Sales Hotline : 09448001653       Download App



၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာ မေးခွန်းပုံစံ

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာ မေးခွန်းပုံစံ

အင်္ဂလိပ်စာဘာသာရပ်မေးခွန်းများကို ပြဌာန်းစာအုပ်ပါ အကြောင်းရာများကို အခြေခံပြီး မေးမှာဖြစ်ပြီး မေးခွန်း (၉) ပုဒ် မေးမှာဖြစ်ပါတယ်။

Question No.1 (A)

Write the Correct word or words to complete each sentence ဖြစ်ပါတယ်။ ပေးထားတဲ့စာကြောင်းကို အဓိပ္ပာယ်ပြည့်စုံအောင် ကွက်လပ်ဖြည့်ပေးရမှာဖြစ်တယ်။ Item (5) ခု မေးထားပြီး စာလုံးတစ်လုံး ဒါမှမဟုတ် စကားစု တစ်စုနဲ့ ကွက်လပ်ကို ဖြည့်ရမှာ ဖြစ်ပါတယ်။ သတိပြုရမှာက ပေးထားတဲ့ ၀ါကျရဲ့ တည်ဆောက်ပုံ ပေါ်မူတည်ပြီး သင့်လျော်သလို စကားလုံးတွေကို ပြောင်းရေးဖို့ လိုကောင်းလိုပါလိမ့်မယ်။

Question No.1 (B)

Answer each question in one sentence ဖြစ်ပါတယ်။ စာပိုဒ်ထဲမှာပါတဲ့ အကြောင်းအရာ အချက်အလက်များကို မေးတဲ့မေးခွန်း (၅) ခု ပေးထားပြီး ဒီမေးခွန်းတွေကို ပေးထားတဲ့ စာပိုဒ်ထဲက အဖြေရှာပြီး ပြည့်စုံတဲ့ဝါကျ တစ်ကြောင်းနဲ့ ဖြေပေးရမှာပါ။

အမှတ်ပြည့်ရဖို့အတွက် မေးခွန်းမှာမေးတဲ့ အကြောင်းအရာ (content) ရော သဒ္ဒါ (Grammar) ပါ မှန်မှန်ကန်ကန် ဖြေနိုင်အောင် များများလေ့ကျင့်ထားဖို့ လိုပါတယ်။

ပြဌာန်းစာအုပ်ပါစာပိုဒ်များနဲ့ဆိုင်တဲ့ မေးခွန်းများကို အလွတ်ကျက်မှတ်တာထက် မေးခွန်းအမျိုးမျိုးကို ဖြေတတ်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်။ စာပိုဒ်ထဲက သက်ဆိုင်တယ်ထင်တဲ့စာကြောင်းများကို တိုက်ရိုက်ကူးချပေးလိုက်တာမျိုးလည်း မပြုလုပ်ဖို့ သတိပေးချင်ပါတယ်။ မေးထားတာကို ဆီလျော်အောင် မှန်မှန်ကန်ကန်ပြန်ဖြေတတ်အောင် လေ့ကျင့်ထားဖို့ လိုပါတယ်။

READ - ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မြန်မာစာဘာသာရပ်မေးခွန်းပုံစံ

Question No.2

Fill in each blank with a word from the list given. Write down only the number of the blank and the word that fills it. ပါ။

ဒီမေးခွန်းအတွက် ပြဌာန်းစာအုပ်မှာပါတဲ့ သင်ခန်းစာ (၁၄) ခုအနက် (၈) လုံးမြောက် စကားလုံးတွေမှာ ကွက်လပ်တွေပါတဲ့ စာပိုဒ်တစ်ပိုဒ် ပေးထားပါတယ်။ ကွက်လပ်ပေါင်း (၂၀) ရှိပြီး ဒီကွက်လပ်တွေကို ဖြည့်စွက်ဖို့ စကားလုံး (၂၀) ကိုလည်း စာပိုဒ်အပေါ်မှာ ပေးထားပါတယ်။

သတိပြုရမယ့်အချက်ကတော့

စာပိုဒ်ကြီးတစ်ပိုဒ်လုံးကို ပြန်ကူးရေးဖို့မလိုပါဘူး။ ကွက်လပ်နံပါတ်နဲ့ အဖြေကိုသာ ရေးရမှာ ဖြစ်ပါတယ်။ အဖြေကိုရေးတဲ့အခါ စာလုံးပေါင်းမမှားဖို့၊ punctuation မမှားဖို့ကို ဂရုစိုက်ဖို့ လိုပါတယ်။

Question No.3

Write the appropriate words or groups of words to complete the sentences or lines of verse. ပါ။

ဒီမေးခွန်းကတော့ item (10) ခုမေးထားပြီးတော့ ကွက်လပ် (၁၀) ခုကို ဖြည့်ပေးရမှာပါ။ ကွက်လပ် (၅) ခုက ဖတ်စာအုပ်မှာပါတဲ့ သင်ခန်းစာ ၉၁၄) ခုထဲက ကောက်နုတ်ချက်ဖြစ်ပြီး ကျန်ကွက်လပ် (၅) ခုကတော့ ကဗျာ (၇) ပုဒ်ထဲက ဖြစ်ပါတယ်။

မေးခွန်း နံပါတ် (၃) ကတော့ ကျောင်းသား၊ ကျောင်းသူတို့ရဲ့သင်ယူထားတဲ့ အချက်အလက်တွေ ကဗျာတွေကို နားလည်မှတ်သားပြီး ပြန်လည်ရေးသား တင်ပြနိုင်မှု စွမ်းရည်ရှိ၊ မရှိ စစ်ဆေးတာဖြစ်ပါတယ်။

Question No.4

မေးခွန်းနံပါတ် (၄) ကတော့ မေးခွန်း (၅) ခု မေးထားပါတယ်။

မေးခွန်းနံပါတ် (၄) ရဲ့ item 1 နဲ့ item 2 ကတော့ ဖတ်စာအုပ်ထဲမှာပါတဲ့ သင်ခန်းစာ (၁၄) ခုအနက်က ကောက်နုတ်မေးထားပါတယ်။ ဒီမေးခွန်းနှစ်မျိုးစလုံးမှာ Choices ပေးထားပါတယ်။ သို့မဟုတ် ခံထားတဲ့မေးခွန်းထဲက ကြိုက်ရာတစ်ပုဒ်ကို ရွေးဖြေကြရမှာ ဖြစ်ပါတယ်။

မေးခွန်းနံပါတ် (၄) ရဲ့ item 3 နဲ့ item 4 မှာ မေးလေ့ရှိတဲ့ မေးခွန်းပုံစံတွေထဲကတစ်မျိုးကတော့

Who said these words and to whom were they said? What is the title of the unit from which the sentences is taken? ဖြစ်ပါတယ်။

မေးနိုင်တဲ့အလားတူမေးခွန်းနောက်တစ်မျိုးကတော့ What is the title of the unit from which the sentences is taken? What does the word underlined in the sentence refer to?

What is the title of the unit from which the sentences is taken? What does the following sentence mean? ဆိုမေးခွန်းမျိုးလည်း မေးနိုင်ပါတယ်။

မေးခွန်းနံပါတ် (၄) ရဲ့ item 5 ကတော့ ကဗျာတွေက စာကြောင်းနှစ်ကြောင်းကို ပေးထားပြီး ဆိုလိုရင်းအဓိပ္ပာယ်ကို ရေးခိုင်းတာဖြစ်ပါတယ်။ What do these lines mean? ဆိုတဲ့မေးခွန်းကိုဖြေဖို့ဆိုရင် ပြဌာန်းထားတဲ့ကဗျာတွေရဲ့ အဓိပ္ပာယ်ကို နားလည်သိရှိထားဖို့ လိုပါတယ်။

Question No.5

မေးခွန်းနံပါတ် 1 (B)လိုပဲ သင်ခန်းစာ (၁၄) ခုအနက်က စာပိုဒ်တစ်ပိုဒ်ပေးထားပြီး မေးခွန်း (၅) ခုကို ဖြေပေးရမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေက အကြောင်းအရာနဲ့ သဒ္ဒါမှန်ကန်တဲ့ ၀ါကျတွေ တည်ဆောက်တတ်အောင်လည်း များများလေ့ကျင့်ထားရပါ့မယ်။ မေးခွန်းတစ်ပုဒ်ကို (၂) မှတ် ပေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် အဖြေတစ်ဝက်လောက်မှန်ရင်လည်း အမှတ်တစ်ဝက်ရနိုင်ပါတယ်။

Question No.6

Punctuate the following. လို့ မေးမှာဖြစ်ပါတယ်။

Capital letter, comma, semi-colon, colon, full stop, question mark, open and close inverted commas, exclamation mark, apostrophe စတဲ့ Punctuation တွေကို မှန်မှန်ကန်ကန် သုံးတတ်မှုကို စစ်ဆေးတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

Question No.7

Question No.7 (A)

Finish each sentence in such a way that it means exactly the same as the sentence that is given. လို့မေးမှာဖြစ်ပါတယ်။

ပေးထားတဲ့စာကြောင်း (၁၀) ကြောင်းကို အဓိပ္ပာယ်မပြောင်းလဲစေဘဲ ပြန်ရေးပေးရမှာပါ။ ဒီလိုအဓိပ္ပာယ်မပြောင်းလဲဘဲ တည်ဆောက်ပုံမတူတဲ့ဝါကျတွေ Grade 10 နဲ့ Grade 11 ပြဌာန်းစာအုပ်တွေထဲမှာ ပါပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေကို များများလေ့ကျင့်ရင် ဒီအပိုင်းကို ကောင်းကောင်းဖြေနိုင်မှာပါ။

Question No.7(B)

Paragraph Writing ပါ။

ပေးထားတဲ့ Prompts တွေကိုသုံးပြီး စာပိုဒ်တိုလေးတစ်ပိုဒ်ရေးရမှာဖြစ်တယ်။ ကြိုတင်ပြင်ဆင်ရေးသားကျက်မှတ် ထားတဲ့ စာပိုဒ်တွေကို ဘာမှမစဉ်းစားဘဲ ချရေးတာမျိုးမလုပ်ပါနဲ့။ မေးခွန်းက Using the prompts given, write a very short paragraph on: --- ဆိုပြီး ရွေးချယ်စရာ (၂) ပုဒ်ပေးမှာပါ။ ကိုယ်ပိုင်နိုင်တဲ့ တစ်ပိုဒ်ကို ရွေးပြီးရေးပါ။

မလိုတာတွေထည့်မရေးပါနဲ့။ Write a short paragraph ဆိုတာကို သတိပြုပါ။ ပေးထားတဲ့ prompts အားလုံးကို ပြန်သုံးပြီး ရေးရမှာမို့ ကိုယ်ပိုင်ဝါကျတွေ တည်ဆောက်တတ်အောင် လေ့ကျင့်ထားကြပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

Tips Read 7708 times