Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီလတွင် ထုတ်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီလတွင် ထုတ်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုမည့်သူများကို ဘာသာတွဲအလိုက် အစိမ်းရောင်ဖြေဆိုခွင့် ကတ်ပြားနှင့် ပန်းရောင်ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခန်းအတွင်းသို့ တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသည့် ဘာသာတွဲမှအပ တခြားဘာသာတွဲအား ပြောင်းလဲ ဖြေဆိုခွင့် ပြုမည်မဟုတ်ပါ။

READ - လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း ၀င်ခွင့်ရေးဖြေစာမေးပွဲ ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပမည်

အခြေခံပညာအထက်တန်းကျောင်းမှ ဖြေဆိုခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံတွင်လည်း ကိုယ်ပိုင်အထက်တန်းကျောင်းများမှ စာရင်းပေးသွင်း ထားသည့် ကျောင်းအုပ်များထံမှလည်းကောင်း၊ ပြင်ပမှ ဖြေဆိုမည့် သူများသည် မိမိတို့ ဖြေဆိုမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံတွင် လည်းကောင်း ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရမည်ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းတချို့အား အလွတ်ဖြေဆိုရမည့် ပုံစံအစား စဉ်းစားတွေးခေါ် ဖြေဆိုရ မည့် ပုံစံသို့ ပြောင်းလဲမည်ဖြစ်သည်။

ဖြေဆိုခွင့်ကတ်များကိုလည်း စနစ်တကျဆောင်ရွက်မည်ဖြစ်ပြီး ကတ်ပြားရှိသူများသာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 5288 times