Sales Hotline : 09448001653       Download App



သင်ကြားရေး ဆရာ ဆရာမတွေအတွက် ကျောင်းဝတ်စုံတွေ စတင်ထောက်ပံ့

သင်ကြားရေး ဆရာ ဆရာမတွေအတွက် ကျောင်းဝတ်စုံတွေ စတင်ထောက်ပံ့

အခြေခံပညာကျောင်းတွေ အားလုံးက သင်ကြားရေးအပိုင်း ဆရာဆရာမတွေ အားလုံးကို ထောက်ပံ့ပေးမှာဖြစ်ပြီး အခုပညာသင် နှစ်ထဲမှာပဲ စတင်ထောက်ပံ့ပေးတာဖြစ်ပါတယ်။

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးက ဆရာ ဆရာမတစ်ယောက်ကို အထက်အောက်ဝတ်စုံ တစ်စုံနှုန်းပေးမယ်၊ စုစုပေါင်း ဝတ်စုံတစ်စုံနှုန်းကို ကျပ် ၁၀,ဝ၀ဝ နှုန်းနဲ့ ခွင့်ပြုမိန့်တင်ထားတယ်၊ ဒီပညာသင်နှစ်ထဲမှာပဲစပေးမယ်လို့ ပြောပါတယ်။

READ - AGTI ပထမနှစ်သင်တန်းသားများအား အစိုးရက ပညာသင်ထောက်ပံ့ကြေး တစ်လသုံးသောင်းကျပ် ပေးမည်

ဆရာ၊ ဆရာမတစ်ဦးစီအတွက် ကျောင်းဝတ်စုံတစ်စုံစီသတ်မှတ်ထားပြီး အင်္ကျီ အဖြူအတွက်ကိုတော့ ပိတ်စမပေးတော့ဘဲ ငွေသီး သန့် ပေးဖို့လျာထားတယ်လို့ သိရပါတယ်။ 

ဆရာ၊ ဆရာမတွေအတွက် ကျောင်းဝတ်စုံထောက်ပံ့ပေးဖို့ စက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး လုံချည်အစိမ်း တွေကိုလည်း စက်မှုဝန်ကြီးဌာနကို မှာယူထားတယ်လို့ သိရပါတယ်။ 

ဝတ်စုံထောက်ပံ့မှုတွေကို အခုပညာသင်နှစ်အတွင်းမှာပဲ ပြည်နယ်သုံးခုစာအတွက် ပေးပို့ခဲ့ပြီး ကျန်ပြည်နယ်နဲ့တိုင်းဒေသကြီး တွေအတွက် ပြီးပေးပို့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ကျောင်းတွေမှာ ဝတ်စုံတွေထောက်ပံ့ပေးဖို့နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂ရက်နေ့က ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ မိတ္ထီလာမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက နိုင်ငံ့ဝန်ထမ်း ဆရာဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေအားလုံးအတွက်နှစ်တိုင်း ဝတ်စုံစရိတ်ချီးမြင့်ပေးဖို့ အစီအစဉ်ရှိ၊ မရှိမေးမြန်းခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အခြေခံပညာ၊ အဆင့်မြင့်ပညာနဲ့ နည်းပညာနဲ့သက်မွေးပညာစတဲ့ ဦးစီးဌာနသုံး ခုက ဆရာဆရာမပေါင်း ၃၉၆,၄၄၅ ဦးအတွက်ဝတ်စုံတွေကို အခုပညာသင်နှစ်ကစပြီး ထောက်ပံ့ပေးမယ်လို့သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 3688 times