Sales Hotline : 09448001653       Download App



ပထမတန်းကျောင်းသား၊ ကျောင်းသူ ခြောက်ဦးလျှင် သင်ထောက်ကူပစ္စည်း ၁၅ မျိုးပါ သေတ္တာတစ်လုံးနှုန်း ထောက်ပံ့မည်

ပထမတန်းကျောင်းသား၊ ကျောင်းသူ ခြောက်ဦးလျှင် သင်ထောက်ကူပစ္စည်း ၁၅ မျိုးပါ သေတ္တာတစ်လုံးနှုန်း ထောက်ပံ့မည်

ပညာရေးဝန်ကြီးဌာနမှ ယခုပညာသင်နှစ်တွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားနေ သော ပထမတန်း ကျောင်းသား၊ ကျောင်းသူများ အသုံးပြုရန်အတွက် သင်ထောက်ကူပစ္စည်း ၁၅ မျိုးပါဝင်သော သင်ထောက်ကူပစ္စည်း သေတ္တာများကို ကျောင်းအလိုက် ထောက်ပံ့ပေးသွား မည် ဖြစ်သည်။

READ - B.Tech ဘွဲ့ရရှိထားသူများ အသက်ကန့်သတ်ချက်မရှိဘဲ B.E ဘွဲ့သင်တန်း တက်ရောက်ခွင့် ပြုမည်

ကျောင်းသာ ၆ ဦးလျှင် သေတ္တာတစ်လုံးနှုန်း ရရှိမည်ဖြစ်ကြောင်း သင်ထောက်ကူ ပစ္စည်း သေတ္တာများကို ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အခြေခံပညာ ကျောင်းများသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

သင်ထောက်ကူပစ္စည်းသေတ္တာတစ်လုံးတွင် ပန်းချီသေတ္တာ၊ ရောင်စုံဖယောင်း၊ ရေဆေး၊ စုတ်တံ၊ Grade 1 Kit ပုံး၊ ပန်းချီဆွဲစက်၊ အရောင်ငါးရောင် စာရွက်အရွယ် ငါးဆယ်ပါ ရောင်စုံ စက္ကူ၊ အဖြူရောင် စာရွက် ငါးဆယ်ပါ ပန်းချီဆွဲ စက္ကူ၊ ရောင်စုံခဲတံအစုံ၊ ကတ်ကြေး၊ ပုလွေ၊ စည်းနှင့်ဝါး၊ ဘောလုံး၊ တင်းနစ်ဘောလုံးအရွယ်ဘောလုံး၊ ကြိုးခုံသည့် ကြိုးတစ်ချောင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာသင်ရိုးညွှန်းတမ်းများကို ယခင်နှစ်က စတင်ပြောင်းလဲခဲ့ပြီး သင်ရိုးအသစ်များနှင့်အတူ သင်ထောက်ကူပစ္စည်းများ တွဲဖက်ထောက်ပံ့မှုများကိုလည်း ပြုလုပ်ခဲ့သည်။

ပြောင်းလဲခဲ့ပြီးသော သူငယ်တန်းနှင့် ပထမတန်း သင်ကြားမှုပုံစံတွင် စာသင်ကြားရုံသာ ပြုလုပ်စေပြီး စာမေးပွဲဖြေဆိုခြင်း များကို ပြုလုပ်စေမည် မဟုတ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2066 times