Sales Hotline : 09448001653       Download App



ဆရာ၊ ဆရာမများနှင့် မိဘများအတွက်အခမဲ့ online သင်တန်း

ဆရာ၊ ဆရာမများနှင့် မိဘများအတွက်အခမဲ့ online သင်တန်း

ဗြိတိသျှကောင်စီမှ "English in Early Childhood: Language Learning and Development" ဟု အမည်ပေးထားသော အင်တာနက်ပေါ်မှ အခမဲ့သင်ကြားပေးမည့် အင်္ဂလိပ်ဘာသာသင်တန်း တစ်ရပ်ကို ယူကေနိုင်ငံ၏ အခမဲ့ အွန်လိုင်း သင်တန်းများ ပေါင်းစည်းထားသည့် Future Learn ဝက်ဗ်ဆိုက်မှတစ်ဆင့် အခမဲ့ တက်ရောက်နိုင်ပြီဖြစ်သည်။

ဤသင်တန်းမှာ ကလေးငယ်များကို ဘာသာစကားအသစ်ကို သင်ယူလေ့လာရာမှာ ထောက်ပံ့ကူညီလိုသော မိဘများ၊ မူလတန်းသင် အင်္ဂလိပ်စာ ဆရာ/မများနှင့် ကလေးငယ်များ၏ ဖွံ့ဖြိုးမှုနှင့် ဘာသာစကားတက်မြောက်မှုဆိုင်ရာများကို စိတ်ဝင်စားသူများအတွက် ရည်ရွယ်ပါသည်။

READ - ဆယ်တန်းမအောင်လည်း လျှောက်ထားနိုင်တဲ့ သက်မွေးပညာသင်တန်း

မိခင်ဘာသာစကားအဖြစ် အသုံးပြုသူများမဟုတ်သော အင်္ဂလိပ်အရည်အချင်း intermediate အဆင့် (CEFR ဇယားမှာ B1 အဆင့်) ရှိရုံဖြင့် သင်တန်းအား တက်ရောက်နိုင်ပါသည်။

ရက်သတ္တ ခြောက်ပါတ်ကြာမည့် ဤသင်တန်းတွင် ဆောင်းပါး၊ ဗီဒီယိုနှင့် အွန်လိုင်းမှ တိုက်ရိုက်တွေ့ဆုံပွဲများမှတဆင့် ကလေးငယ်များကို သင်ကြားပေးနေသော ကျွမ်းကျင်ဆရာ/မများနှင့် မိဘများ၏ အတွေ့အကြုံ များနှင့် အကြံဉာဏ်များကို လေ့လာနိုင်မည်ဖြစ်ကာ အခြား သင်တန်း တက်ရောက်သူတွေနှင့် ဆွေးနွေးနိုင်မည်ဖြစ်သည်။

ဤသင်တန်းသည် ဗြိတိသျှကောင်စီ၏ ငယ်ရွယ်သော ကလေးများအပါအဝင် အင်္ဂလိပ်ဘာသာ လေ့လာနေသူအားလုံးအား သင်ကြားမှုဆိုင်ရာ ကျွမ်းကျင်မှုကို စံထားပြီး သင်တန်းဆင်းလက်မှတ် "Statement of Participation" ကို နိုင်ငံတကာသုံး credit card ရှိပါက ဝယ်ယူခွင့်ပြုထားမည် ဖြစ်ပါသည်။

သင်တန်းတက်ရန်သက်သက်ဆိုပါက ငွေကြေးကုန်ကျမှုလုံးဝမရှိပါ။

အသေးစိတ် သိရှိလိုပါက http://bit.ly/2HfpK6a တွင် ဖတ်ရှုနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: British Council Myanmar

News Read 7932 times