Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူ ရှစ်သိန်းခွဲခန့်တွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ၀င်ရောက်ဖြေဆိုမည့်သူ တစ်ဦးသာရှိ

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူ ရှစ်သိန်းခွဲခန့်တွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ၀င်ရောက်ဖြေဆိုမည့်သူ တစ်ဦးသာရှိ

၂၀၁၈ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၀င်ရောက်ဖြေဆိုရန်အတွက် စာရင်းပေးသွင်းထားသူမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရှစ်သိန်းလေးသောင်းကျော်ရှိပြီး စိတ်ကြိုက်မြန်မာစာကိုတော့ တစ်နှစ်ထ်တစ်နှစ် ဖြေဆိုသူဦးရေ နည်းပါးလာခဲ့သည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ယင်းဘာသာရပ်ကို ၀င်ရောက်ဖြေဆိုသူ သုံးဦးသာ ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဌာနမှ သိရသည်။

READ - သင်ရိုးသစ်ဖြင့် စတင်သင်ကြားမည့် ဒုတိယတန်းတွင် စာမေးပွဲဖြေဆိုရန် မလိုတော့

၂၀၁၈ ခုနှစ် မတ်လတွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံပေါင်း ၁၈၇ ဦး ၀င်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ယင်းတို့ကို သံရုံးများတွင် စာစစ်ဌာနများ ဖွင့်လှစ်ပြီး ဖြေဆိုစေမည်ဖြစ်သည်။

ယခင်နှစ်က တက္ကသိုလ်ဝင်တန်းကို နိုင်ငံ ၁၇ နိုင်ငံတွင် ရှိနေသော ကျောင်းသား၊ ကျောင်းသူများ ၀င်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

“နိုင်ငံခြား စာစစ်ဌာနကတော့ နိုင်ငံ ၂၀ က စာစစ်ဌာန ၂၀ ရှိတယ်။ စာရင်းသွင်းထားတာက တော့ ၁၈၇ ဦးရှိပါတယ်။ သူတို့က သံရုံးတွေမှာ သွားရောက်ဖြေဆိုရမှာ ဖြစ်ပါတယ်” ဟုပြောသည်။

၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မြန်မာစာ၊ ၈ ရက်နေ့တွင် အင်္ဂလိပ်စာ၊ ၉ ရက်နေ့တွင် သင်္ချာ၊ ၁၂ ရက်နေ့တွင် ဓာတုဗေဒနှင့် စိတ်ကြိုက်မြန်မာစာ၊ ၁၃ ရက်နေ့တွင် ရူပဗေဒ၊ ၁၄ ရက်နေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ၁၅ ရက်နေ့တွင် ပထ၀ီဝင်၊ ၁၆ ရက်နေ့တွင် သမိုင်းဘာသာရပ်တို့ကို အသီးသီးကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2055 times