Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းအကြိုစာမေးပွဲများကို ယခုလလယ်တွင် ကျင်းပမည်

တက္ကသိုလ်ဝင်တန်းအကြိုစာမေးပွဲများကို ယခုလလယ်တွင် ကျင်းပမည်

၂၀၁၇-၁၈ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အကြိုစစ်ဆေးခြင်းကို ယခုလလယ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ အပါအ၀င် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကပါ မပျက်မကွက် ၀င်ရောက်ဖြေဆိုရမည်ဖြစ်သည်။

အဌမတန်းနှင့် စတုတ္တတန်းအကြို စာမေးပွဲများကိုလည်း ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးများမှ သိရသည်။

READ - တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးခ တစ်အုပ်လျှင် ကျပ်သုံးရာအထိ တိုးမြှင့်ပေးမည်

“လူရည်ချွန်စာမေးပွဲတွေနဲ့ တိုက်နေတဲ့အတွက် ရက်အပြောင်းအလဲ လုပ်ထားပါတယ်။ ဒီလဒီဇင်ဘာလ ၁၁ ရက်ကနေ ၂၂ ရက်အထိ တစ်ရက် တစ်ဘာသာနှုန်း နဲ့ ကျင်းပမည် ဖြစ်ပါသည်။

စာမေးပွဲကြီးစစ်တဲ့ ပုံစံအတိုင်းလုပ်မှာပါ။ နှစ်တိုင်းအတန်းတင် မဖြေခင် ကလေးတွေမှာ အတွေ့အကြုံရအောင် လုပ်ပေးနေတဲ့စာမေးပွဲပါ။ မေးခွန်းကိုလည်း ပြည်နယ်ကပဲ ထုတ်မှာပါ” ဟု ပြောသည်။

တက္ကသိုလ်ဝင်တန်းအကြို စာမေးပွဲကို အတန်းတင်စာမေးပွဲ စစ်ဆေးသည့် ပုံစံများအတိုင်း တစ်ရက်လျှင် တစ်ဘာသာနှုန်း၊ အတန်းအလိုက် ၃ နာရီ၊ ၂ နာရီ၊ ၁ နာရီခွဲမေးခွန်းများဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပညာသင်နှစ်မှ စတင်ပြီး အခြေခံပညာအတန်းများ၏ စာမေးပွဲများကို တစ်နှစ်လျှင် လေးကြိမ်သာ စစ်ဆေးမည်ဖြစ်ပြီး အခန်းဆုံး စစ်ဆေးခြင်း နှစ်ကြိမ်နှင့် နှစ်ဝက်ဆုံးစာမေးပွဲ နှစ်ကြိမ်သာ ကျင်းပရန် အတွက် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယခုနှစ်မှစတင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းများကို တွေးခေါ်စဉ်းစားနိုင်သော မေးခွန်းများဖြင့် ပြောင်းလဲမေးမြန်းရန် စီစဉ်ထားကြောင်း သိရသည်။

အခြေခံပညာ အတန်းအားလုံးတွင် စာမေးပွဲ စစ်ဆေးခြင်းများရှိမည်ဖြစ်သော်လည်း သင်ရိုးအသစ်ဖြင့် သင်ကြားနေသော သူငယ်တန်း (ကေဂျီ) နှင့် ပထမတန်းတို့ကို စာမေးပွဲ စစ်ဆေးမည်မဟုတ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 5743 times