Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးခ တစ်အုပ်လျှင် ကျပ်သုံးရာအထိ တိုးမြှင့်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးခ တစ်အုပ်လျှင် ကျပ်သုံးရာအထိ တိုးမြှင့်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲအ ဖြေလွှာစစ်ဆေးခအဖြစ် စစ်ဆေး ပေးသည့် ဆရာ၊ ဆရာမ များကို ယခင်က အဖြေလွှာတစ်အုပ်လျှင် ကျပ် ၇၀ ပေးအပ်ရာမှ လာမည့် တက္ကသိုလ်ဝင် စာမေးပွဲမှ စတင်ကာ ကျပ်သုံးရာအထိ တိုးပေးမည်ဖြစ်သည်။ 

နိုဝင်ဘာ ၂၅ ရက်ကရန်ကုန် ပညာရေးတက္ကသိုလ်တွင် ကျင်းပသော တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ ဆိုင်ရာ ဆွေးနွေးပွဲ၌ ၎င်းက ယင်းသို့ပြောကြားသည်။ 

‘‘လောက်လောင်ငင မဟုတ် မှန်းတော့ သိပါတယ်။ ဒါပေမဲ့ အဖြေလွှာစစ်ဆေးပေးမယ့် ဆရာ၊ ဆရာမတွေကို နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအခြေအနေအရ အဆင်ပြေမယ့်နှုန်းကို ဝန်ကြီးကို တင်ပြပါတယ်။ နိုင်ငံတော်သမ္မတ ကလည်း သဘောတူပြီးပါပြီ။ အ ဖြေလွှာတစ်အုပ်ကို သုံးရာပေးပါ မယ်’’ဟု ဦးမျိုးညွန့်ကပြောသည်။

READ - B.Tech ဘွဲ့ရရှိထားသူများ အသက်ကန့်သတ်ချက်မရှိဘဲ B.E ဘွဲ့သင်တန်း တက်ရောက်ခွင့် ပြုမည်

တက္ကသိုလ်ဝင်စာမေးပွဲအ ဖြေလွှာများကို နှစ်စဉ် ဧပြီတွင် အခြေခံပညာကျောင်းများမှ အ ထက်တန်းပြဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများက စစ်ဆေးရပြီး တစ်နေ့ လျှင် အဖြေ လွှာအုပ်နှစ်ဆယ်ခန့်သာ စစ်ဆေး ပြီးစီးကြောင်း စာစစ်အတွေ့အ ကြုံရှိ ဆရာ၊ ဆရာမများက ဆို သည်။ 

ယခင်က တစ်နေ့လျှင် အ ဖြေလွှာအုပ် ၂၀ စစ်ဆေးပြီး စာ စစ်ခ ၁,၄၀၀ ကျပ်သာ ရရှိသော ဆရာ၊ ဆရာမသည် တိုးမြှင့်ပေး မည့် စာစစ်ခနှုန်းထားအရ ခြောက် ထောင်ကျပ် ရရှိမည်ဖြစ်သည်။ 

‘‘အဖြေလွှာ ၁၀ အုပ်စစ်ပြီး ရင် တခြားတစ်ယောက်စစ်တဲ့ အဖြေလွှာ ၁၀ အုပ်ကို Crosscheckစစ်ရတယ်။ နောက် တခြားတစ်ယောက် Crosscheck စစ် ထားတဲ့ ၁၀ အုပ်ကို Counter- Crosscheck ထပ်စစ်ရတယ်။ အဲဒီလို သုံးကြိမ်စစ်ပြီးမှ ၁၀ အုပ် စစ်ပြီးတယ်လို့ သတ်မှတ်တာ။ တစ်နေ့ စားစရိတ်နဲ့ဆို မလောက် ဘူးလေ။ အဲဒီတော့ စာစစ်ဆို အ တွေ့အကြုံလိုချင်ပေမယ့် ဆရာ၊  ဆရာမတွေက ငြင်းလည်း ငြင်းတယ်၊ ညည်းလည်း ညည်းတယ်။အခုကြားရတဲ့ တစ်အုပ်သုံးရာဆို ရင်တော့ ဒါဝမ်းသာစရာပေါ့’’ ဟု ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အထကခွဲ(အေးမွန်)မှ ကျောင်း အုပ် ဦးအောင်ကျော်သူက ပြော သည်။ 

တက္ကသိုလ်ဝင်စာမေးပွဲအ ဖြေလွှာများကို နှစ်စဉ် ရန်ကုန်၊ ဒဂုံ၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ မုံရွာနှင့် မကွေးတက္ကသိုလ် စာစစ် ဌာန ၁၀ ခုတွင် စစ်ဆေးသည်။ 

အဖြေလွှာစစ်ဆေးရန် စာ စစ်ဌာနများရှိရာသို့ နီးစပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆရာ၊ ဆရာမများက လာရောက် စစ်ဆေးရပြီး ခရီးစရိတ်ကို ပညာရေးဝန်ကြီးဌာနထံ တင်ပြကာ ပြန်လည်ထုတ်ယူရသည်။

နေထိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန က စီစဉ်ပေးသော်လည်း အဆင် မပြေမှုများ နှစ်စဉ် ကြုံတွေ့ရ ကြောင်း ဦးအောင်ကျော်သူက ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ခုနစ် သိန်းကျော်ရှိခဲ့သည်။ 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 1705 times