ပျက်နေခဲ့လျှင်ဖြစ်စေ မေးခွန်းလွှာ အသစ်တစ်ရွက်ကို လဲလှယ်နိုင်ရန် တောင်းယူရမည်။

(၁၀) မေးခွန်းလွှာမှာ မိမိတို့ဖြေဆို ရမည့် မေးခွန်းမှန်၊ မမှန်ပထမဦး စွာကြည့်ရှု၍ မမှန်လျှင် စာမေးပွဲ ခန်းစောင့်ကြပ်သူလက်ထောက် ကြီးကြပ်ရေးမှူးထံ ချက်ချင်းအသိ ပေးတိုင်ကြားရမည်။

(၁၁) အဖြေလွှာစာအုပ်မှ စာမျက် နှာနှစ်ဖက်စလုံးတွင် ရေးသားဖြေ ဆိုရမည်။ အကြမ်းရေးလို၊ မှတ် လိုလျှင် နောက်ကျောအဖုံးစာရွက် နှင့် အတွင်းစာမျက်နှာများကို သုံး နိုင်သည်။ ဖြေဆိုပြီး ပုစ္ဆာအဖြေ များကို အမှတ်မပေးစေရန်အ တွက် ခြစ်ဖျက်ခဲ့ပြီးနောက် စာမေး ပွဲဖြေဆိုပြီးသည့်အခါမှ စိတ်တစ် မျိုးပြောင်း၍ဖြစ်စေ၊ နောင်အခါမှ စိတ်တစ်မျိုးပြောင်း၍ဖြစ်စေ ခြစ် ဖျက်ခဲ့မိသော အဖြေပုစ္ဆာများအား ပြန်၍ အမှတ်ပေးရန်စာရေး လျှောက်ထားမှုများကို လုံးဝခွင့်ပြု လက်ခံမည်မဟုတ်။

READ - သင်ကြားသည့်ဘာသာရပ်နှင့်စစ်ဆေးမည့်ဘာသာရပ် ကိုက်ညီမှသာ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးမှုတာဝန်ပေးရန် ညွှန်ကြား

(၁၂) အကြမ်းရေးခြစ်ရန် စာရွက် လွတ်ပေးလိမ့်မည်မဟုတ်။ ထိုသို့ အသုံးပြုရန်လည်း အပြင်မှ စာ ရွက်လွတ်ကို မယူခဲ့ရ။ အဖြေလွှာ စာအုပ်မှ စာရွက်များကို မဆုတ်ရ။ ထုတ်ပေးထားသော အဖြေလွှာစာ အုပ်ကိုသာလျှင် ပြန်လည်ပေးအပ် ရမည်။ အခြားစာအုပ်နှင့် အစား မထိုးရ။ အဖြေလွှာစာအုပ်မလုံ လောက်သေးလျှင် အပိုအဖြေလွှာ စာရွက်ထပ်၍ တောင်းနိုင်သည်။

(၁၃) မေးခွန်းလွှာပေါ်တွင် မည် သည့်အရာမျှ မရေးခြစ်ရ။ စာမေး ပွဲဖြေဆိုနေစဉ် ကိုယ်ပေါ်၌လည်း ကောင်း၊ မျဉ်းတံ(ပေတံ)ပေါ်တွင် လည်းကောင်း၊ ကွန်ပါဘူးပေါ်တွင် လည်းကောင်း မည်သည့်စာအုပ်၊  ပုံနှိပ်စာရွက်၊ မှတ်စုမျိုးမှ မထားရှိ စေရ။ တွေ့ရှိခဲ့လျှင် စာဖြေသူအား စာမေးပွဲစည်းကမ်းအရ အရေးယူ အပြစ်ပေးခြင်းခံရမည်။ လော့ဂ ရစ်သမ်ဇယားစာအုပ်ကို စာမေးပွဲ ဖြေဆိုသည့်စာစစ်ဌာနက ထုတ် ပေးမည်ဖြစ်သည်။

(၁၄) ရေဘူး၊ ကွန်ပါဘူးမဟုတ် သည့် အခြားသော စာရေးကိရိယာ ထည့်ထားသည့် ဘူး၊ ဘုရားပုံ တော်၊ အင်းကွက်၊ ဘာသာရေးနှင့် သက်ဆိုင်သည့်ပုံများ၊ စာသား များ၊ မီးခြစ်များကို စာမေးပွဲခန်းအ တွင်း ယူဆောင်လာခွင့်မပြု။

(၁၅) မေးခွန်းပုစ္ဆာများကို ဖြေဆို ရာ၌ ပြဋ္ဌာန်းသတ်မှတ်ထားသည့် ပုဒ်ရေများအတိုင်း လိုက်နာဖြေဆို ရန်နှင့်သတ်မှတ်ပုဒ်ရေထက်ပို၍ ဖြေဆိုထားခြင်းများရှိပါက ပထမ ဆုံးဖြေဆိုထားသော အပုဒ်များကို သာ အစီအစဉ်အတိုင်းသတ်မှတ် ပုဒ်ရေအထိသာ စစ်ဆေးအမှတ် ပေးမည်ဖြစ်သည်။

(၁၆) ဆေးလိပ်သောက်ခြင်း၊ကွမ်းစားခြင်း၊ မုန့်ပဲသရေစာစားခြင်း၊ တစ်ဦးနှင့်တစ်ဦး တီးတိုးစကား ပြောဆိုခြင်းများ မပြုရ။

(၁၇) သရုပ်ပျက်ဝတ်စားဆင်ယင် မှုပုံစံဖြင့် စာမေးပွဲလာရောက်ဖြေ ဆိုခွင့်မပြု။ ခေါင်းပေါင်း၊ ဦးထုပ် များယူဆောင်လာခြင်းမပြုရ။ အ ရက်သေစာနှင့် အခြားမူးယစ်ထုံ ထိုင်းစေသော အရာများသောက် သုံးမလာရ။

(၁၈) ရှူဆေး၊ ပရုတ်ဆီဘူးများကို စစ်ဆေးခံပြီးမှသာ စာမေးပွဲခန်း အတွင်း ယူခွင့်ပြုမည်။ မသမာမှု နှင့် ပတ်သက်၍ သံသယရှိပါက ယူခွင့်မပြု။

(၁၉) စာဖြေသူတစ်ဦးနှင့်တစ်ဦး မည်သို့မျှ ဆက်သွယ်ခြင်းမပြုရ။ ဆက်သွယ်ခြင်းပြုခဲ့လျှင် ထိုသူ များအား အရေးယူအပြစ်ပေးမည် ဖြစ်သည်။ စာမေးပွဲကြီးကြပ်သူထံ မှလည်း မေးခွန်းကို ဖြေဆိုရန်နှင့် ပတ်သက်၍ မည်သည့်အကူအညီ မျှ မတောင်းရ။

(၂၀) စာကူးချထားသည်ကို သက် သေအခိုင်အလုံတွေ့ရှိလျှင်သော် လည်းကောင်း၊ အဖြေလွှာစာအုပ် ကို စစ်ဆေးစဉ် မသမာမှုတစ်ခုခု ကျူးလွန်ခဲ့သည်ကို တွေ့ရှိရလျှင် သော်လည်းကောင်း စာမေးပွဲအ ဖြေလွှာများကို ပယ်ဖျက်ခြင်းခံရ မည်။ အရေးယူအပြစ်ပေးခံရ မည်။ မိမိဖြေဆိုမည့် မေးခွန်းပုစ္ဆာ နံပါတ်ကို မှန်ကန်စွာမဖော်ပြခြင်း၊ ပုစ္ဆာနံပါတ်တပ်မထားခြင်းတို့ရှိပါ က ဖြေဆိုထားသည့် ပုစ္ဆာအတွက် အမှတ်လုံးဝပေးမည်မဟုတ်။

(၂၁) ဖြေဆိုချိန်တစ်ဝက်မကျော် လွန်သေးမီ စာမေးပွဲခန်းမှ ထွက် ခွာခွင့်ပေးလိမ့်မည်မဟုတ်။

(၂၂) အဖြေလွှာများကို စာမေးပွဲ ဖြေဆိုပြီးနောက် မပျက်မကွက် သေချာစွာ ပြန်လည်ပေးအပ်ရ မည်။ ပေးအပ်ကြောင်းကို အဖြေ လွှာသိမ်းဆည်းသူထံ၌ လက်မှတ် ရေးထိုးရမည်။ အဖြေလွှာကို စာ မေးပွဲခန်းပြင်ပသို့ ယူဆောင်သွား ပါက စာမေးပွဲစည်းကမ်းအရ အ ရေးယူအပြစ်ပေးခြင်းခံရမည်။

(၂၃) စာမေးပွဲ ဖြေဆိုခွင့်ကတ် ပြား၊ အဖြေလွှာစာအုပ်နှင့်မေးခွန်း လွှာစာရွက်များကို ဆုတ်ဖြဲပါက စာမေးပွဲစည်းကမ်းအရ အရေးယူ အပြစ်ပေးခြင်းခံရမည်။

(၂၄) ဘာသာရပ်နှင့်မသက်ဆိုင် သော စာသားများရေးသားခြင်း မပြုရ။ စာစစ်သူအား သက်ညှာစွာ စစ်ဆေးပေးရန်တောင်းပန်စာ၊ သို့ တည်း မဟုတ် ခြောက်လှန့်စာများ ပါရှိပါက ထိုအဖြေလွှာကို ပယ် ဖျက်မည်။

(၂၅) စာမေးပွဲဖြေဆိုချိန်မပြီးဆုံးမီ ထွက်ခွာပါက မေးခွန်းလွှာကို ပြင် ပသို့ လုံးဝယူဆောင်ခွင့်မပြု။ စာ မေးပွဲဖြေဆိုချိန်မပြည့်မီထွက်ခွာ ပါက စာမေးပွဲပြီးမှသာ ကြီးကြပ် ရေးမှူးရုံးခန်းတွင် ထုတ်ယူရမည် ဟူ၍ဖြစ်လေသည်။

စာမေးပွဲ စည်းကမ်းဖောက် ဖျက်ခြင်းနှင့် မသမာမှုများကျူးလွန်ပါက စာမေးပွဲဖြေဆိုခွင့်၂နှစ်၊သုံး နှစ်နှင့် နှစ်အကန့်အသတ်မရှိပိတ် ပင်ခံရမည်ဟုကြေညာထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 1119 times