Sales Hotline : 09448001653       Download App



၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းအတိအကျကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်ပေးမည်

၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းအတိအကျကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်ပေးမည်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အချိန်စာရင်းများကို နိုဝင်ဘာ ၁၈ ရက် က လူမှုကွန်ရက် စာမျက်နှာတစ်ခုတွင် ဖော်ပြထားသော်လည်း စာမေးပွဲကျင်းပမည့် ရက်ကို တရားဝင်အတည်ပြု သတ်မှတ်ထားခြင်းမရှိသေးကြောင်း ပြောကြားသည်။

READ - ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအချိန်စာရင်းကို သက်ဆိုင်ရာမှ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေး ဟု ဆို

တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့်ရက်ကို မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက ရွေးချယ်ပြီး ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံး၊ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ညှိနှိုင်းကာ သဘောတူညီ ချက် ရရှိမှသာ အချိန်စာရင်းကို သတင်းစာများမှတစ်ဆင့် တရားဝင်ထုတ်ပြန်ပေးမည် ဖြစ်သည်။

ထိုလူမှုကွန်ရက် စာမျက်နှာတွင် တင်ထားသည့် အချိန်စာရင်းများကို ပညာရေး ၀န်ထမ်းများ အပါအ၀င် facebook သုံးစွဲသူ အများစုက တစ်ဆင့် မျှဝေနေသော်လည်း အချိန်စာရင်း ပါရက်စွဲများသည် အစီအစဉ်မကျဘဲ လွဲမှားနေပြီး လက်ရှိတွင် ညှိနှိုင်းဆဲ အခြေအနေသာရှိသေးကာ မည်သည့်ရက်ဆိုသည်ကို အတည်မပြုရသေးကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 2022 times