Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးသည့် လုပ်ငန်းစဉ်များတွင် မသမာမှုများမဖြစ်ပေါ်စေရေးအတွက် အထူးစီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရ

တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးသည့် လုပ်ငန်းစဉ်များတွင် မသမာမှုများမဖြစ်ပေါ်စေရေးအတွက် အထူးစီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရ

စာမေးပွဲမေးခွန်းများ ပြုစုရာတွင် မှန်ကန်မှုရှိပြီး အမှားလုံးဝမပါရှိစေရေး၊ မေးခွန်းလုံးဝမပေါက်ကြားစေရေး၊ အဖြေလွှာ စာအုပ်များမပျက်စီး၊ မပျောက်ပျက်စေရေး၊ စာမေးပွဲဖြေဆိုရန် စာရင်းရှိဦးရေ၊ စာမေးပွဲဝင်ရောက် ဖြေဆိုသူဦးရေ၊ စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူဦးရေ စသည့်စာရင်းများကို ကိုက်ညီစေရေး၊ အမှတ်ပေးစည်းမျဉ်း စည်းကမ်းကို စနစ်တကျ ပြုစုဆောင်ရွက်ရေး၊ စာမေးပွဲဖြေဆိုသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် စာမေးပွဲကြီးကြပ်ရေးမှူးများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ သိရှိလိုက်နာစေရေး၊ စာမေးပွဲ စစ်ဆေးရေးလုပ်ငန်းစဉ်များတွင်လည်း မသမာမှုများ မဖြစ်ပေါ်စေရေးတို့တွက် အထူးစီစဉ် ဆောင်ရွက်မည်ဖြစ်သည်။

“စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်ချိန်၊ ဖြေဆိုစဉ်နဲ့ စာမေးပွဲဖြေဆိုပြီးချိန်တွေမှာ အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သတင်းပေါက်ကြားမှုမရှိအောင် မသမာမှုတွေ မဖြစ်ပေါ်အောင် အထူးကြပ်မတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း တာဝန်ရှိသူတွေကို သင်တန်းတွေ ပို့ချပေးပြီး ဖြစ်ပါတယ်” ဟုပြောကြားသည်။

READ - တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီလတွင် ထုတ်ပေးမည်

၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မြန်မာစာ၊ ၈ ရက်နေ့တွင် အင်္ဂလိပ်စာ၊ ၉ ရက်နေ့တွင် သင်္ချာ၊ ၁၂ ရက်နေ့တွင် ဓာတုဗေဒနှင့် စိတ်ကြိုက်မြန်မာစာ၊ ၁၃ ရက်နေ့တွင် ရူပဗေဒ၊ ၁၄ ရက်နေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ၁၅ ရက်နေ့တွင် ပထ၀ီဝင်၊ ၁၆ ရက်နေ့တွင် သမိုင်းဘာသာရပ်တို့ကို အသီးသီးကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

စာမေးပွဲကို နှစ်စဉ်ကျင်းပခဲ့သည့်ပုံစံအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ပြည်တွင်းစာစစ်ဌာနများအတွက် မေးခွန်းတစ်စုံ၊ နိုင်ငံခြားစာစစ်ဌာနများအတွက် မေးခွန်းတစ်စုံဖြင့် စစ်ဆေးမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နှစ်စဉ်ကျင်းပခဲ့သည့်ပုံစံအတိုင်း စစ်ဆေးမည်ဖြစ်ပြီး မေးခွန်းလွှာပုံစံ (Question Format) အား ပြောင်းလဲမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

စာမေးပွဲမေးခွန်းလွှာတွင် ကျောင်းသား၊ ကျောင်းသူများအား အလွတ်ကျက်မှတ်ဖြေဆိုခြင်းထက် ဆက်စပ်တွေးခေါ် စဉ်းစားဆင်ခြင်သုံးသပ်နိုင်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ တွေးခေါ်မြော်မြင်နိုင်မှုကို ဆန်းစစ်ဖော်ထုတ်သော မေးခွန်းများကို စာမေးပွဲမေးခွန်းတွင် ပိုမိုထည့်သွင်းမေးမြန်းမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: daily eleven

News Read 1246 times