Sales Hotline : 09448001653       Download App



အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်ရေး သင်ကြားမှုစနစ်ကို ပြုပြင်

အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်ရေး သင်ကြားမှုစနစ်ကို ပြုပြင်

ခေတ်နှင့်လျော်ညီစွာ စွမ်းရည်လေးမျိုး (4 Skills – Reading, Writing, Speaking, Listening) ပါဝင်သော စနစ်ကို ပြောင်းလဲသင်ကြားရန် အဆိုဖြစ်သည်။ ယင်းအဆိုနှင့် ပတ်သက်၍ ကန့်ကွက်သူမရှိသဖြင့် အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်း (အထက်တန်း) အောင်မြင်ပြီးချိန် အထိ အင်္ဂလိပ်ဘာသာကို မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ် ပြဌာန်းသင်ကြားပေးနေ သော်လည်း အထက်တန်းအဆင့်ပညာရေးပြီးဆုံးချိန်တွင် ကျောင်းသား၊ ကျောင်းသူ အများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသား၊ ပြောဆို ဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေဆဲဖြစ်သည့်အတွက် အထက်ပါအတိုင်း အဌမတန်းမှ စကာသင်ရိုးစနစ်နှင့် သင်ကြားမှု စနစ်များပြောင်းလဲ သင်ကြားရန် တင်သွင်းခဲ့ခြင်းဖြစ်သည်။

READ - ရန်ကုန်တက္ကသိုလ်တွင် စာပေဖန်တီး ရေးသားမှုနှင့် တည်းဖြတ်မှုအတတ်ပညာ ဒီပလိုမာသင်တန်း ဖွင့်မည်

မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာကို သူငယ်တန်းမှ စ၍ နေ့စဉ် ထိတွေ့ သင်ကြားခဲ့ သော်လည်း ၉၀ ရာခိုင်နှုန်းကျော်သည် ဘွဲ့ရပြီးသည်အထိ အင်္ဂလိပ်စာ ဖတ်ရှုနိုင်ခြင်း၊ ရေးသားပြောဆိုင်နိုင်သည့် အခြေအနေမျိုး မရှိကြပေ။

နိုင်ငံ၏ အနာဂတ် ပညာရေးတိုးတက်ကောင်းမွန်စေမည့် ဖြစ်သည့်အတွက် အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် လူငယ်များအနေဖြင့် ကျောင်းပညာရေးပြီးဆုံးသည့်တိုင် ပြင်ပ၌ အင်္ဂလိပ်စာကို အခကြေးငွေ ပေးကာ တက်ရောက်နေရသည့် အနေအထားကိုလည်း တစ်ပါတည်း ပြင်ဆင်သွားနိုင်မည်ဖြစ်သည်။

အနာဂတ်၌ နိုင်ငံတကာနှင့် တစ်ပြေးညီရင်ပေါင်တန်းနိုင်မည့် အင်္ဂလိပ်စာ ဘာသာရပ်ကို တတ်ကျွမ်းသည့် အဖိုးတန်မျိုးဆက်များ မွေးထုတ်နိုင်ရေးအတွက် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2614 times