Sales Hotline : 09448001653       Download App



၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအချိန်စာရင်းကို သက်ဆိုင်ရာမှ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေး ဟု ဆို

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအချိန်စာရင်းကို သက်ဆိုင်ရာမှ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေး ဟု ဆို

“လက်ရှိမှာ ကျွန်တော်တို့လုပ်နေရတဲ့ လုပ်ငန်းစဉ်တွေက အနည်းငယ်ပဲရှိသေးတယ်။ အဆင့်တွေ အများကြီးကျန်ပါသေးတယ်။ ဒါကြောင့် အချိန်စာရင်းထွက်နေပြီဆိုတာက မဟုတ်သေးပါဘူး။ ဌာကက အတည်ပြုထားတာ မဟုတ်ပါဘူး။ နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လထဲမှာ ကျင်းပတာမှန်ပေမယ့် ဘယ်နေ့မှာ ဘယ်ဘာသာဖြေမယ်၊ ဘယ်နေ့နားမယ်ဆိုတာတွေ ဘာမှမလုပ်ရသေးပါဘူး” ဟုပြောသည်။

READ - တက္ကသိုလ်ပြောင်းရွှေ့တက်ရောက်လိုသူများ ပြောင်းမည့်တက္ကသိုလ်က လက်ခံနိုင်မှသာ ပြောင်းခွင့်ပြုမည်

လက်ရှိတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန အနေဖြင့် အခြေခံပညာဦးစီးဌာနမှ ပေးပို့လာသော တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူဦးရေ စာရင်းများကို တွက်ချက်လျက်ရှိပြီး ကျောင်းသားဦးရေ စာရင်းများ အရ ဖွင့်လှစ်ရမည့် စာစစ်ဌာနများ၊ ထပ်မံလိုအပ်မည့် စာစစ်ဌာနအရေအတွက် များကို စိစစ်နေဆဲသာ ဖြစ်သည်။

လက်ရှိတွင် ၂၀၁၈ ခုနှစ် ဖြေဆိုမည့် ကျောင်းသာ ဦးရေ စာရင်းများမှာ အတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးများမှ ပေးပို့နေဆဲ အချိန်သာ ဖြစ်ကြောင်း သိရသည်။

“ဖြေမယ့် ကျောင်းသားဦးရေကလည်း အခုထိဘာမှ ပြောလို့မရသေးပါဘူး။ တိုင်းဒေသကြီး ပြည်နယ်တွေက ဖြေမယ့် ကျောင်းသားဦးရေတွေကို ပေးပို့နေဆဲမို့ပါ။ အခုအွန်လိုင်းမှာ ပြောနေတာကတွေကတော့ မနှစ်က ဘယ်လောက်ဖြေခဲ့တဲ့ အပေါ်မူတည်ပြီး ပြောနေတာတွေပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 5192 times