Sales Hotline : 09448001653       Download App



အခြေခံပညာအထက်တန်းတွင် အင်္ဂလိပ်စာဘာသာရပ်ကို နားထောင်ခြင်း၊ အပြော၊ အဖတ်၊ အရေး စွမ်းရည် (၄) မျိုးစနစ်ဖြင့် သင်ကြားပေးသင့်ကြောင့် ဆွေးနွေး

အခြေခံပညာအထက်တန်းတွင် အင်္ဂလိပ်စာဘာသာရပ်ကို နားထောင်ခြင်း၊ အပြော၊ အဖတ်၊ အရေး စွမ်းရည် (၄) မျိုးစနစ်ဖြင့် သင်ကြားပေးသင့်ကြောင့် ဆွေးနွေး

ပညာရေးပြီးဆုံးချိန်တွင် ကျောင်းသား၊ ကျောင်းသူ အများစု၏ ရေးသား၊ ပြောဆို ဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေဆဲဖြစ်ပါသည်။

ထို့ကြောင့် အထက်တန်းပညာရေးပြီးဆုံးချိန်မှာ အင်္ဂလိပ်ဘာသာဖြင့် အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ ရေးသားပြောဆိုဆက်သွယ်နိုင်ရန်အတွက် (Grade-9) အဌမတန်းမှ စတင်၍ အင်္ဂလိပ်စာ ဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံ နည်းစနစ်များ၊ အကဲဖြတ်စနစ် (စာမေးပွဲ) ကို ခေတ်နှင့် လျော်ညီစွာ စွမ်းရည် ၄ မျိုး ပါဝင်သော စနစ်သို့ ပြုပြင်ပြောင်းလဲသင်ကြားရန် ဆွေးနွေးခဲ့ကြသည်။

READ - မူလတန်းကျောင်းသားများ ကျောပိုးအိတ်ဒဏ်မပိစေရေး အချိန်ဇယားရေးဆွဲ၍ စာသင်ရန် ညွှန်ကြား

အခြေခံပညာကျောင်းများ၌ အင်္ဂလိပ်စာသင်ကြားရာတွင် အဖတ်နှင့် အရေးကို အဓိက သင်ကြား ပေးခဲ့ပြီး နားထောင်ခြင်းနှင့် အပြောကို အလေးထားသင်ကြားမှု မရှိခဲ့သည့်အတွက် နားထောင်တတ်ပြီး နားလည်နိုင်မှုနှင့် သွက်လက်ယုံကြည်စွာ ပြောဆိုနိုင်မှု အလွန်အားနည်းခဲ့ပါသည်။

အင်္ဂလိပ်ဘာသာ အရေး၊ အဖတ်၊ အပြောနှင့် နားထောင်ခြင်း စွမ်းရည် ၄ ရပ်ကို သင်ကြားပေးနိုင်ရန် တစ်နိုင်ငံလုံး အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများကို သင်ကြားနည်း၊ စွမ်းရည်မြှင့်ပေးရန် အဓိကလိုအပ်ပြီး သင်ထောက်ကူပစ္စည်းများ ကျောင်းတိုင်းအတွက် လိုအပ်မည်ဖြစ်ကြောင်း အချိန်ယူ ဆောင်ရွက်မည်ဖြစ်သည့်အတွက် ဦးစွာ အင်္ဂလိပ်စာ သင်ယူတတ်မြောက်မှုကို အမှန်တကယ် စစ်ဆေး ဖော်ဆောင်ပေးနိုင်သည့် မေးခွန်းပုံစံနှင့် ပြောင်းလဲစစ်ဆေးခြင်းဖြင့် သင်ကြားသင်ယူမှု ပုံစံကို ပြောင်းလဲယူနိုင်မည်ဖြစ်သည်။

ဆရာများကို လေ့ကျင့်မြှင့်တင်ပေးနိုင်ခဲ့လျှင် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ ဖြည့်တင်း ပေးနိုင်ခဲ့လျှင် အခြေခံပညာအထက်တန်းတွင် အင်္ဂလိပ်စာ ဘာသာရပ်ကို နားထောင်ခြင်း၊ အပြော၊ အဖတ်၊ အရေး စွမ်းရည် ၄ မျိုး စနစ်ဖြင့် သင်ကြားပေးသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kyaemone

News Read 3222 times