Sales Hotline : 09448001653       Download App



၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ၁၉-၂-၂၀၁၈ (တနင်္လာနေ့) တွင်စတင်ထုတ်ယူနိုင်

၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ၁၉-၂-၂၀၁၈ (တနင်္လာနေ့) တွင်စတင်ထုတ်ယူနိုင်

          (က) တိုင်းဒေသကြီး/ပြည်နယ်များ ရှိ စာစစ်ဌာန အသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေခွင့်ကတ်ပြား (Identify Card) များကို ၂၀၁၈ ခုနှစ်၊ ၁၉-၂-၂၀၁၈ (တနင်္လာနေ့) တွင်စတင်ထုတ်ယူကြရမည်။

          (ခ) အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identify Card) များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရပါမည်။

READ - တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဘာသာရပ်ဆိုင်ရာ မေးခွန်းပုံစံများ

          (ဂ) ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identify Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရပါမည်။

၂။ ကျောင်းသား/သူများ အနေဖြင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identify Card) များကို ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်း နိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: ministry of education

News Read 5975 times