Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်မီး လုံးဝမပြတ်ရေး စီမံမည်

တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်မီး လုံးဝမပြတ်ရေး စီမံမည်

“၁၀ တန်းစာမေးပွဲချိန်မှာ ကျွန်တော်တို့ရဲ့ တာဝန်ပါ။ မီး လုံးဝမပြတ်ဖို့ ရအောင်စီမံမယ်။ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားပြတ်တောက်တာမျိုး ဖြစ်ခဲ့ရင်တောင် ချက်ချင်းအစား ထိုးပေးနိုင်အောင် အရန်မီးစက် တွေချထားဖို့ စီစဉ်နေတယ်’’ဟု ဦးစိုးမြင့်က ပြောသည်။

စာမေးပွဲကာလအတွင်း လျှပ်စစ်မီးမပြတ်ရေး ကြီးကြပ် ဆောင်ရွက်မည့် ကော်မတီတစ် ရပ်ကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ပြီးခဲ့ သည့် ဇန်နဝါရီ တတိယပတ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖွဲ့စည်းထားသည်။

READ - တက္ကသိုလ်ဝင်တန်းမအောင်မြင်သောလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများစွာ ရရှိစေရန် ဆောင်ရွက်ပေးမည်

 အဆိုပါ ကော်မတီတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး ဦးစောဝင်းမောင်က ဥက္ကဋ္ဌ၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးသိမ်းသူရက အတွင်းရေးမှူးအဖြစ် တာဝန်ယူ ထားသည်။

တက္ကသိုလ်စာမေးပွဲဖြေဆို နေစဉ်အတွင်း လျှပ်စစ်ဓာတ်အားမပြတ်စေရေး အနီးကပ်ကြီးကြပ် ကွပ်ကဲဆောင်ရွက်ရန်၊ လစ်ဟင်းမှု မရှိစေရန်၊ အချိန်နှင့် တစ်ပြေး ညီဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အဆိုပါ ကော်မတီဝင်များအား ညွှန်ကြား ထားသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲကို  မတ်လ ၇ ရက်တွင် မြန်မာ စာ၊ ၈ ရက်တွင် အင်္ဂလိပ်စာ၊ ၉ ရက်တွင် သင်္ချာ၊ ၁၂ ရက်တွင် ဓာတုဗေဒနှင့် စိတ်ကြိုက်မြန်မာ စာ၊ ၁၃ ရက်တွင် ရူပဗေဒ၊ ၁၄ ရက်တွင် ဇီဝဗေဒနှင့် ဘောဂ ဗေဒ၊ ၁၅ ရက်တွင် ပထဝီဝင်၊ ၁၆ ရက်တွင် သမိုင်းဘာသာရပ် ဖြေဆိုရမည်ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုရန် လျှောက်ထားသူ ၈၄၀,၀၀၀ ကျော်ရှိပြီး ယခင်နှစ် ထက် ၈၀,၀၀၀ ခန့်တိုးလာသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 1704 times