Sales Hotline : 09448001653       Download App



လိုအပ်လျက်သော ဆရာ၊ ဆရာမများ ခန့်ထားခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိ

လိုအပ်လျက်သော ဆရာ၊ ဆရာမများ ခန့်ထားခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိ

” အခြေခံပညာ ဦးစီးဌာနအောက်မှာရှိတဲ့ ကျောင်းတွေအားလုံးမှာ တစ်ကျောင်းချင်းတွက်ချက်မှုအရ အထက်တန်းပြ ၁၁၃၅၀ ဦး၊ အလယ်တန်းပြ ၂၂၃၃၁ ဦး ၊ စုစုပေါင်း ၃၃၆၈၁ ဦး လိုအပ်နေပါတယ်။ ဒီလိုအပ်ချက် တွေကို ကြိုတင်စီမံကိန်းရေးဆွဲ ပြုစုတင်ပြကာ ၂၀၁၈-၁၉ ပညာသင်နှစ်မှာ ၁၁၂၂၇ ဦး၊ ၂၀၁၉-၂၀ ပညာသင်နှစ်မှာ ၁၁၂၂၇ ဦး၊ ၂၀၂၀-၂၁ ပညာသင်နှစ်မှာ ၁၁၂၂၇ ဦး ခန့်ထားခွင့်ရရှိရေး ဆောင်ရွက်မှာပါ။ ခွင့်ပြုချက်ရရှိပါကလည်း တစ်ပြေးညီဆောင်ရွက်သွားမှာပါ” လို့ ဦးဝင်းမော်ထွန်းက ပြောကြားခဲ့ပါတယ်။

READ - အခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားမည့် အမေရိကန် စေတနာ့ဝန်ထမ်း ၃၂ ဦး ထပ်မံရောက်ရှိ

ဝန်ထမ်းသစ်တွေ ခန့်ထားခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ နိုင်ငံတော်သမ္မတရုံးနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနတွေဆီကို တင်ပြခွင့်ပြုချက်ရယူကာ ခန့်ထားခြင်းဖြစ်ကြောင်းသိရပါတယ်။

အဆိုပါအကြောင်းအရာကို ဝန်ကြီးက ဇန်နဝါရီလ ၃၀ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပေါက်မဲဆန္ဒနယ်မှ ဦးရဲထွန်းဝင်းက မေးမြန်းတဲ့ အခြေခံပညာကျောင်းများတွင် လစ်လပ်နေသော သင်ကြားရေး ဆရာ၊ ဆရာမ ဝန်ထမ်းများနှင့် စီမံရေးဝန်ထမ်းများအား အလျင်အမြန် ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet

News Read 1950 times