Sales Hotline : 09448001653       Download App



န၀မတန်းပြင်ပဖြေ စာမေးပွဲများ မေ ၂ ရက်တွင် ကျင်းပမည်

န၀မတန်းပြင်ပဖြေ စာမေးပွဲများ မေ ၂ ရက်တွင် ကျင်းပမည်

၂၀၁၇-၁၈ ပညာသင်နှစ်အတွက် အခြေခံပညာ အဌမတန်းအောင်မြင်၍ ဖြစ်စေ၊ န၀မတန်းကျရှုံးထားခြင်းဖြစ်စေ၊ ကျောင်းထွက်ပြီး အစိုးရ လုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသူများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူများ၊ စီးပွားရေး၊ လူမှုရေး၊ ဒေသအခက်အခဲ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်လက် မတက်ရောက်နိုင်သူများအတွက် အခြေခံပညာနှင့် အဆင့်မြင့်ပညာ များ ဆက်လက် ဆည်းပူးနိုင်ရန် ရည်ရွယ်ပြီး န၀မတန်းကျောင်းတွင်း စစ် (ပြင်ပဖြေ) စာမေးပွဲများကို လာမည့် မေ ၂ ရက်မှ ၁၀ ရက်အတွင်း စစ်ဆေးပြီး အောင်စာရင်းများကို မေ ၂၃ ရက်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘာသာစုံဖြေဆိုနည်းလမ်းညွှန် SKY NET EDUCATION CHANNEL တွင် ထုတ်လွှင့်မည်

“အောင်ရင် တက္ကသိုလ်ဝင်တန်း ဆက်တက်ခွင့်ရမယ်။ ဘယ်နေရာ ဘယ်ဒေသက မဆို အဌမတန်းအောင်မြင်တဲ့ လက်မှတ်၊ န၀မတန်းကျောင်းထွက်ထားတဲ့ လက်မှတ်တွေနဲ့အတူ မြို့နယ်ပညာရေးမှူးရုံးတွေမှာ လျှောက်ထားပြီး ဖြေဆိုနိုင်ပါတယ်” ဟု ပြောသည်။

န၀မတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများကို ၀င်ရောက်ဖြေဆိုမည့်သူများ ပြုစုခြင်းနှင့် စာဖြေဌာနများ စီစဉ်ခြင်း၊ စာမေးပွဲကျင်းပခြင်း လုပ်ငန်းများကို မြို့နယ်ပညာရေးမှူးများကလည်းကောင်း၊ မေးခွန်းပြုစုခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်း ထုတ်ပြန်ခြင်းများကို ခရိုင်ပညာရေးမှူးများကလည်းကောင်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများက ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်သည်။

န၀မတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယင်းစာမေးပွဲကို အများဆုံးဝင်ရောက်ဖြေဆိုသော ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 3727 times